မဲဆောက် ဓါတ်ဆီဆိုင်တွင် ဗုံးတလုံးပေါက်ကွဲ

မတ်လ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

မဲဆောက်မြို့ပြင်ရှိ ဓါတ်ဆီဆိုင်အနီးတွင် ယမန်နေ့ ညနေ ၇ နာရီခန့်က လက်ပစ်ဗုံး တလုံး ပေါက်ကွဲခဲ့ရာ လူအ သေ အပျောက်မရှိပဲ ခွေးတကောင် သေဆုံးခဲ့သည်။

ဟိုဖိုင်ဓါတ်ဆီဆိုင်သည် မဲဆောက်မြို့မှ အုန်းဖျန်မြို့သို့ သွားသည့်လမ်းတွင်ရှိပြီး မဲဆောက်မှ ကီလို ၂၀ ခန့်ဝေး သည်။

ဟိုဖိုင် ဓါတ်ဆီဆိုင်၏ အနောက်ဘက်ရှိ အလုပ်သမား နေထိုင်ရာအိမ်တွင် မည်သည့်အဖွဲ့ အစည်းကမှန်း မသိရ သေး သူနှစ်ဦးက လာရောက်ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဓါတ်ဆီဆိုင်နှင့် သက်ဆိုင်သူ တဦးက ပြောသည်။

ဤဓါတ်ဆီဆိုင်သည် ကရင်အမျိုးသားအစည်းအရုံးနှင့် ယခင်က ပတ်သက်ခဲ့သောကြောင့် ကေအဲန်ယူမှ ခွဲထွက် ခဲ့သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) အဖွဲ့မှယခုလို တိုက်ခိုက်ခြင်း ဖြစ်နိုင် သည်ဟု နီးစပ်သူများက သုံးသပ်ကြသည်။

ယခုလ  ၁၂ ရက်နေ့ညနေတွင် တပ်မဟာ ၇၊ ဒူးပလာယာခရိုင်ရှိ ဝေါ်လေကျေးရွာအနီးတွင် ကေအဲန်ယူက ဒီကေဘီအေ စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဒီကေဘီအေမှ စစ်သား ၅ ဦးကျဆုံးခဲ့သည်။

လွန်ခဲ့သည့် ၅ နှစ်ကလည်း ဤဓာတ်ဆီဆိုင်တွင်ပင် အလားတူ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွား ခဲ့သည်။

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။