|
ကော့သောင်းတွင် ဆိုင်ကယ်ဈေးများ အဆမတန်
မြင့်တက်
နွယ်လေး။
စက်တင်ဘာလ ၂၂ ရက်၊
၂၀၀၈ ခုနှစ်။
တရားမ၀င်ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးမည့် သတ်မှတ်ရက် ကုန်ဆုံးချိန်
နီးကပ်လာသဖြင့်
ထိုင်း-မြန်မာ
နယ်စပ်
ကော့သောင်းမြို့တွင် ဆိုင်ကယ်များ ဈေးအဆမတန် တက်သွားသည်ဟု ကော့သောင်း
ဒေသခံများက ပြောသည်။
မြိတ်၊
ထားဝယ်မြို့ဆိုင်ကယ်ပွဲစားများက ကော့သောင်းမြို့သို့လာရောက်ကာ ထိုင်းနိုင်ငံ
ရနောင်းမြို့တွင် ဆိုင်
ကယ်
အစီးရေ သောင်းနှင့်ချီ လာရောက်ဝယ်ယူနေသဖြင့်
ဆိုင်ကယ်ဈေး မြှင့်တက်လာပြီး ဈေးကွက်တွင် ပြတ်လပ်လုနီးပါး
ဖြစ်နေသည်ဟု
ကော့သောင်းဒေသခံတဦးက ယခုလိုသည်။
"ဆိုင်ကယ်တစ်စီးကို
ဟိုဘက်ကမ်းမှာ ဘတ်ငွေနဲ့ လေးသောင်းခွဲ၊ လေးသောင်း
ခြောက်ထောင်
လောက်ရှိတယ်။
ဒီဘက်ကမ်းမှာ ငါးသောင်းခုနှစ်ထောင်လောက် ပေါက်တယ်။ ခုဈေး။ အရင်က ငါး
သောင်းတစ်ထောင်
ငါးသောင်း နှစ်ထောင်။ ငါးသောင်း ကျော်ကျော်ပဲရှိတာ။ ခုက ခုနှစ်ထောင်
လောက်တက်သွားတာပေါ့။
လိုင်စင်လုပ်ပေးမှ တဖြည်းဖြည်း
တက်လာတာပေါ့နော်။
လိုင်စင်လုပ်ပေး
တော့
ဝယ်သမားများလာတော့ ဈေးက တက်လာတာပေါ့။ သယ်ရတဲ့ လမ်းကြောင်းတွေကလဲ မတရား
လမ်းကြောင်းက
သယ်ကြတာဆိုတော့ ဈေးကမတရား တက်တာပေါ့"
မြန်မာနိုင်ငံအတွင်း
တရားမ၀င်တင်သွင်းထားသော ဆိုင်ကယ်များကို ဇူလိုင်လ(၁)နေ့မှ စတင်ကာ အောက်တို
ဘာလ(၃၁)
နေ့အထိ မြန်မာနိုင်ငံ ကုန်းလမ်းပို့ဆောင် ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနမှ
လိုင်စင်ပြုလုပ်
ပေးနေသည်။
ထိုင်းနိုင်ငံဘက်မှာ
အများဆုံး တင်သွင်းနေသည့် ဆိုင်ကယ်အမျိုးစားမှာ
Dream
နှင့်
Wave
ဟွန်ဒါအမျိုးအစား
ဖြစ်ပြီး
ယာမဟာနှင့် အခြားဆိုင်ကယ် အမျိုးအစားများလည်း တင်သွင်းနေသည်။
ကော့သောင်းမြို့၌ ဆိုင်ကယ် လိုင်စင် ပြုလုပ်ပေးရာတွင် ဆိုင်ကယ်အမျိုး အစားအပေါ်
မူတည်၍ ရေဘေးရံပုံငွေ အတွက်
ကောက်ခံနေကြောင်း ဆိုင်ကယ်လိုင်စင် အသစ် ပြုလုပ်သူ တဦး က ပြောသည်။
"ရံပုံငွေက
ရေဘေးဒုက္ခသည်တွက်တဲ့။ ရေဘေးဒုက္ခသည်ဆီ ရောက်မရောက်မသိဘူး။ အကောက်ခွန်
ဦးဌာနက ကောက်တယ်။ အဖွဲ့စုံပါပဲ
ကောက်တာ။ ကညနရုံးမှာ အခွန်သွားဆောင်ရတယ်။ အဲမှာ တစ်ခါတည်းဖြတ်တာ။
အခွန်ဦးစီးက ဘယ်လောက် ဟိုဟာက ဘယ်လောက် ဒီဟာက
ဘယ်လောက်
ပေါ့ဗျာ။ ပြီး
ရေဘေးဒုက္ခသည်တွက်က သီးသန့်ငါးသောင်း အဲဒါက အလှူငွေ။ အဓိကဆောင်ခိုင်းတာ
က ရေဘေးဒုက္ခသည်တွက်
ရံပုံငွေပေါ့ဗျာ။ အဲဒါ ကျနော်တို့ ဟွန်ဒါအမျိုးစား ဒရင်းမ်၊ ၀မ်းတူးဖိုက်
တွေ အားလုံးက နှစ်သိန်းရှစ်သောင်း။ ကျန်တဲ့ ဝေ့ဗ် တစ်ရာကျတော့ နည်းနည်း
ဈေးလျော့တယ် နှစ်
သိန်း ငါးသောင်း
နှစ်သိန်းခြောက်သောင်း လောက်ပေါ့။"
လိုင်စင်သစ်ပြုလုပ်ပေးသည့်အချိန်မှ စကာ ထိုင်းနိုင်ငံ
ရနောင်းမြို့မှ ၀ယ်ယူသည့် ဆိုင်ကယ်များကို ကော့
သောင်းမြို့
အပြင် မြိတ်၊ ထားဝယ်သို့ ရေလမ်း၊ ကုန်းလမ်းဖြင့်
တရားဝင်တင်သွင်းသလို မဲဆောက်- မြ၀တီ နှင့် မဲဆိုင်- တာချီလိတ်လမ်းမှလည်း
တင်သွင်းလျှက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် တရားမ၀င် ဆိုင်ကယ်များကို လိုင်စင်
ပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် ထပ်မံပြုလုပ်
ပေးခြင်းဖြစ်သည်။
|