အခွန်မဲ့ မြန်မာကျောက်စိမ်းများ တရုတ်ဖမ်းဆီး

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဒီဇင်ဘာလ ၂၂ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ လိုင်ဇာမြိုကတဆင့် တရုတ်ပြည်အတွင်းသို့ သယ်ဆောင်လာသည့် တန်ချိန်(၇ဝ)ကျော်ရှိ ကျောက်စိမ်းအရိုင်းတုံးများကို တရုတ်ပြည်၊ ရင်ကျန်းမြို၊ အကောက်ခွန်ဌာနက ဖမ်းဆီးထား သည်။

လိုင်ဇာမြိုမှ (၉၇)ကီလိုမီတာအကွာဝေးတွင်ရှိသည့် တရုတ်ပြည်၊ ရင်ကျန်းမြိုလယ်ရှိ ရင်မော်(Yinmaw) ဟိုတယ် ဝန်းအတွင်း ရပ်နားထားသည့် ထရပ်ကား(၄)စီးပေါ်မှ ရေမဆေးကျောက်(ခေါ်)ကျောက်စိမ်းအရိုင်းတုံးများကို အ ခွန်မဆောင်သည့် အကြောင်းပြချက်ဖြင့် ယခုလ(၁၈)ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ဒေသခံကျောက်ကုန်သည် တဦးက ပြောသည်။

ကားပေါ်မှာက ရေမဆေးကျောက်တွေ အဓိကပါတယ်၊ သယ်လာတဲ့သူက ဒေါ်အားတောင်တဲ့။ သူ ဥစ္စာလည်းပါတယ်၊ အခြားလောပန်းဟာတွေကိုလည်း ကယ်ရီလုပ်လာတာလည်းပါတယ်။ အရောင် တင်၊ ဖြတ်တောက်ခွဲစိတ်တာ၊ ဘာမှ ပြုပြင်တာတွေမရှိတဲ့ အရိုင်းတုံး တွေပေါ့။ အခွန်မဆောင်လို့ဆို ပြီး ဖမ်းလိုက်တာ။ အဲဒါ တရုတ်ငွေ လေးသိန်း (ကျပ်သိန်း ၆ဝဝ ဝန်းကျင် ) အခွန်ဆောင်းခိုင်းနေ တယ်။ အရင်က အခုလို ဖမ်းထားတာ တခါမှ မရှိဘူး။

လိုင်ဇာလမ်းမှလည်းကောင်း၊ မူဆယ်လမ်းမှလည်းကောင်း နယ်စပ်သို့ ဝင်ရောက်လာသည့် ကျောက်စိမ်းများကို အခွန်မဆောင်ကြဘဲ နယ်စပ်တွင် ရောင်းဝယ်နေကြဟု တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင် ကျောက်ကုန်သည် တဦးက ပြောသည်။

ဒီမှာအခွန်ဆောင်ရင် ဘယ်မှာဆောင်ရမှန်းတောင်မသိဘူး။ ဒီအတိုင်းသယ်လာတာ၊ ဒီမှာချရောင်း နေတာဘဲ။ အဲဒါကို တရုတ်ကုန်သည်က ဝယ်ပြီး အတွင်းထဲ သယ်မယ်ဆိုရင်တော့ ရွှေလီမှာ အခွန် သွားဆောင်ရတယ်။ အခွန်ဆောင်ပြီးမှ တရုတ်ပြည်တွင်းထဲ သယ်နေကြတာ။ ရွှေလီတို့၊ ကျယ်ဂေါင် တို့မှာ ရှိနေတဲ့ ကျောက်တွေအားလုံး တခုမှ အခွန်ဆောင်ထား တာမရှိဘူး။

ရေမဆေးကျောက်ဆိုသည်မှာ ကျောက်ကုမ္ပဏီများကစွန့်ပစ်ထားသည့်မြေစာပုံအတွင်းမှရှာဖွှေရရှိသည့် ကျောက် များဖြစ်ပြီး အပေါ်တွင်မြေကြီးများ ဖုံးအုပ်ထားသဖြင့်  ကျောက်စိမ်း အရည်အသွေးကို မမြင်ရဘဲ အရိုင်းတုံး အ လိုက် ကံစမ်းသည့်သဘောဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။

ယခုအဖမ်းခံလိုက်ရသည့် ကျောက်တန်ဘိုးကို ခန့်မှန်းရခက်သော်လည်း ကျောက်စိမ်း သယ်ခပင်လျင် တပိဿာ ကျပ် ငါးထောင်နန်းဖြင့်တွက်လျှင် ကာလတန်ဘိုး ကျပ်သိန်း နှစ်ထောင်ကျော်ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။