|
လောင်းကစားဝိုင်းများကြောင့်
ဒေသခံများ စာရိတ္တထိခိုက်
ခွန်အောင်မြတ်။
ဇန်န၀ါရီလ
၂၂ ရက်၊
၂၀၀၈ ခုနှစ်။
ဖားအံမြို့နယ်
ဇာသပြင်ကျေးရွာရှိ ကြိုးတံတားပြုပြင်ရေးအတွက်
ရံပုံငွေကောက်ယူရန် အကြောင်းပြချက်ဖြင့်
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ
တပ်မတော်(ဒီကေဘီအေ)က လောင်းကစားဝိုင်းများဖွင့်လှစ်နေ၍
ဒေသခံရွာ သားများ အကျင့်စာရိတ္တပျက်ပြား
ရသည် ဟု ဇာသပြင် ရွာသူတဦးက ပြောသည်။
“ကြိုးတံတားကိုပေါ့နော်
သူတို့ပြင်ပေးမယ်။
သူတို့ အဲဒီရွာနဲ့ ပေါင်းပြီးတော့
သူတို့
အဲဒီတံတားကို ပြင်ပေးမှာပေါ့။ အဲဒါ ဒီကေဘီအေက သူတို့
သိန်းတစ်ထောင်ပေးမယ်။
အဲဒီ
အာဝါဒေး လောင်းက
စားဝိုင်းကို ဖွင့်လို့
ရရင်ပေါ့နော်။
အဲဒီ ကျေးရွာသူကြီးကို
ပြောတော့ ကျေးရွာသူကြီးက
ခွင့်ပြုတယ်။
သူတို့က တံတားလည်းပြင်မှာပေါ့နော်။
ဒါပေမယ့် အဲဒီိ တံတားကို ရွာက ပိုက်ဆံနဲ့ပဲ ပြင်တာများ
တယ်။ ဘယ်လောက်ပဲ ကုန်ကျလဲဆိုရင်
အများဆုံးပေါ့နော် ဆယ့်သုံးသိန်းလောက်ပဲ ကုန်တယ်။
အဲဒီမှာ ဒီကေဘီကေ ပိုက်ဆံက နှစ်သိန်း သုံးသိန်းလောက်ပဲ ပါတယ်။
ကျန်တာ ရွာသားပိုက်ဆံတွေ ချည်းပဲ။”
ဒီကေဘီကေက ဦးဆောင်ကာ
မြို့နယ်အာဏာပိုင်၊
ဇာသပြင် ကျေးရွာ ဥက္ကဌတို့
ပူးပေါင်းပြီး
လောင်းကစားဝိုင်း
များကို
ဒီဇင်ဘာလ စတင်ကာ သုံးလတိတိဖွင့်လှစ်မည် ဖြစ်သည်။
လောင်းကစားဝိုင်းကို လာရောက် ကစားကြသူအချို့သည်
သိန်းနှစ်ဆယ်၊
သုံးဆယ်ကျော် ရှုံးကြကာ
ကြက်တိုက်
ပွဲတပွဲလျှင်
လောင်းကြေး
သိန်းတစ်ရာအထိ ရှိပြီး
အကောက် ဆယ်ရာခိုင်နှုန်း
ကောက်ခံသည်ဟု သိရသည်။
လောင်းကစားဝိုင်းများဖွင့်လှစ်ထားမှုကြောင့်
ကျေးရွာသားများ အကျင့်စာရိတ္တများ
ချို့ယွင်းကုန်သည်ဟု ၄င်းက ဆက်လက်ပြောသည်။
“ဆိုးကျိုးတွေတော့
များတယ်။
ဘယ်လို ဆိုးကျိုးလည်းဆိုလို့ရှိရင်
အဲဒီ အနီးအနားတ၀ှိုက်မှာ
ရှိတဲ့ ရွာ
တွေရော
ပေါ့နော် ဥပမာ ကျမသိသလောက် ကျမတို့
ရွာလိုမျိုး၊ ကော့ကျိုက်လို ရွာလိုမျိုး အဲဒီ ဇာသ
ပြင် ဘုရားအနားမှာ ရှိတဲ့ ရွာမှာဆိုရင် ကျမတို့ရွာမှာဆိုရင်
အရင်တုန်းက သူခိုးဆို သိပ်မရှိဘူးလေ။ အခု
သူခိုးတွေရှိလာတယ်။ ပြီးရင်
ဘယ်လိုဖြစ်လဲဆိုရင် ဥပမာ ကျမတို့ရွာကလူပေါ့နော်
အဲဒီအစ်ကို တစ်ယောက်ဆိုရင် သူအိမ်ဆောက်ဖို့အတွက်
ဘန်ကောက်ကနေ ပြန်လာတယ်။ သူပိုက်ဆံရှိတယ်
ဆို တော့ အဲဒီလောင်းကစားဝိုင်းတွေမှာ
သွားကစားလိုက်တော့ သိန်းရှစ်ဆယ်လောက် ကုန်သွားတယ်။
အိမ်ဆောက်လို့ မဖြစ်တော့ဘူး။
အဲဒီလိုမျိုး။”
လောင်းကစားဝိုင်း ရက်ရှည်ဖွင့်လှစ်ထားလျှင်
မိမိတို့၏
ကလေးနှင့် ကာလသားများ အကျင့်စာရိတ္တ
ပျက်ယွင်း ကုန်မည်ကို စိုးရိမ်ကြသော်လည်း
အာဏာပိုင်များကို
တိုင်တန်းမှုများ
မပြုရဲသဖြင့် ကျေးရွာလူကြီးမိဘများက
စိုး
ရိမ်နေကြသည်။
ဒီကေဘီအေထိန်းချုပ်ထားသည့် နယ်မြေအတွင်း
ပွဲလမ်းသဘင်များ ထားရှိလျှင်
လောင်းကစားဝိုင်းများ ပါရှိသည် မှာ မထူးဆန်းတော့ကြောင်း
အမည်မဖော်လိုသည့် ဒီကေဘီအေ အရာရှိတဦးက ပြောသည်။
“လောင်းကစားတော့
ပွဲတိုင်းပါတယ်။
လောင်းကစားတ၀ိုင်းကို ကျနော်တို့ ဒီအဖွဲ့အစည်းက
လုပ်နေ ကြတာ
တ၀ိုင်းကို သုံးသောင်း၊
တစ်သောင်းခွဲ၊ ငါးသောင်း၊
ခြောက်သောင်းအထိ ရှိတယ် လက်ကြီး
(၇-ဂ) သောင်း။
ဒီလိုလုပ်မှ စားရမယ်လေ ဒီအဖွဲ့အစည်းက။
အားလုံးလုပ်တယ်၊ မြ၀တီကဆိုရင်
လည်း ဒီကမ်းနဖူးနားက ကိုးသုံးလုံးဂိတ်တို့
ဗဟိုဌာနချုပ်တို့လုပ်တယ်။”
အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့်
တာချီလိတ်မြို့တွင်လည်း
လောင်းကစားဝိုင်းများကို ထောင်ချီဖွင့် လှစ် ထားပြီး
ဒေသခံ အာဏာပိုင်များက
အရေးယူခြင်းမရှိသည့်အပြင် အခွန်ကောက်ယူနေသည်။
|