|
နကသ ခွင့်ပြုသည့် ကုန်ပစ္စည်းများကို
စုပေါင်းဂိတ်က လက်မခံ
သတင်းနှင့်မီဒီယာ
ကွန်ယက်။
ဧပြီလ ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှ
နယ်စပ်ကုန်သွယ်ရေးစခန်း (နကသ)တွင် အစစ်ဆေး ခံယူပြီး ဗန်းမော်မြို့
သို့ ထွက်လာသည့် ခရီးသည်တင်ကားငယ်များကို လွယ်ဂျယ်မြို့အထွက်
ဝင်းခန်းကျေးရွာ စုပေါင်းဂိတ်က ဖြတ်
ကျော်ခွင့် မပေးဘဲ
ဖမ်းဆီးမည်ဆိုသဖြင့် ယမန်နေ့က နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။
ဟိုင်းလတ်ကား၊ မှန်လုံကား၊ ဗင်ကားစသည့် ခရီးသည်တင်း(၈)စီးတို့သည် လွယ်ဂျယ် နကသ
စခန်းက တပိုင်
တနိုင်ပစ္စည်းအဖြစ် သယ်ဆောင်ခွင့်ပြုထားသည့် တရုတ်လုပ် လူသုံးကုန်ပစ္စည်းများကို
ဖမ်းဆီးမည်ဆို၍ နောက်
ကြောင်းပြန်လှည့်ခဲ့ရကြောင်း ဗန်းမော် ကားသမားတဦးက ပြောသည်။
“နကသက
လုပ်ပိုင်ခွင့်အရ ခွင့်ပြုထားပေးတာရှိတယ်။ ခရီးသည်တွေက တပိုင်တနိုင် ဆွဲလာတာရှိ
တယ်၊ ကားသမားတွေကလည်း
ကုန်သည်တွေမှာတဲ့ဟာ ယူလာတာ ရှိတယ်။ နကသ က ခွင့်ပြုသ
လောက် သယ်လာလို့ရတယ်။
အဲဒါကို လွယ်ဂျယ်ကအထွက် ဝင်းခန်းမှာ ရှိတဲ့ စုပေါင်းဂိတ်က လက်မခံ
ဘူး။ မနေ့
မနက်(၈)နာရီလောက်က လွယ်ဂျယ်က ထွက်တာ၊ ရှေ့ကကားကို
ဖမ်းဆီးမယ်လုပ်တော့ ကျန်တဲ့ကားတွေလည်း ပြန်လှည့်ခဲ့ရတယ်။ လွယ်ဂျယ်မှာ
ရုတ်ရုတ်တောင်ဖြစ်သွားတယ်။”
ဟု
ဗန်းမော်
ကားသမားတဦးက ပြောသည်။
ဝင်ခန်းစစ်ဆေးရေးဂိတ်က နယ်စပ်ကုန်သွယ်ရေးတရားဝင်လမ်းကြောင်းမှ သွားလာသည့်
ကားများထံမှ လာဘ်
ငွေ
အနည်းအကျဉ်းသာရရှိပြီး ညပိုင်းတရားမဝင်သွားလာသည့် ကားများမှ ငွေပိုရနေသဖြင့်
တရားဝင်ဖြတ်သွား
ခွင့်ကို ပိတ်ပင်လိုခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ကားသမားက ပြောသည်။
“ဂိတ်ရှေ့က
သွားတဲ့ ကားတစီးကို (၅ဝဝဝ)လောက်ဘဲ ရတယ်။ နောက်ဖေးလမ်းက သွားတဲ့ကား
ကျတော့တစီးကို ကျပ်ငွေ (၇-၈)သောင်းရတယ်။ အဲဒီတော့ ဂိတ်ရှေ့ကသွားတဲ့
ကားတွေကို မကြည် ဘူး။ ဝင်းခန်းဂိတ်ကညပိုင်း ဝစ်တောက်ကားတွေနဲ့
လျပ်စစ်ပစ္စည်း၊ စစ်ပစ္စည်းတွေသယ်နေတာ လာဘ် ငွေ
ယူပြီး ခွင့်ပြုပေးနေတာ။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ
ညပိုင်းပြေးတဲ့ဟာတွေက ဝစ်တောက်တွေ များတယ်။ အခု စခန်းရှေ့ကနေ
သွားမယ့်ကား တွေကို တားတာကလည်း အဲလိုလုပ်လာအောင် တွန်း
ပို့နေတာ။”
ဟု ဗန်းမော် ကားသမား က ပြောသည်။
ဝင်းခန်းစုပေါင်းဂိတ်သည် လွယ်ဂျယ်မြို့မှ
ဗန်းမော်ဘက်သို့အထွက် (၃)ဖာလုံအကွာ ဝင်းခန်း ကျေးရွာတွင်ရှိပြီး လွယ်ဂျယ်မြို့ပေါ်
ဌာနဆိုင်ရာများ၊ မြို့နယ်ကာစတန်အဖွဲ့
များက စုပေါင်းကာ စစ်ဆေးရေး
လုပ်နေခြင်း ဖြစ်
သည်။
|