|
လယ်ယာမြေတာဝန်ကျ မပခလက်အောက်ခံ စစ်သားများ ဂိတ်ကြေးကောက်၊ မြေငှားရမ်းကာ
စီးပွားရှာနေကြ
သတင်းနှင့်မီဒီယာ ကွန်ယက်။
အောက်တိုဘာလ၂၁ရက်၊ ၂ဝဝ၉ ခုနှစ်။
ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ
တုန်ဖုံးယန်မြို့နယ်ခွဲအတွင်း ခါယန် ကျေးရွာနှင့် ဧရာဝတီ မြစ်ကမ်းဘေးရှိ
ဆွန်ပူကျေးရွာအကြား လမ်းတလျောက်တွင် စစ်တပ်မှ ဂိတ်ကောက်ခြင်း၊ မြေကွက် ငှားရမ်း
စား ခြင်းများလုပ်နေသည်။
လယ်ယာမြေများတွင် တာဝန်ကျနေသည့် စစ်သားများက မြေငှားရမ်းစားခြင်း၊ အခွန်
ကောက်စားနေခြင်းနှင့် ပတ် သက်၍ ဒေသခံတဦးက ယခုလို ပြောသည်။
“အဲဒီလမ်းမှာ တရုတ်က ငှက်ပျောလာစိုက်တာရှိတယ်၊ လူကြီးတွေရဲ့ခြံမြေတွေရှိတယ်၊
တိုင်းက လယ် ယာ စစ်တပ်ကလယ်ယာတွေရှိတယ်၊
အဲဒီစစ်တပ်ကလယ်လုပ်နေတဲ့အဖွဲ့တွေကလမ်းဘေးမှာ ဆယ်ပေ ပတ်လည်တကွက်ကို နှစ်သောင်း၊
သုံးသောင်း မြေငှားရမ်းပေးတယ်၊အလုပ်လက်မဲ့တွေ အဲဒီမှာ ပလပ် စတစ်တဲထိုးပြီးမှ
ဈေးဆိုင် ရောင်းတာတို့၊ ဂိတ်ကြေးကောက်တာတို့ လုပ်နေကြတာ။”
ဟု လိုင်ဇာ ဒေသ ခံတဦးက ပြောသည်။
ဗန်းမော်-မြစ်ကြီးနား ကာလမ်းပေါ်ရှိ ဗန်းမော်မြို့မှ မိုင်(၆ဝ)ကျော်အကွာ
ခါယန်ကျေးရွာမှ အနောက်ဘက် ဧရာဝ တီမြစ်ဘက်သို့ သွားရာ လမ်းတလျောက်တွင်
တရုတ်စီးပွားရေးသမား နှင့် ဗိုလ်ချုပ်သားသမီးများပိုင်သည့် ငှက် ပျောခြံများ၊
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ပိုင် လယ်ယာမြေများရှိနေပြီး
အဆိုလယ်ယာမြေများတွင် တာဝန် ကျနေသည့် စစ်သားများက ယခုလို
လုပ်ဆောင်နေခြင်းဖြစ်သည်။
ခါယန်ကျေးရွာနှင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဖူးရှိ ဆွန်ပူကျေးရွာသည် (၅၂)မိုင်
ဝေးကွာ ပြီး ကျောက်ခင်း လမ်းဖြစ်ကာ တရုတ်-မြန်မာနယ်စပ်လိုင်ဇာသို့ လာရာ
မှောင်ခိုကုန်သွယ်ရေး လမ်းကြောင်းတခုလည်း ဖြစ်သည်။
ယခုနှစ်
ပွင့်လင်းရာသီအတွင်း သစ်များ စတင်ခုတ်လာသလို ကျွဲ၊ နွားများ မှောင်ခို
ခိုးထုတ်နေပြီး အဆိုပါလမ်းကို အသုံးပြုနေချိန်တွင် လယ်ယာမြေတာဝန်ကျ စစ်သားများက
ဂိတ်များ အများအပြားဖွင့်ကာ ငွေကောက်နေသည် ဟု အဆိုပါ ဒေသခံက ပြောသည်။
“အဲဒီလမ်းမှာ သစ်ကားတွေဘာတွေ ဖြတ်တယ်၊ ဂိတ်ကြေးကောက်နေကြတာ။ ဆွန်ပူနဲ့ ခါယန်
ကြား မှာ (၃၃)ဂိတ်ရှိတယ်။ တဖက်ကလယ်လုပ်တယ်၊ လယ်ထဲမှာမနေဘဲနဲ့ လမ်းပေါ်ထိုင်ပြီး
ပိုက်ဆံတောင်း တယ်။ ကျွန်းကားတို့၊ သံမလန်း သစ်ကားတို့ဖြတ်တယ်။”
ဆွန်ပူနှင့် ခါယန်ကျေးရွာအကြားတွင်
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် သမီး၏
အမြွာကုမ္ပဏီ၊ ယခင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့်၏ သမီး၏
သီရိကုမ္ပဏီအပါအဝင် တရုတ်စီးပွား ရေးလုပ်ငန်းရှင်များက လွန်ခဲ့သည့်
သုံးနှစ်ကျော်ခန့်က စတင်၍ ငှက်ပျောစိုက်ပျိုးရေးကို ဧက ထောင်နှင့်ချီ
စိုက်ပျိုးနေကြပြီး ထွက်ရှိလာသည့် ငှက်ပျောခိုင်များကို တရုတ်ပြည်ဘက်သို့
တင်ပို့ နေသည်။
|