|
အလုပ်သမားအခွင့်အရေး တောင်းဆိုချက်ကို
မဲဆောက်အာဏာပိုင် ဆုံးဖြတ်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံ၌ ဖြစ်ပွားသည့်
ဆန္ဒပြမှုနှင့် ပတ်သက်၍ ဒေသခံထိုင်း
အာ
ဏာပိုင်များက အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများကို အလုပ်ရုံပိုင်ရှင်မှ
လိုက်လျောရမည်ဟု ဆုံးဖြတ်ပေး
လိုက်သည်။
အလုပ်သမားအခွင့်အရေးဆုံးရှုံးနစ်နာမှုများအား တောင်းဆိုရန် ယနေ့နံနက်တွင်
မဲဆောက်မြို့ အနောက်ဖက် ၀မ့်စကင်းရွာ ဘုန်းကြီးကျောင်း၌ အလုပ်သမား ၂၅၀၀ ခန့်
စုရုံးဆန္ဒပြခဲ့ကြသည်။
မဲဆောက်မြို့ပိုင်နှင့် ရဲမှူးကြီးတို့က အလုပ်သမား ခေါင်းဆောင် ငါးဦးအားခေါ်ယူ
ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် တောင်းဆိုချက် ၈ ချက်ကို
အလုပ်ရုံပိုင်ရှင်မှလိုက်လျောရမည်ဟု ဆုံးဖြတ်ခဲ့ပြီး ဆန္ဒပြအလုပ်
သမားထုအား ရှင်းပြခဲ့သည်ဟု စက်ရုံ အလုပ်သမတစ်ဦးက ယခုလို ပြောသည်။
“ဆန္ဒတော့
ပြတုန်းပဲ။ သမီးတို့
OT (အချိန်ပိုအလုပ်) ကြေးတွေလည်း မရသေးလို့။ သူတို့
ဥပဒေ
အ
တိုင်း
လုပ်ပြီးတော့ ဥပဒေအတိုင်း မပေးထားဘူးလေ။
OT
ဆိုလို့ရှိရင်လည်း
ည ၁၂ နာရီ ၁ နာရီ အ
ထိ
ခေါ်တယ်လေ။ ပြီးရင်သူတို့ ဘတ်
(အလုပ်သမားလက်မှတ်)
ဖိုးဖြတ်တာ နဲ့ ဘာနဲ့။ ပြီးတော့ ဘတ်
ကိုကျတော့လည်း ၃ လတစ်ခါပဲပေးတယ်လေ။ တစ်နှစ်တစ်ခါ လုပ်ထားတဲ့ဟာမဟုတ်ဖူး။ ပြီးရင်
ဘတ်
အစစ်လည်းကိုင်ရတာမဟုတ်ဖူး။
သူတို့ မိတ္တူကူး ထားတဲ့ဟာ ကိုင်ရတာ။ အခုတော့ အစစ်တောင်း
ထားတယ်။”
တောင်းဆိုချက်များမှာ(၁) တနင်္ဂနွေနေ့ အချိန်ပိုအလုပ်မဆင်းရန်၊ ဆင်းရပါက လုပ်အားခ
သုံးဆပေးရန်၊ (၂) အစိုးရတရားဝင်ရုံးပိတ်ရက်များတွင် အလုပ်နားခွင့်ပေးရန်၊
အလုပ်လုပ်ခိုင်းပါက လုပ်အားခသုံးဆပေးရန်၊ (၃) အ
လုပ်သမားများအား ညှင်းပန်းနှိပ်စက်ခြင်း မပြုရန်၊ (၄) အလုပ်သမားများအား
အချိန်ပိုအလုပ်ခိုင်းစေပါက သတ်
မှတ်ချိန်ထက် ပို၍မခိုင်းရန်၊ (၅) အလုပ်သမားအားလုံးအား အလုပ်သမားမှတ်ပုံတင်အစစ်
ကိုင်ဆောင်ခွင့် ပေး
ရန်၊
(၆)
ဆန္ဒပြသည့်ညက စက်ရုံတွင်းရှိပျက်စီးဆုံးရှုံးမှုများအား အရေးမယူရန်၊
(၇)
ရေ၊ မီးအပါအ၀င် အလုပ်
သမားများအား ထုတ်ပေးထားသည့် သုံးအဆောင်ပစ္စည်းများ လုံလောက်စွာထုတ်ပေးရန်နှင့်
ကျန်းမာရေးစောင့်
ရှောက်မှုပေးရန်၊
(၈) ငွေကြေးဖြတ် တောက်မှုများအား လျော့ပေါ့ရန်နှင့် လုပ်ခလစာတိုးမြှင့်ပေးရန်
စသည်တို့ ဖြစ်သည်။
ထိုတောင်းဆိုချက်များနှင့်ပတ်သက်၍ အလုပ်ရှင်ကလည်း လိုက်လျောမည်ဟု ကတိပေး
ခဲ့သည်။
တောင်းဆိုချက်များရရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ပိုမိုကောင်းမွန်သည့်
အချက်နှင့် ပတ်သက်၍ အလုပ်သမား
အရေးကူညီပေးနေသည့် ကိုမိုးကြိုးက ယခုလိုသုံးသပ် ပြောဆိုသည်။
“ကျနော်တို့
ကျေနပ်မိတာ နှစ်ခုတော့ရှိတယ်။ အလုပ်သမားတွေဖျက်ဆီးထားတာတွေကို လုံးဝ အရေး
မယူဘူး။
နောက် ဒီအလုပ်သမားတွေ ၄ ရက်ပျက်တာပေါ့နော်။ အဲဒါအပေါ်မှာ
လုပ်အားခလုံးဝ မဖြတ်
ဘူးဆိုတဲ့အချက်တွေက
တော်တော်ကောင်းပါတယ်။”
အမျိုးသမီး
အတွင်းခံအင်္ကျီချုပ်
စက်ရုံ Top Form Brassier Mae Sot Co. Ltd
တွင် ယခုလ ၁၈
ရက်နေ့ညက စက်ရုံလုံခြုံရေးဝန်ထမ်းက စက်ရုံအလုပ်သမား၏အစ်ကိုအား ရိုက်နှက်မှုကို
မကျေနပ်၍ ဆန္ဒပြခဲ့ရာမှ အလုပ်သ
မားအခွင့်အရေး ဆုံးရှုံးမှုများကို
ဆက်လက် တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားစဉ်က ရိုက်နှက်ခံရသူသည် ဒဏ်ရာဖြင့် ပျောက်ဆုံးနေပြီး ယနေ့တွင်
ဆွေမျိုး မိသားစုများနှင့် ပြန်
ဆုံတွေ့ပြီဖြစ်ကြောင်းနှင့် အမှုကိစ္စအား အာဏာပိုင်များ ကဆက်လက် ဖြေရှင်းပေးမည်ဟု
အခြားအလုပ်သမ
တစ်ဦးက ယခုလိုပြောသည်။
“အဲဒီလူနှစ်ယောက်က
မသေဘူး။ မသေတော့ သူငယ်ချင်းအပေါင်း အသင်းတွေက သူ့ညီမတွေဆီကို ခေါ်လာခဲ့တော့
သူတို့ကိုတွေ့တယ်။ သူတို့ကိုဆေးကုပေးမယ်တဲ့။ အဲဒီကိစ္စက ရဲတွေနဲ့ပဲပတ်သက်
တော့ သူတို့ဆက်လုပ်ပေးသွားမယ်။”
အလုပ်သမားများအနေနှင့် တောင်းဆိုမှုများ ရရှိသည့်အတွက် ဆန္ဒပြပွဲအား နေ့လည်
တစ်နာရီ အချိန်ခန့်က ရုတ်သိမ်းလိုက်ပြီး
နောက်တစ်နေ့ မှစတင်၍ အလုပ်ပြန်ဆင်း ကြမည်ဖြစ်သည်။
|