မြန်မာစစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံးတိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ

နွယ်လေး။
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်

မြန်မာစစ်အစိုးတပ် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့သည် ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အနီး တွင် ယခုရက်ပိုင်းအတွင်း ခုံခိုတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

ယနေ့နံနက် (၇) နာရီတွင် ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၆) ဒေသတွင်းရှိ ဘုရားသုံးဆူ မို့နယ် သာ သိမ်ချောင်းတွင်း ဖြစ်ပွားသည့် ၅ မိနစ်ကြာခုံခိုတိုက်ပွဲ တွင် မြန်မာစစ်အစိုးရတပ် ခမရ (၃၅၅) မှ တစ်ဦးကျ ဆုံးပီး ၃ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရရှိသူထဲတွင် မြန်မာစစ်အစိုးရ စစ်ကြောင်းမှုး မင်းနိုင်ဦး ပါဝင်သည်ဟုကေအဲန်ယူ တပ်မဟာ(၆)မှ ဗိုလ်ကြီး ထွဲနေက ပြောသည်။

ယနေ့နှင့် ယမန်နေ့ နံနက်တွင် မြန်မာစစ်တပ် ခမရ (၃၅၅) လူအင်အား (၆၀)အား ကေအဲန်ယူ တပ်မဟာ (၆) တပ်ရင်း(၁၆)မှ လူအင်အား (၅)ယောက်က ခုံခို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးထွဲနေက ယခုလို ပြော သည်။ 

မနေ့က မနက်(၆)နာရီ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကားလမ်းပေါ် အဇုံကျေးရွာ အောက်ဘက်မှာ တိုက် ပွဲ တစ်ကြိမ်ဖြစ်ပွားတယ်။ အဲဒီတိုက်ပွဲမှာ နအဖ ဘက်က တပ်ကြပ်ကြီး ကျော်မင်းနိုင် ကျဆုံးတယ်

ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ် ခမရ ၃၅၅ သည် ခမရ ၃၅၆ နေရာတွင် အစားထိုး ၀င်ရောက်ရန် အသစ် ရောက်ရှိလာခြင်းဖြစ်ပီး မြန်မာစစ်တပ်နှင့်ဒီကေဘီတေို့သည် စစ်ကြောင်းထွက်လျှင် သီးသန့်သွားကြသဖြင့် မြန်မာတပ်ကိုသုံးကြိမ် ခြုံခိုတိုက်ခိုက် ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၆ ခုနှစ်မှစပီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလထိ ယင်းဒေသတ၀ှိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခု တစ်ကြိမ်တွင်လည်း မြန်မာစစ်တပ်သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲများကို အမြစ်ဖြုတ်ရေး၊ နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရဘက်မှ တိုက်ခိုက်စေခြင်း ဖြစ်နိုင်သည်ဟု ပဒိုဒေးဗစ် သာကပေါက သုံးသပ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။