|
ကရင်အမျိုးသမီးရေးဆောင်ရွက်သူ လူ့အခွင့်အရေးဆု အပ်နှင်း
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂၂ ရက်၊ ၂၀၀၇ခုနှစ်။
အမေရိကန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းက ၂၀၀၇ ခုနှစ်အတွက် နိုင်ငံတကာ
Perdita Huston Human Righ ts Award
ဆု အပ်နှင်းရန်
ကရင်အမျိုးသမီးအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအား ရွေးချယ်ကြောင်း ကြေညာသည်။
ယင်းဆုကို
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် အမျိုးသမီးများအရေးကို စွမ်းစွမ်းတမံ
ဆောင်ရွက်သူများအား United Nations
Association of the National Capital Area
(UNA-NCA)
အမည်ရှိ
လူမှုအဖွဲ့အစည်းက ရွေးချယ်အပ် နှင်းခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်
လူ့အခွင့်အရေးဆုအပ်နှင်းရန် ကရင်အမျိုးသမီးအစည်းမှ အထွေထွေအတွင်း ရေးမှူး
နော်စီဖိုးရာစိန် နှင့်အတူ ပါကစ္စတန်နိုင်ငံသူ Samar
Minallah
နှင့် နီပေါလ်နိုင်ငံသူ Bishnu
Maya Pariyar
တို့အား ရွေးချယ်ထား သည်။
ဆုပေးအပ်ခြင်းကြောင့်
ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားနေသော စစ်ပွဲများအတွင်း ကရင်အမျိုးသမီးများ
ခံစားနေ ရသည့် ဆင်းရဲဒုက္ခများကို ကမ္ဘာမှ ပိုမိုသိမြင်လာမည်ဖြစ်ကြောင်း
နော်စီဖိုးရာစိန်က ပြောသည်။
“တခုကောင်းတာကတော့ ကရင်အမျိုးသမီးတွေ နှစ်ရှည်လရှည် သူတို့ရဲ့အကြမ်းဖက်မှု
အမျိုးမျိုးကို ကျော်ဖြတ် နေတာကို နိုင်ငံတကာက ပိုပြီးတော့ သိလာတဲ့အတွက်တော့
ကျမတို့ ၀မ်းသာမိပါတယ်။”
ကရင်ပြည်နယ်အတွင်းတွင်
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း၌ ကျေးရွာပေါင်း ၃၀၀၀ ကျော်ဖျက်ဆီးခံခဲ့ရပြီး
အရပ်သား ၅၀၀၀၀၀ (ငါးသိန်းကျော်) သည် တောတောင်များ အတွင်း၌
လှည့်လည်ပုန်းအောင်းနေထိုင်နေကြ ရကာ လွန်ခဲ့သောနှစ်က ထိုးစစ်ဆင်မှုကြောင့်
ဒုက္ခသည် ၂၅၀၀၀ ခန့် ထပ်မံထွက်ပြေးနေရသည်ဟု
UNA-NC A
အဖွဲ့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
နော်စီဖိုးရာစိန်ဦးဆောင်သော ကရင်အမျိုးသမီးအစည်းအရုံးသည် ထိုင်းနိုင်ငံနှင့်
နယ်စပ် ဒေသရှိ ဒုက္ခသည် အမျိုးသမီးများနှင့် သူတို့၏ မိသားစုများအတွက်
ကျန်းမာရေး၊ ပညာရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင် ရွက်ပေးနေသည့်အပြင်
အစိုးရစစ်တပ်က ကရင်အမျိးသမီးများအပေါ် ကျူးလွန်သော အဓမ္မပြုကျင့်မှုနှင့် အခြား
လူ့အခွင့်အရေး ချိုးဖောက်မှုများကို အချက်အလက်ကောက်ယူကာ အစီရင်ခံစာများ
ထုတ်ပြန်ခဲ့သည်။
ဆုပေးအပ်ပွဲ
အခမ်းအနားကို လာမည့်လ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ရှိ
ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၌ ကျင်းပမည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်
အခြေစိုက်သော UNA-NCA
သည် ကမ္ဘာကုလသမဂ္ဂအဖွဲ့၏
စံပုံစံနှင့် လုပ်ငန်းတာ ၀န်များကို အမေရိကန်ပြည်သူများ သိရှိနားလည်လာစေရန်
ရည်ရွယ်ဖွဲ့စည်းထား သောလူမှုအဖွဲ့အစည်း တခုဖြစ် ပြီး Perdita Huston
Human Rights Award ဆုကို
အမေရိကန်သတင်းစာဆရာမနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ
Perdita Huston
အား ဂုဏ်ပြု၍ ၂၀၀၂ ခုနှစ်မှ စတင် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
|