|
ကော့သောင်းမြို့နယ်
ကားချောဆွဲခံရမှုများပြားသဖြင့် ကားသမားများ အခက်တွေ့
ဇာဇာမော်။
သြဂုတ်လ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ်
ကော့သောင်းမြို့နယ်၌ ယခုလအတွင်း ကားချောဆွဲခံရမှုပိုမိုများပြားလာခြင်းကြောင့်
ကား သမားများ အခက်အခဲဖြစ်နေသည်။
ကားသမားများအနေနှင့်
ကားချောဆွဲခံရမှုများကို နေ့စဉ်ကြုံတွေ့နေကြရပြီး ပုံမှန်ဝင်ငွေလည်းမရ ဖြစ်နေကြရ
သည်ဟု ချောဆွဲခံရသည့် ကားသမားတဦးက ယခုလိုပြောသည်။
“ကားတစ်ခေါက် ချောဆွဲပါသွားရင် ဓါတ်ဆီကို မိုင်နှုန်းနဲ့တွက်ပြီးအတိအကျပေးတော့
အခက်အခဲ တွေ့ပြီး အဆင်မပြေဖြစ်တယ်။ ချောဆွဲရင် ကားရောလူရောခေါ်သွားတယ်။ ချော
တစ်ခေါက်ပါရင် ၄ ရက်လောက်တော့ ကြာတယ်။ လမ်းခရီးမှာကားတစ်ခုခုဖြစ်ရင်လဲ
ကိုယ့်စရိတ်နဲ့ ကိုယ်ပဲပြင်ရတယ်။ သူတို့ဘာမှထောက်ပံ့မှုမရဘူး။ ကုန်ကျစရိတ်လည်း
များတယ်။ အလုပ်လည်းပျက်တယ်။”
ဗျူဟာမှူး၏ အမိန့်အရ
မော်တော်ယာဉ်ထိန်းသိမ်းရေးအသင်း(မထသ) တာဝန်ခံများမှ တဆင့် ကားချောလိုက်
ရန်ဆင့်ခေါ်ခြင်းဖြစ်သည်။
ထိုသို့ဆင့်ခေါ်ရာ၌
အတင်းအကျပ်ခေါ်ယူရာမှ ကားသမားအချို့နှင့် မထသ တာဝန်ခံတို့ ခိုက်ရန်
ဖြစ်ပွားမှုများရှိ နေသည်။
“အရင်က တရက်ဝင်ငွေ
တစ်သောင်းနှစ်သောင်းလောက်ရတယ်။ အခုချောလိုက်ရတော့ ရှစ်ထောင် လောက်ဘဲ ရတော့တယ်။”
ဟု အဆိုပါ ကားသမား ကဆက်ပြောသည်။
ကော့သောင်းမြို့နယ်အတွင်း၌ ကားအစီးပေါင်း ၇၀ ခန့်ရှိ၍ ခရီးဝေးသွားသည့်ကားအစီး
၃၀ ခန့်ကိုသာ ချောဆွဲ ခြင်းဖြစ်ပြီး မြို့တွင်းပြေးဆွဲနေသည့်လိုင်းကားများ
ချောဆွဲခံရခြင်း မရှိပေ။
|