|
ရှမ်းပြည်တပ်မတော်-တောင်ပိုင်းနှင့် မြန်မာစစ်အစိုးရ မကြာခင်ဆွေးနွေးမည်
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂၂ရက်။
၂၀၀၇ ခုနှစ်။
နိုင်ငံရေးပြဿနာများကို
တွေ့ဆုံဆွေးနွေး
အဖြေရှာရန်
မြန်မာစစ်အစိုးရနှင့် ရှမ်းပြည်
တပ်မတော်-တောင်ပိုင်း
(အက်စ်အက်စ်အေ- အက်စ်) ယခုလတွင် တွေ့ဆုံဆွေးနွေးရန်
သဘောတူထားကြောင်း
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း၏
ပြောရေးဆိုခွင့်ရှိသူက
ပြောသည်။
“ဒေသခံက
အကျိုးဆောင်တွေနဲ့
ကျနော်တို့
ဆက်သွယ်ထားတာရှိပါတယ်။
ဒီလပိုင်း အတွင်းမှာ သူ
တို့
ကျနော်တို့နဲ့
တွေ့ဆုံဆွေးနွေးဖို့
သူတို့က
အဲလိုမျိုး အကြောင်း
ပြန်ကြားထားတာ
ရှိပါတယ်။
ဒါပေမယ့် မနက်ဖြန် ဖြစ်မယ်ဆိုတာကတော့ ကျနော်တို့
အတည်ပြုပြောကြားလို့
မရသေးဘူးဖြစ်
ပါတယ်။
ဒီလပိုင်းတွင်း
မှာတော့ နေ့ရက်
မသတ်မှတ်ရသေးပါဘူး။”
ဟု အက်စ်အက်စ်အေ- တောင်ပိုင်း
၏ ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်က အတည်ပြုပြောသည်။
တွေ့ဆုံမည့်နေရာကို
အတည်ပြုခြင်း
မရှိသေးသော်လည်း
အက်စ်အက်စ်အေ- တောင်ပိုင်းက ၄င်းတို့လုံခြုံရေး
အတွက်
စိတ်ချရသည့် နယ်မြေတွင် တွေ့ဆုံရန်
အကျိုးဆောင်များမှ တဆင့် ပြန်ကြားထားသည်ဟု
၎င်းက ဆက်ပြောသည်။
လက်ရှိနိုင်ငံရေး ပြဿနာများကို
နိုင်ငံရေးနည်းလမ်းနှင့်ဖြစ်စေ၊
ငြိမ်းချမ်းရေးနည်းလမ်းနှင့်
ဖြစ်စေ တွေ့ဆုံဆွေး
နွေးပြီး
အဖြေရှာကြရန်နှင့်
၎င်းကိစ္စဖြစ်မြောက်ရေးအတွက်
ပထမဆင့်အနေနှင့် အမြန်ဆုံး အပစ်ခတ် ရပ်စဲရေး
နှင့်
အပစ်ခတ်ရပ်စဲရေးဇုံ သတ်မှတ်ရန် အက်စ်အက်စ်အေ-တောင်ပိုင်းက တောင်းဆိုထားသည်။
တွေ့ဆုံဆွေးနွေးရန်
ကမ်းလှမ်းခြင်းသည် အက်စ်အက်စ်အေ-တောင်ပိုင်းဖက်မှ လက်နက်ချရန် မဟုတ်ကြောင်း
စိုင်းလောင်ဝ်ဆိုင်က ရှမ်းပြည်သူနှင့် မဟာမိတ်အသီးသီးတို့
အထင်မြင်လွဲမှားမှု
မရှိကြရန်
ယခုလို ပြောသည်။
“ဒီသတင်းတွေကြားရလို့
သူတို့မှာ
တစုံတရာ အထင်အမြင်လွဲမှားသွားလာနိုင်တဲ့ အနေအထားမျိုး မ
ရောက်အောင် ကျနော်တို့က
ကြိုတင်ပြီးတော့
သူတို့ကို
အသိပေး ချင်ပါတယ်။
ဘာဖြစ်လို့လဲ
ဆိုတော့
အခုမှာဆိုရင် ကျနော်တို့က
နိုင်ငံရေး ပြဿနာများကို
ငြိမ်းချမ်းရေး
နည်းလမ်းနဲ့ဖြစ်ဖြစ်။
နိုင်ငံရေး နည်းလမ်းနဲ့ဖြစ်ဖြစ်
အတူတူလက်တွဲပြီးတော့
ဖြေရှင်းသွားနိုင်ဖို့အတွက်
စားပွဲခုံပေါ်မှာပေါ့
နော် ဖြေရှင်းသွားနိုင်ဖို့
ကျနော်တို့
ကြိုးစားနေခြင်းပဲ
ဖြစ်ပါတယ်။
ကျနော်တို့
လက်နက်ချဖို့အ
တွက်
မရည်ရွယ်ထား သေးပါဘူး။
အညံ့ခံအရှုံးပေး
ခြင်းဖြစ်လည်း မဟုတ်သေးပါဘူး
ဆိုတဲ့အ
ကြောင်း
ကျနော်အကြောင်းပြန်ကြားလိုပါတယ်ခင်ဗျား။”
အက်စ်အက်စ်အေ-တောင်ပိုင်းက တွေ့ဆုံဆွေးနွေးရန်
နှစ်စဉ်ကမ်းလှမ်းခဲ့သော်လည်း မြန်မာစစ်အစိုးရဖက်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်
လက်မခံဘဲ လုံးဝလက်နက်ချရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံရှိ ယနေ့ထုတ်
နေးရှင်းသတင်းစာ၌
မြန်မာစစ်အစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းမှ ကိုယ်စား
လှယ်များသည်
မနက်ဖန်တွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌
တွေ့ဆုံမည်ဟု
အက်စ်အက်စ်အေ- တောင်ပိုင်း ၏
ခေါင်းဆောင်
ဗိုလ်မှူးကြီး
ယွတ်ဆစ်က ပြောကြောင်း
ဖော်ပြထားသည်။
ရှမ်းပြည်တပ်မတော်- တောင်ပိုင်းသည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့်
မော်တိုင်းတပ်မတော်က မြန်မာ
စစ်အစိုးရထံလက်နက်ချပြီးသည့်
နောက်တွင် ဗိုလ်မှူးကြီး
ယွတ်ဆစ်က ဦးဆောင်သောအဖွဲ့က
သီးခြားခွဲထွက်၍
တည်ထောင်ခဲ့ခြင်းဖြစ်သည်။
|