|
ဆန္ဒပြသံဃာများအား
နေအိမ်ဝင်းအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်
ဖူးမျှော်
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၂ ရက်၊
၂၀၀၇ ခုနှစ်။
နေအိမ်ဝင်းရှေ့မှ
မေတ္တာပို့
ကြွချီ
ဖြတ်သန်းကြသည့်
သံဃာတော်များအား အကျယ်ချုပ်ကျခံနေရသည့် လူထု
ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်မှ ၀င်းအတွင်းသို့
ထွက်ပြီး
ဖူးမျှော်ခဲ့သည်ဟု
မျက်မြင်သက်သေ
များ
အဆိုအရသိရသည်။
ယနေ့
ရန်ကုန်တွင် သံဃာများက လမ်းကြောင်းနှစ်ကြောင်းခွဲပြီး
ကြွချီ
ဆန္ဒပြကြရာ
သံဃာအဖွဲ့တဖွဲ့က
ဒေါ်
အောင်ဆန်းစုကြည်နေအိမ်အရှေ့မှ
ဖြတ်သန်းသွားခဲ့ပြီး
မေတ္တာပို့
ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
သံဃာတော်အချို့နှင့်
လိုက်ပါလာသူ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေဟု အော်ဟစ်ဆု တောင်းခဲ့ကြသည်။
နာရီဝက်နီးပါး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင်
သံဃာများမေတ္တာပို့ပြီးဆက်လက်ထွက်ခွာသွားကြသည်။
ယခုအကြိမ်သည်
၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးတော်ပုံနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်
ကို
ပြည်သူလူထုက မြင်တွေ့ရခြင်ဖြစ်သည်။
|