ကချင်ကျောင်းသားများ အစိုးရဆန့်ကျင်ရေး စာကပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
မေ
၂၁ ရက်၊ ၂ဝဝ၉ ခုနှစ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ (၂ဝ၁ဝ)ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ကို တောင်းဆိုထားသည့် ပိုစတာ ကပ်သည့် လှုပ်ရှားမှုကို ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသာျးား သမဂ္ဂက ယမန်နေ့ မနက်ပိုင်းတွင်  မြစ်ကြီးနား မြို၌ ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြိုပေါ်ရှိ ရန်ကြီးအောင်၊ ယုဇန၊ ဒူကထောင်၊ ဧရာ၊ မြိုမ၊ မြိုသစ် စသည့် ရပ်ကွက်(၆)ခုတွင် အ ချက်အချာ ကျရာ လမ်းဆုံလမ်းခွ၊ လက်ရည်ဆိုင်၊ မြိုနယ်ပညာ ရေးမှူးရုံးတို့တွင် ကပ်ခဲ့သည်ဟု ကချင် ကျောင်သား အဖွဲမှ ပြောခွင့်ရ ခေါင်းဆောင် တဦးက ယခုလိုပြောသည်။

အေဖိုးဆိုဒ်အရွယ် လျောက်လွှာစာရွက်တွေမှာ ဆော့ပင်နဲ့ ရေးတယ်။ ဗမလို၊  အင်္ဂလိပ်လိုရေးထား တယ်။ (၁) ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်၊ (၂) ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ ဆိုပြီး ရေးထားတယ်။ အဓိကအချက်အချကျတဲ့နေရာ လူမြင်ကွင်း မှာပေါ့ဗျာ။ အရင်အခေါက်တွေတုန်းက တထက် လူပိုစိတ်ဝင်စားတယ်။ အရင်က သိပ်ပြီးတော့ မကြည့်ဘူး၊ အခုကတော့ လူတွေ ဝိုင်းအုံပြီး ကြည့်တာတွေ ရှိလာတယ်။ စိတ်ဝင်စား ကြပါတယ်။ အဖမ်းအဆီးမရှိပါဘူး။

ယုဇနရပ်ကွက်နေသည့် လူလတ်ပိုင်းအရွယ်အမျိုးသားက အစိုးရဆန့်ကျင်ရေး စာကပ်သည်ကို ကြားမိသော် လည်း မမြင်လိုက်ရကြောင်း ပြောသည်။

လမ်းထိပ်မှာ စာကပ်ထားတယ်လို့ ပြောနေတာနဲ့ သွားရှာသေးတယ်၊  ဟိုရောက်တော့ မရှိတော့ဘူး ကော။ ခွာသွားပြီတဲ့။ မဖတ်လိုက်ရတော့ အတိအကျတော့ မသိဘူးပေါ့နော်။ ဒေါ်စုကို ပြန်လွှတ်ပေးဖို့ တောင်းဆို ထားတယ်လို့ ပြောနေတယ်၊ အခုက ပျောက်ကျား လှုပ်ရှားမှုပဲနဲ့တူတယ်၊ သိပ်မကျယ် ပြန့်ဘူး။

ကချင်ကျောင်းသားများသမဂ္ဂအဖွဲသည် ၂ဝဝ၇၊ စက်တင်ဘာ အရေးအခင်းအတွင်း ဖွဲ့စည်းခဲ့ကာ အစိုးရ ဆန့် ကျင်ရေး ပိုစတာလှုပ်ရှားမှုများ မကြာခဏ  ပြုလုပ်နေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။