|
ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ရေး သံဃာအဖွဲ့က တောင်းဆို
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ပတ္တနိက္ကုဇ္ဖန ကံဆောင်
ကမ္မ၀ါဖတ်ရွတ်ဖတ်ခြင်း အမှုကို အောင်မြင် ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တိုက်ပွဲ
ဝင်ရန်နှင့် သံဃာများ ဦးဆောင်သော လူထုတပ်ပေါင်းစု အမြန်ဆုံး ဖွဲ့စည်းရန် ယနေ့
ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
မြန်မာစစ်အစိုးရအား
တိုက်ပွဲဝင်ရာတွင် အောင်မြင်ရန် ညီညွှတ်ရေးသည် အရေးကြီးကြောင်း သံဃာ့
တပ်ပေါင်းစု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဟန်းတော်က မိန့်ကြားသည်။
“ဒီညီညွှတ်ရေး
အားလုံးညီညွှတ်ရေး လူထုတရပ်လုံး သံဃာထုတရပ်လုံး ညီညွှတ်ရေး၊ ယုံကြည်မှု ပေါ့နော။
ယုံကြည်မှုဆိုတဲ့ အချက်ရယ်၊ ဆန္ဒာဓိပတိ ပါဠိမှာတော့ ဆန္ဒာဓိပတိပေါ့၊ ထက်သန်တဲ့ ဆန္ဒ
ပေါ့။ တစုံတခုကို ရယူဖို့အတွက် ထက်သန်တဲ့ ဆန္ဒာဓိပတိပေါ့။ ဒီသုံးချက် အင်မတန်
အရေးကြီး တယ်။ အဲသုံးချက်မှာ လူတိုင်းလူတိုင်း မှာ၊ အိမ်တိုင်းအိမ်တိုင်း၊
မြို့တိုင်းမြို့တိုင်း၊ ရွာတိုင်းရွာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
သံဃာထုရော လူထုရော အားလုံး အဲဒီသုံးချက်နဲ့ ညီညီ ညွှတ်ညွှတ် ရင်ထဲမှာထည့်ပြီးတော့
စိတ်ထဲ ကိုယ်ထဲမှာထည့်ပြီးတော့ စိတ်ရောရုပ်ရော ထည့်ပြီးတော့ မြို့လိုက်ရွာလိုက်
ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်၊ အိမ်တိုင်းမှာ လုပ်ကြမယ်ဆိုရင် ဒါ
အောင်မြင်မယ်။”
ယနေ့ထုတ်ပြန်သော
ကြေညာချက်၌ မြန်မာနိုင်ငံတွင် မေတ္တာဓာတ်များ အားကောင်းလာစေရန်နှင့်
ငြိမ်းငြိမ်းချမ်း ချမ်းဖြစ်ကြစေရန် ယခုလ ၂၃ ရက်နေ့ ည(၈)နာရီတွင်
လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း
အေးချမ်းကြပါစေဟူသော မေတ္တာစာနှစ်ပိုဒ်ကို အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝနှင့်
ဝရန်တာများသို့ ထွက်၍ မိသားစုလိုက် ကျောင်းတိုက်လိုက် ၁၅ မိနစ်တိတိ
ရွက်ဆိုကြရန် တိုက်တွန်းထားသည်။
သံဃာတော်များ
လမ်းလျှောက်ဆန္ဒပြရာတွင် လူထုကို ထိခိုက်မှု ရှိလာမည်နိုင်၍ သံဃာများက
တားမြစ်ခဲ့သည်။ ယင်းကို လူအချို့ အားမလိုအားမရဖြစ်ကာ အထင်အမြင်လွဲ မှားမှုများ
ရှိလာ၍ သံဃာထုနှင့် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်နိုင်ရန် ယခုလို
တိုက်တွန်းခြင်းဖြစ်သည်ဟု သံဃဒူတအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်
မိန့်ကြားသည်။
ယခုလ ၁၈ ရက်နေ့မှ
ယနေ့အထိ ရန်ကုန်၊ ပဲခူး၊ စစ်တွေ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ကလေး၊ မုံရွာ စသည့်
မြို့များတွင် ရဟန်းသံဃာတော်များ ဆန္ဒပြရာတွင် ထောင်ပေါင်းများစွာသော
ပြည်သူလူထုများ ထောက်ခံ အား ပေးခဲ့ကြသည်။
ယခင်လအနှောင်းပိုင်းက
ပခုက္ကူ သံဃာတော်များက ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ မေတ္တာပို့ဆုတောင်းခဲ့
သည်ကို အာဏာပိုင်များက ဖမ်းဆီးရိုက်နှက်ခဲ့သည်။ ယင်းကို စစ်အစိုးရက
ဝန်ချတောင်းပန်ခြင်းမရှိခဲ့၍ သံဃာ တော်များက ပတ္တနိက္ကုဇ္ဖနကံဆောင်
သပိတ်မှောက်ခဲ့သည်။
|