နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကျော်ဖြင့် ငိမ်းသတ်နေရ

သတင်းနှင့် မီဒီယာကွန်ယက်။
ဖေဖေါ်ဝါရီ
(၂၃) ရက် ၂၀၀၉ ခုနှစ်

မြန်မာဖက်ခြမ်းမှ နယ်စပ်ဖြတ်ကျော် လောင်ကျွမ်းလာသည့် တောမီးကို တရုတ်နိုင်ငံက လူအင်အား (၂၅၀၀)ကျော် သုံး ငိမ်းသတ်နေရကောင်း တရုတ်အစိုးရ ဗဟို ရုပ်မြင်သံကား ဌာန (စီစီတီဗီ) မှ ထုတ်လင့်သွားသည်

နယ်စပ်ဖြတ်ကျော် လောင်ကျွမ်းလာသည့်မီးကို တရုတ်ပြည် ထိန်ချုံးခရိုင်တွင်းရှိ မီးသတ် သစ်တော စစ်တပ် ရွာသားများ စုပေါင်း မီးငိမ်းသတ်နေသည်ဟု ထိန်ချုံးမိုခံ တဦးက ပြောသည်

စီစီတီဗီက ပြနေတာကတော့ ထိန်းချုံးခရိုင် ပါတီအထွေထွေအတွင်းရေးမှူး ကိုယ်တိုင် သွားရောက်ကည့်ရတယ် မီးသ်တို့၊ ရဲတို အယောက် (၂၅၀၀)ကျော် သွားငိမ်းနေတာတို့၊ မီးစွဲလောင်နေတဲ့ သစ်ပင်တွေကို ပြတာတို သတင်းလင့်နေတယ်။ ထိန်ချုံးရဲ အနောက်ဘက် လောက်မှာ လောင်တာ ဒီကနေ အလှမ်းတော့ ဝေးသေးတယ် မီးခိုတွေဘာတွေ ဒီဘက် ရောက်မလာသေးဘူး။”

ဆင်ဟွာသတင်းဌာ သတင်းထုတ်ပြန်ချက်အရ မြန်မာပြည်ခြမ်းက သစ်တောဧရိယာ ခန်မှန်း ဟက်တာ(၂၀၀)ကျော် မီးလောင်နေပီး တရုတ်ပြည်ဘက်တွင် ဟက်တာ(၆၀)ကျော် မီးလောင်နေကောင်း လေပြင်းများ တိုက် ခတ်နေ မီးကိုငိမ်းသတ်ဖို ခက်ခဲကောင်း ဖေါ်ပြထားသည်

မြန်မာနိုင်ငံမြောက်ပိုင်း ကန်ပိုက်တီး အရှေမြောက်ထောင့်အရပ် တရုတ်-မြန်မာနယ်စပ် တလျောက် သစ်တောအတွင်း ပီးခဲ့သည့် ဗုဒဟူးနေက စတင်မီးလောင်ကျွမ်းနေရာ ယမန်နေ့၊ နေလည်ပိုင်းမှာတော့ တရုတ်ပြည်ဘက်ခြမ်းရှိ တောများကို ကူးစက် လောင်ကျွမ်းလာနေကောင်း တရုတ် ရုပ်သံသတင်းများက ဖော်ပြ သည်
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။