၂လသားကလေးအပါအ၀င် ကရင် အရပ်သား ၃၈ယောက်ကို စစ်တပ်က သတ်ဖြတ

သတင်းနှင့်မီဒီယာကွန်ယက်
သဂုတ်လ ၂၁ရက် ၂၀၀၇ခုနှစ်

မြန်မာစစ်အစိုးရသည် တောင်ငူခရိုင်တွင် စစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်နေပီး ယခုနှစ် ဇန်န၀ါရီလမှ မေလ တွင်း ၂လသားအရွယ်ကလေးတဦးအပါအ၀င် ကရင်လူမျိုး အရပ်သား ၃၈ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကရင် လူအခွင့်အရေးအဖွဲ (KHRG)က ယနေ အစီရင်ခံစာထုတ်ပြန်လိုက်သည်

KHRG က တောင်ငူခရိုင်မှ အရပ်သားများ အခြေအနေကိုဖော်ပြထားသော Landmines, killings and food destruction: Civilian life in Toungoo district အမည်ရှိ အစီရင်ခံစာကို ၄င်းတို့၏ အင်တာနက်စာမျက်နှာ(www.khrg.org)မှတဆင့် ယနေထုတ်ပြန်လိုက်ခြင်းဖြစ်သည်

သတ်ဖြတ်ခံရသည့် သူများတွင် ကလေး၃ဦးပါဝင်သည်ဟု KHRG ပြောရေးဆိုခွင့်ရှိသူ စောပိုရှန်းက ယခုလို ပြောသည်

သတ်ခံရတဲ့ ၃၈ယောက်မှာ သုံးယောက်က ကလေးပေါ့နော် တယောက်ကတော့ ၂လမှာ

အခြားကလေးနှစ်ဦးမှာ အသက် ၇နှစ်နှင့် ၁၅နှစ်အရွယ်ဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်

ယခုကဲ့သိုသတ်ဖြတ်ခံရသော ရွာသားများမှာ စစ်အစိုးရ ပေါ်တာစေခိုင်းမှု၊ အတင်းအကျပ်နေရာရွေပြောငှ်းုနှင့် အခြားညှင်းပန်းနှိပ်စက်မှုများကို မခံလို တောတောင်များအတွင်း လှည့်လည်ပုန်းအောင်းနေထိုင်သော IDPs များဖြစ်ကာ ၄င်းတိုကို ကရင် အမျိုးသား အစည်းအရုံး( KNU)ကို ကူညီသူများအဖြစ် မြန်မာအစိုးရ တပ်ဖွဲက  သတ်မှတ်ကာသတ်ဖြတ်ခြင်းဖြစ်သည်ဟု KHRG အဖွဲ မှ နော်ရီဘက်ကာက ပြောသည်

နအဖကနေ ဘယ်လိုပြောလဲဆိုတော့ ဒီရွာသားတွေဟာဆိုရင် ကေအဲန်ယူရဲ့ ကျောရိုးဖြစ်တာပေါ့လေ ကေအဲန်ယူအတွက် အထောက်အကူပြုတဲ့သူတွေ ဒါကောင့်မိုသူက တိုက်ထုတ်ချင်တယ် ဒါပေမယ့် ဒီရွာသားတွေက ကေအဲန်ယူအတွက် ဘာမှ မဟုတ်ဘူးလေ ဘာမှ ကူညီတာမရှိဘူး သူတိုကို သက် သက်လာတိုက်ထုတ်တာပဲလာပီးတော့ သတ်ဖြတ်တာပဲ အဓိကကတော့ ဒီရွာသားတွေကို ချုပ်ကိုင် လို ရအောင်ပေါ့လေ

ကရင်အရပ်သားများသည် တောင်ယာစပါးခင်းများ အလုပ်လုပ်ကိုင်နေစဉ် တောတောင်အတွင်း ဟင်းသီး ဟင်းရွက်ရှာဖွေစဉ် သိုမဟုတ် ခရီးသွားနေစဉ် မြန်မာအစိုးရတပ်ဖွဲတွေရှိပါက ပစ်ခတ်သတ်ဖြတ်ခံကရပီး အချိုမှာ မြေမြုပ်မိုင်းနင်းမိသေဆုံးကရကာ အစိုးရတပ်နှင့် ကေအဲန်ယူတပ်များသည် တောင်ငူခရိုင်အတွင်း တွင် မြေမြုပ်မိုင်းများ သုံးစွဲနေကောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်

ထိုပြင် မြန်မာအစိုးရတပ်ဖွဲဝင်များသည် ရွာသားများအား စုစည်းကျေးရွာများသို လာရောက် နေထိုင်စေရန် တောင်ယာစပါးခင်းများနှင့် ရွာသားများသိုလှောင်ထားသော စပါးကျီများကို ရှာဖွေ ဖျက်ဆီးပစ်နေကောင်း ထိုကာင့် ရွာသားများမှာ အငတ်ဘေးနှင့် ရင်ဆိုင်ရကာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုကသည်စခန်းများသို ထွက်ပြေး လာကကောင်း ယင်းအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်

အစီရင်ခံစာကို KHRG မှ သတင်းအချက်အလက်ကောက်ယူသူများက တောင်ငူခရိုင်ရှိ ဒေသခံများနှင့် ဒုက သည် စခန်းသို ရောက်ရှိလာသူများကို တွေဆုံမေးမြန်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု နော်ရီဘက်ကာက ပြော သည်

ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်းဒုကသည်များ(IDPs)ကို Free Burma Ranger ခေါ် လူမှုကူညီရေးအသင်းက ၂၀၀၆ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော မြန်မာစစ်တပ် ထိုးစစ်ကောင့် ယခုအခါ ကရင် IDPs ၃သောင်း ကျော်ရှိလာနေသည်ဟု သတင်းထုတ်ပြန်ထားသည်

မြန်မာစစ်အစိုးရသည် ပြည်ပအခြေစိုက် လူအခွင့်အရေးအဖွဲနှင့် အမျိုးသမီးအဖွဲ အစည်းများမှ ထုတ်ပြန်သော အစီရင်ခံစာများကို မဟုတ်မမှန် လုပ်ကံရေးသားထားမှုများဖြစ်ကောင်း အစဉ်တစိုက် ငြင်းဆိုခဲ့သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။