ကုလဦးဆောင်မည့် ဆွေးနွေးပွဲများ ကေအိုင်အိုကြိုဆို
စစ်မှန်သောပြည်တောင်စုမူကိုစွဲကိုင်ရင်း လိုအပ်ပါက အဖွဲ့အမည်ပြောင်းမည်

သတင်းနှင့် မီဒီယာ ကွန်ယက်။
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

မကြာသေးခင်က ကျင်းပခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ၁၅ ကြိမ်မြောက် ဗဟိုကော် မတီ စုံညီအစည်းအဝေးက စစ်မှန်သော ပြည်ထောင်စုမူအရ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် လို အပ်ပါက အဖွဲ့အစည်း၏ အမည်ကို ပြောင်းလဲမည်ဟု ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကျနော်တို့ စစ်မှန်တဲ့ ပြည်ထောင်စုမူအပေါ်မှာ ရပ်တည်ပြီးတော့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေ ကို ပြန်ပြီး သုံးသပ်ပြီးတော့ ကျနော်တို့ရဲ့ ကေအိုင်အိုဆိုတဲ့နာမည်ကို လိုအပ် လာတဲ့ အချိန်မှာ သင့် တော်တဲ့ နာမည်နဲ့ ပြောင်းလဲပြီး အသုံးပြုသွားဖို့ အဲလို အသုံးပြုမယ် ဆိုရင် ကချင်ပြည်သူတရပ်လုံး နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမယ်ဆိုတဲ့ဟာတွေ အားလုံး စုစုပေါင်း ၆ ချက်ပေါ့နော် ကျနော်တို့ ကြေ ညာ ချက်ထုတ်ထားပါတယ် ဟု ကေအိုင်အို ဗဟိုကော်မတီဝင် သုတေသနဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဂွန်မော်က ပြောသည်။

ယင်းကြေညာချက်ကို ယခုလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပသော ဗဟိုကော်မတီ စုံညီအစည်းအဝေး က ဆုံးဖြတ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်တွင် မြန်မာပြည်အရေးကို ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံမှ တိုင်းရင်းသားများနှင့် ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းမှုကို ကြိုဆိုကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း တင်ပြချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဂွန်မော်က ယခုလို ပြောသည်။

ကျနော်တို့ ယူအဲန်ကနေ စပြီး လှမ်းလာတဲ့ ခြေလှမ်းအပေါ်မှာ ပြောခြင်းဖြစ်ပါတယ်၊ Road Map (နိုင်ငံရေးလမ်းညွှန်ချက်)တို့ ဘာတို့ ပြောရင်ရင် သိပ်ကျယ်ပြန့်ပါတယ်။ သိပ်ကျယ်ပြန့်တော့ မ ဆွေးနွေးရင် ကောင်းမယ်လို့ ထင်ပါတယ်။

ကေအိုင်အိုအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မကြာမီက ဖွဲ့စည်းလိုက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူ ကြမ်း ရေးဆွဲရေး ကော်မရှင်အနေခြင့် တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသော အချက်များကို ရေးဆွဲ ပြ ဌာန်းရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

ကေအိုင်အို အဖွဲ့အမည်ပြောင်းလဲရန်ကိစ္စနှင့် ပတ်သက်၍ အချို့ ကချင်ပြည်သူများအတွင်း ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းလှမ်းနေသည်ဟု ယူဆသဖြင့် ဆန့်ကျင်မှုများ ရှိသကဲ့သို့ ယခင်လကုန်ပိုင်းက မြစ်ကြီးနားမြို့တွင် ကျင်း ပခဲ့သော အမျိုးသားညီလာခံထောက်ခံပွဲသို့ ကေအိုင်အိုအဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခြင်းကို ကန့် ကွက်မှု များလည်း ရှိခဲ့သည်။

ကေအိုင်အိုအဖွဲ့ကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ပေါ်ပေါက်ရန်ကို ကြိုဆိုသည့်အနေဖြင့် တက်ရောက်ခြင်း ဖြစ်ကြောင်း လူထုကို ပြန်လည်ဖြေရှင်းခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ကချင်အမျိုးသား တော်လှန်ရေးအင်အားစုများတွင် အင်အားအကောင်းဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သော အဖွဲ့ဖြစ်သည်။

ဆယ့်ငါးကြိမ်မြောက် ဗဟိုကော်မတီ စုံညီ အစည်းအဝေးက ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် အ တွက် ယနေ့မှစ၍ ကေအိုင်အို ဌာနချုပ်တွင် ကချင်အမျိုးသား ခေါင်းဆောင်များ လူငယ်ကိုယ်စားလှယ်များ ပါ ၀င်သော အတိုင်ပင်ခံ ကောင်စီနှင့် ယနေ့ ဆက်လက်တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။