|
မဲဆောက် အမှိုက်ပုံတွင်
ဗုံးကွဲ၍
မြန်မာနိုင်ငံသား ၁၃ ဦး ဒဏ်ရာရ
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၂၂ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းနယ်စပ် မဲဆောက်မြို့ပြင်ရှိ
အမှိုက်များစုပုံစွန့်ပစ်ရာနေရာတွင်
ယနေ့နံနက်
၈ နာရီ ခွဲခန့်
ဗုံးပေါက်ကွဲမှု
ဖြစ်ပွားပြီး
မြန်မာနိုင်ငံသားကလေးငယ် ၃ဦး အပါအ၀င် ၁၃ ဦးခန့်
ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မဲဆောက်မြို့အနောက်မြောက်ဖက်ရှိ
ဘန်းဆောင်ခွဲကျေးရွာ ဆောင်ခွဲ (၁)ရပ်ကွက်ရှိ အမှိုက်ပုံတွင်ပေါက်ကွဲခြင်း
ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့်
အမှိုက်ကောက်နေကြသည့်
မြန်မာနိုင်ငံသား ကလေးသုံးဦး အပါအ၀င် အမျိုးသား (၈)ဦး အမျိုးသမီး (၅) ဒဏ်ရာရရှိခဲ့ပြီး
ယခု မဲဆောက် ဆေးရုံကြီးတွင်
ကုသမှု
ခံယူနေသည်။
ပေါက်ကွဲသည့်ဗုံးသည် မဲဆောက်မြို့တွင်းတွင်
အမှိုက်များကို
လိုက်သိမ်းသည့် စည်ပင်သာယာကားနှင့် အတူပါ
လာခြင်းဖြစ်သည်ဟု ဗုံးပေါက်ကွဲချိန်တွင် အမှိုက်ကောက်နေသူ
ဦးခင်မောင်မြင့်က ပြောသည်။
“ဒီမနက်
၈ နာရီခွဲလောက်မှာ (၈)စီးမြောက်ကားပေါ့။
တစီး၊
နှစ်စီး၊
သုံးစီး၊
ရှစ်စီးမြောက် ကားမှာ အဲ
မှာ
ကားပေါ်က အမှိုက်တွေ
သွန်ချပြီး
ငါးမိနစ်လောက်အကြာမှာ
ထပေါက်သွားတာပဲ။
ကားစိမ်းပေါ့ ကားနံပါတ် ကတော့ (၇၇၄၂)လေ။
ကျနော်တို့ခေါ်တာ
နံပါတ်သုံး ပေါ့။”
ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်
အမှိုက်ပုံတွင်
မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့တွင်းမှ
စွန့်ပစ်သည့်
ရေဗူး၊
ပလပ်စတစ်နှင့် အခြား အသုံးပြှု ရနိုင်မည့် ပစ္စည်းများကို
ရွေးချယ်ကောက်ယူ သန့်စင်၍
ပြန်လည်ရောင်းချပြီး
အသက်မွေးဝမ်းကြောင်း
ပြုနေကြသည်။
မျက်စိတွင် ဒဏ်ရာရ၍
မဲဆောက်ဆေးရုံကြီးတွင်
ကုသမှုခံယူနေသည့်
ဦးသန်းငွေက ယခုလို ပြောသည်။
“ဖြစ်ပုံကတော့
နံပါတ်သုံး(အမှိုက်သိမ်းသည့်ကားအမှတ်)
ကားလာသွန်လို့
ကျနော်တို့
ဝိုင်းပေါက်ကြ
တာပေါ့။
ဒီက အမှိုက်ပုံမှာ
ရှိတဲ့ လူလေးတွေ။
ပေါက်နေတဲ့အခါကျတော့ အလယ်ခေါင်ရောက်လု ရောက်နီးခါကျတော့ အလယ်ခေါင်မှာ
ထပွင့်သွားတာပဲ။
ထိတာ ကတော့ ၁၃ ယောက်ပေါ့။
နှစ်
ယောက်သုံးယောက်ကတော့ အထိနာတယ်။
ကျနော်ကတော့ ပထမတော့ မျက်လုံးအရည်ဘာညာ
ဝင်
သွားတာနဲ့တူပါတယ်။
အခုတော့ ဖွင့်လို့
ရပါပြီ
မျက်လုံးက နည်းနည်းတော့ ကျိန်းနေသေးတာပေါ့။”
ပြင်းထန်စွာ ဒဏ်ရာရှိသူများထဲတွင်
ချစ်သဲ (၁၀)နှစ်၊
အောင်ဘိုဘို (၈)နှစ်သား နှင့် စောဖထီးတို့တွင်
ခန္ဓာကိုယ်
အနှံ့
ဗုံးစများ ထိမှန်ပြီး
အသက်သုံးဆယ်အရွယ် ကိုဖိုးဒါးမှာ မျက်လုံးတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာကို
ထိုင်းအာဏာပိုင်များက
လာရောက်စစ်ဆေးပြီး
စုံစမ်းမှုများ
ပြုလုပ်နေ သည်
ဟု သိရသည်။
အမှိုက်ကားမှ
ပါလာသည့် ဗုံးသည် မည်သည့်နေရာမှ ပါလာသည်ကို မသိရှိရသေးကြောင်း
ဆက်လက် စုံစမ်းမှု
ပြုလုပ်နေကြောင်း
မဲဆောက်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ယင်းအမှိုက်ပုံ
ပတ်ဝန်းကျင်တွင် တဲထိုးပြီး
နေထိုင် အသက်မွေးဝမ်းကျောင်းပြုသည့် မြန်မာပြည်သား အိမ်ထောင်
စု(၇၂) စု
ရှိပြီး၊
အမျိုးသား ၁၆၆ ဦး၊
အမျိုးသမီး ၁၄၈ ဦး ရှိသည်။
|