|
သံဃာ့မြို့တော်တွင် ကျောင်းတိုက်သုံးတိုက်မှ သံဃာတော်များ ဆန္ဒပြ
ကျောင်းသားနှင့် လူထုပါဝင်ရန် တိုက်တွန်း
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
စစ်အစိုးရကို
ပတ္တနိက္ကုဇ္ဖနကံဆောင်သပိတ်မှောက်သည်ကို ထောက်ခံအားပေးသည့်အနေဖြင့်မန္တလေးမြို့
မစိုးရိမ် တိုက်သစ် သံဃာတော်များ ဦးဆောင်ပြီး ရဟန်းသံဃာ အပါးပေါင်း ၂၅၀၀ ကျော်
ဒီကနေ့တွင် လမ်းများပေါ် ထပ်မံ ကြွချီကာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြခဲ့သည်။
မစိုးရိမ်တိုက်သစ်၊
မစိုးရိမ်တိုက်ဟောင်းနှင့် မြတောင်ကျောင်းတိုက်မှ ရဟန်းတော်များ ပူးပေါင်းပြီး
ဆန္ဒပြကြွချီ ကြခြင်း ဖြစ်သည်ဟု မစိုးရိမ်တိုက်သစ်မှ စာချဆရာတော် အရှင်ဇ၀နက
မိန့်ကြားသည်။
“ကျောင်းတိုက်ကတော့
ဦးဇင်းတို့ သိရသလောက်ကတော့ မြတောင်တချို့ ပျောက်ကြားပေါ့၊ နောက် ပြီးတော့
တိုက်ဟောင်း မစိုးရိမ်တိုက်ဟောင်း သူတို့လည်းပဲ ပျောက်ကြားပေါ့။ အဓိက ကတော့
မစိုး ရိမ်တိုက်သစ်က အဓိက ဦးစီးပြီးတော့ ပြတာပေါ့။ မေတ္တာသုတ်နဲ့ မောရသုတ် ပေါ့
အဲဒါကို ပတ်ချာ လည်ရွတ်ပြီးတော့ ဦးဇင်းတို့က ၃၈ လမ်း ကနေ ထွက်ပြီးတော့ (၈၃)
(၂၆) အဲဒီ (၂၆) ကနေ ပတ် ပြီးတော့ အိမ်တော်ရာ ဘုရားလမ်းကနေ ပတ်ပြန်တယ်။
ကျောင်းကို (၁၁) နာရီ ခွဲလောက် ပြန် ရောက်လာတယ်။ ဒီကနေ ထွက်တာကတော့ ဒကာကြီးရေ
ကိုးနာရီ မတ်တင်းလောက်ပေါ့။ အဲဒီ ဦး ပစ္စည်း ဘုရားဆို ဦးဇင်းတို့
ကျောင်းမြောက်ဖက်နားမှာ၊ ဦးပစ္စည်းဘုရားထဲမှာ အကုန် စုရပ်လုပ်ပြီး တော့ အဲဒီကနေ
စထွက်တာ။ ၂၅၀၀ လောက်တော့ ရှိမယ် ဒကာကြီးရေ ခန့်မှန်းခြေ မျက်မှန်းပေါ့
ဒကာကြီးရေ။”
သံဃာတော်များ ကြွချီရာ
လမ်းတလျှောက်တွင် ပြည်သူလူထုများ ရေသန့်ဗူး၊ အချိုရည်များ ကပ်လှူပြီး အားပေး
ကြသည်ဟု အရှင်ဇ၀နက မိန့်ကြားသည်။
“အားပေးကြပါတယ်။
သူတို့ တတ်နိုင်သလောက် တချို့တွေက ရေဗူးတွေ ချိုချဉ်တွေ လှူကြ ဒါန်းကြ တာပေါ့။
သူတို့ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း လှုံခြုံရေး ထောက်လှမ်းရေးနေမှာပေါ့ ထောက်
လှမ်းရေးတွေလည်း တချို့တွေဆို ချောင်ကနေ ဓာတ်ပုံတွေ လိုက်ရိုက်နေတာ အဲလိုတော့
ရှိတယ်။ ဒီ လိုကြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် အဲလိုလုပ်တာတော့ မရှိပါဘူး။
ငြိမ်းငြိမ်းချမ်းချမ်းပဲ။ နောက် လူ တွေကလည်း ဘုန်းကြီးတွေ နောက်ကနေ
နှစ်ရာကျော် သုံးရာလောက်တော့ လူအုပ်လိုက် လိုက်လာ တာ တွေ့ရတယ်။ ဒါပေမယ့်
လမ်းမှာတော့ နေရာ တောင့်တိုင်းတောင့်တိုင်း ရပ်ရပ်ကြည့်နေတာက တော့
လူအုပ်တွေကတော့ တော်တော်များများတွေ့ရတယ်။”
နိုင်ငံတ၀န်း
ဆန္ဒပြပွဲတွင် ပြည်သူလူထုနှင့် ကျောင်းသားများလည်း ငြိမ်းချမ်းသည့်နှင့်
ပူးပေါင်းပါဝင်ကြစေလို ကြောင်း အရှင်ဇ၀နက ယခုလို တိုက်တွန်းသည်။
“လူထုတွေ မပါဝင်လာတော့
ဦးဇင်းတွေ၊ ကိုရင်တွေ သိပ်အားမရဘူးပေါ့။ အခု လှုပ်ရှားတဲ့ ကိုယ်တော် တွေက
လူထုတွေ ကျောင်းသားတွေ ပူးပေါင်းဖို့ရာအတွက် သူတို့တွေ ဆန္ဒရှိကြ တယ်။
ကျောင်းသား တွေ လူထုတွေ အခုထိ မပူးပေါင်းတော့ သူတို့တွေလည်း နည်းနည်း တော့
အားမလိုအားမရဖြစ်နေ တာပေါ့။ လိုလားတယ် သူတို့တွေ ပါဝင်လာရင် ပိုပြီးအဆင်ပြေ
တာပေါ့။ ဒါပေမယ့် အကြမ်းမဖက်ဖို့ တော့ လိုလားတယ် ရှိတယ်ပေါ့။ သူတို့ဖက်ကနေ
တနည်းတဖုံနဲ့ အကြမ်းဖက်နိုင်စရာတော့ ရှိနေ တယ်ဆိုတော့ ဦးဇင်းတို့လည်း
မျက်ခြေမပြတ် ကိုယ့်ဟာကိုယ်ပဲ သေချာကြည့်ကြပ်ပြီးတော့ ဆောင် ရွက်နေတာပေါ့။
အကြမ်းဖက်မှု ဦးတည်လို့ရှိရင် တမျိုးတမည်ဖြစ်သွားမှာစိုးလို့။ အဲဒါကြောင့် လော
လောဆယ် လူထုလည်းပဲ အနုနည်းနဲ့ သူတို့ ကျောင်းသားရယ်၊ လူထုရယ် ပူးပေါင်းပြီး
လှုပ်ရှား ရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။”
ဆန္ဒပြ ကြွချီရာ
လမ်းတလျောက် အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်း မရှိပဲ အဝေးမှ လှမ်းကာ
ဓါတ်ပုံရိုက် ကူးမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြ သံဃာများက မိန့်သည်။
ယခုလ ၁၉
ရက်နေ့တွင်လည်း မစိုးရိမ်တိုက်သစ်မှ ရဟန်းတော်များ အပါးပေါင်း ၁၀၀၀ခန့်
ဦးဆောင်ပြီး ကမ္မ၀ါစာ ရွတ်ဖတ်၍ ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ပြီး
မြို့ထဲတွင် မေတ္တာသုတ်ရွတ်ဆိုကာ ကြွချီ ဆန္ဒပြ ခဲ့ကြသည်။
ငြိမ်းချမ်းစွာ
မေတ္တာသုတ်ရွတ်ဆိုပြီး ကြွချီဆန္ဒပြခဲ့သည့် ပခုက္ကူ သံဃာအပေါ် အာဏာပိုင်များက
အကြမ်းဖက် ဖမ်းဆီးရိုက်နှက်ခဲ့သည်ကို ၀န်ချတောင်းပန်ရန် သံဃာတော်များ၏
တောင်းဆိုချက်ကို အစိုးရက မလိုက်နာ သဖြင့် သံဃာတော်များ ပတ္တနိက္ကုဇ္ဖန ကံဆောင်
သပိတ်မှောက်ခဲ့သည်မှာ ငါးရက်မြောက်ခဲ့ပြီဖြစ်သည်။
|