|
တာချီလိတ်မြို့တွင်
နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား
ခွန်အောင်မြတ်။
ဇူလိုင်လ ၂၁
ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း
နယ်စပ်မြို့ဖြစ်သည် တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှု ရှိသည်ဟု ယူဆရသူ
သားအဖ နှစ်ဦးအား
တနင်္ဂနွေနေ့က
လုပ်ကြံ
သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
တာချီလိတ်မြို့ ပုံးထုံရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် နေထိုင်သည့်
ဦးလီရှောက်ဝေ (ခေါ်) ဦးစိုင်း
လုံ
အသက် ၅၂ နှစ်နှင့် သားဖြစ်သူ စိုင်းထွန်းလှ အသက် ၂၉ နှစ် တို့အား အမည်မသိ
သေနတ်သမား တ
ယောက်
က
လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု တာချီလိတ် မြို့ခံ တဦးက ပြောသည်။
“ဧည့်ခန်းမှာ
ထမင်းစားပြီးမှ အပြင်မှာ ထွက်စကားပြောနေတဲ့အချိန်မှာ အင်္ကျီအနက်နဲ့ ဘောင်းဘီ
အတိုနဲ့
လူစိမ်းတယောက်က ၀င်လာပြီးမှ ကိုးမမ ပစ္စတိုနဲ့ ဦးလီရှောက်ဝေကို
တချက်ပစ်သွားတယ်။ ဘယ်ဘက်ရင်အုံကနေ ၀င်သွားတယ်။ တချက်။ အဲမှာတင် ပွဲချင်းပြီး
သေတယ်။ ဦးလီရှောက်ဝေရဲ့ မိန်းမဖြစ်တဲ့သူက နောက်ဖေးချောင်ကနေ ထွက်လာပြီး
သူ့ယောက်ျားကို ပြေးပွေ့တယ်။ သူ့သားက အဲဒီ လူသတ်သမားနောက်ကို လိုက်တယ်။
လိုက်တော့ အဲဒီလူသတ်သမားက ပုံးထုံရပ်ကွက် (၄) လမ်းကြားကနေ ထွက်လာပြီးမှ
လာပစ်တာ။ ပစ်ပြီးတော့လည်း အဲဒီ (၄) လမ်းကြားကနေပဲ ပြန်ဝင်
သွားတယ်။ ၀င်သွားတဲ့
အချိန်မှာ ဟာ ဟိုမှာ ပစ်သွားပြီ ပစ်သွားပြီဆိုတာပေါ့နော်။
အဖေ့ကို ဘာလို့
ပစ်တာလဲလို့ ပြောတဲ့အချိန်မှာ
(၃၅)ကိုက် အကွာကနေ သူ့သားကိုတချက်လှမ်းပစ်လိုက်တယ်။ ပစ်တဲ့ အချိန်မှာ သူ့သားက
သူ့ကိုပစ်ပြီဆိုပြီးမှ အိမ်ထဲကို ပြန်အ၀င်ပြေးမှာ နောက်စေ့ကို မှန် တယ်။
နောက်စေ့မှန်ပြီးတော့ လမ်းလယ်ခေါင်မှာ
ပွဲချင်းပြီးသေသွားတယ်။”
မည်သူ့လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်
နိုင်သည်ဟု မြို့ခံများ
က
ဝေဖန်သုံးသပ်နေကြာင်း ၎င်းက ပြောသည်။
“အားလုံးက
ယူဆထားတာကတော့ ဒါက မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ပဲ ယူဆထားတယ်။
တော်ယုံတန်ယုံကိစ္စလောက်လေးနဲ့ကတော့ ဒီလောက်အထိ လာသတ်သွားစရာ အကြောင်းမရှိဘူး
လေ။
ဒီလိုမျိုးဖြစ်စဉ်ဆိုတာက ဖြစ်ခဲတာပေါ့နော်။ တာချီလိတ်မှာ။”
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် လူသတ်မှု
ဖြစ်ပွားသည်ကို အ
တည်ပြုပြောဆိုပြီး အသေးစိပ် ရှင်းပြရန် ငြင်းဆိုခဲ့သည်။
ပုံးထုံရပ်ကွက်သည် တာချီလိတ်နှင့်မယ်ဆိုင် ချစ်ကြည်ရေးတံတားနှင့် တမိုင်ခန့်
အကွာတွင် ရှိကာ လူချမ်း
သာများ နေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားသည့် နေရာသည် ရယက
ရုံးနှင့်နီးသည်ဟု သိရသည်။
ယခုဖြစ်ပွားသည့် လူသတ်မှုသည် မကြာသေးခင်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ကိစ္စ
နှင့် ပတ်သက်မှု ရှိ
သည်ဟု မြို့ခံများနှင့် ရဲစခန်းနီးစပ်သူများက သုံးသပ်ကြသည်။
ဇူလိုင်လ ၁၀ရက်နေ့တွင်
မိုင်းဆတ်မြို့မှ ၀င်ရောက်လာသည့် (၆) ဘီး ကုန်တင်ကားတစီး ပေါ်တွင် ကျပ်ငွေ သန်း
(၅)ထောင် ကျော်တန်ဖိုးရှိသည့် WYတံဆိပ်ပါ
စိတ်ကြွ ဆေးပြား (၃)သိန်း(၄)သောင်းနှင့် ဘိန်းဖြူ
ဘလောက်တုံး
(၂၁၇၇)တုံး
သိမ်းဆီးရမိ ခဲ့သည်။
အလားတူ ယခု
ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း စိတ်ကြွဆေးပြား (၁၅၆၀၀၀) ကျော် ဖမ်းဆီးရမိခဲ့သည်။
|