|
မြန်မာစစ်အစိုးရ တလလျှင် ကလေးစစ်သားလေးရာခန့်
စုဆောင်း
ခွန်အောင်မြတ်။
ဇူလိုင်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာစစ်အစိုးရတပ်အတွင်း ကလေးစစ်သားများကို တလလျှင် အယောက် ၄၀၀ ကျော်
စုဆောင်းနေသည်ဟု ထိုင်းနိုင်ငံ နယ်စပ်အခြေစိုက် ရိုးမ(၃) သတင်းဌာနက ထုတ်ဝေသည့်
ကလေးစစ်သား အစီရင်ခံစာတွင် ထောက်
ပြထားသည်။
“မြန်မာ့သားကောင်းများအတွက်
ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ”
အမည်ရှိ
အစီရင်ခံစာကို ရိုးမ(၃) သ
တင်းဌာနက သတင်းစာရှင်းလင်းပွဲကျင်းပကာ ယနေ့စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်သည်။
အစီရင်ခံစာ
ထုတ်ရခြင်းနှင့်ပတ်သက်၍ ရိုးမ(၃)သတင်းဌာန အယ်ဒီတာ ကိုငြိမ်းလူက ယခုလို ပြောသည်။
“နအဖ
စစ်အစိုးရအနေနဲ့ သူတို့တိုင်းပြည်ရဲ့ စစ်တပ်အတွင်းမှာ ကလေးငယ်တွေ စုဆောင်းခြင်း
မရှိ
ဘူးလို့ အမြဲတမ်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို လိမ်ညာပြောဆိုနေတာ ဖြစ်တယ်။
ကုလသမဂ္ဂနဲ့
ပူးပေါင်းဆောင်ရွက်နေပါတယ် ဆိုပေမယ့်လည်း ဒီပူးပေါင်း ဆောင်ရွက်မှုမှာ
ဘာမှအကောင်အထည်
ဖော်တာ မရှိပဲနဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ပိုမိုပြီးတော့ စစ်သားစုဆောင်းရာမှာ
အဲဒီ အရွယ်မရောက်
သေးတဲ့ ကလေးငယ်တွေကို ပိုမို များပြားလာတာကို တွေ့ရတယ်။ ဒါကိုကျနော်တို့က
နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို
တင်ပြနိုင်ဖို့ ဒီအစီရင်ခံ
စာကို ထုတ်ပြန် ခြင်းဖြစ်ပါတယ်။”
မြန်မာနိုင်ငံတွင် ကလေးစစ်သားစုဆောင်းမှု မရှိကြောင်း ကုလသမဂ္ဂနှင့်
နိုင်ငံတကာအဖွဲ့ အစည်းများကို မြန်မာ
စစ်အစိုးရက ငြင်းဆိုနေခြင်းသည် ဗြောင်လိမ်ခြင်းသာ ဖြစ်သည်ဟု ကိုငြိမ်းလူက
ပြောသည်။
“ကလေးစစ်သားစုဆောင်းရေးတခုက
တလအတွင်းမှာကျနော်တို့လေ့လာတွေ့ရှိချက်အရ ကလေးစစ်
သား
တရာခန့် ပါဝင်နေတာကို တွေ့ရတယ်။ အဲတော့ ကလေးစစ်သား စုဆောင်းရေးတပ်က လေးခု
ရှိပါတယ်။ နောက်ပြီး ဒီ့အပြင်နယ်လှည့်စုဆောင်းရေး တပ်ခွဲ ဆိုပြီးတော့
မြို့နယ်ပေါင်း (၃၇)မြို့နယ်
မှာ
လှည့်လည်ပြီးတော့ ကလေး စစ်သားစုဆောင်း နေတာတွေ ရှိပါတယ်။ ဒီစစ်သားစုဆောင်းရေး
တပ်
လေးခုလုံးကနေပြီးတော့ တကယ် စုဆောင်းမယ်ဆိုရင် တလအတွင်းမှာ လေးရာနဲ့ ငါးရာကြား
မှာ
ရှိနိုင်ပါတယ်။ နယ်လှည့် စုဆောင်းရေးတပ်တွေမှာလည်း အလားတူ ရာခိုင်နှုန်းတွေ
ရှိနိုင်ပါတယ်။”
စာမျက်နှာ
၇၄
မျက်နှာပါ အစီရင်ခံစာအား အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး ၂၀၀၈ ခုနှစ်
ဇန္န၀ါရီမှစ၍ မြန်မာစစ်အစိုးရတပ်အတွင်းမှ တာဝန်ထမ်းဆောင်နေသည့်
တပ်မှူးတပ်သားများ၊ စစ်မှုထမ်းဟောင်းများနှင့် ပူးပေါင်းပြီး အချက်အလက်များ၊
ဖိုင်တွဲများ၊ ဓာတ်ပုံမှတ်တမ်းများကို စုဆောင်းထည့်သွင်းထားသည်။
ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human
Rights Watch)အဖွဲ့၏
၂၀၀၃ ခုနှစ် တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာစစ်အစိုးရတပ်အတွင်းတွင်
ကလေးစစ်သား ခုနှစ်သောင်း(၇၀၀၀၀) ခန့်ရှိသည်ဟု ဖော်ပြ
ထားသည်။
|