|
ဒီကေဘီကေနှင့် ကေအဲန်ယူ အပစ်ရပ်ရန် သဘောတူ
မတ်လ ၂၃ ရက်၊
၂၀၀၇ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့်
တိုးတက်သော ကရင်ဗုဒ္ဒ္ဓဘာသာ
တပ်ဖွဲ့
(ဒီကေဘီအေ)တို့
ယ
မန်နေ့က
နှစ်ဖက် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု
ရယူခဲ့ သည်။
ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် ဝေါ်လေ
ကျေးရွာတွင် ထိုင်းအာဏာပိုင်များက
ကမကထ ပြု၍
ဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ရာ ကေအဲန်ယူဘက်မှ တပ်မဟာ ရ။ တပ်ရင်း ၂၀၁
တပ်ရင်းမှူး ဗိုလ်မှူးကြီးနယ်ဒါးမြ။
တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး
ဖေါဒို တို့က
ပါဝင်ပြီး
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ
တပ်ဖွဲ့မှ
တပ်ရင်း ၉၀၇ တပ်ရင်းမှူး စောလါးပွယ် ခေါ် ဗိုလ်မှူး နှုတ်ခမ်းမွေး
တို့က
တက်ရောက် ခဲ့သည်ဟု ဒီကေဘီအေ နှင့် နီးစပ်
သူတဦး ကပြောသည်။
“ထိုင်းကတော့
ဒီလိုပဲတိုက်ပွဲ ဖြစ်လို့ရှိရင်
သူတို့နယ်ထဲမှာ
လူတွေပြေး။ သူတို့နယ်ထဲမှာ
ရောက်တော့
သူတို့
လည်း
မနားရဘူး ပေါ့ဗျာ၊ စစ်ပွဲတွေ ခဏခဏဖြစ်တော့
ပြေးလာကြတော့
သူတို့လည်း
အလုပ်များတာပေါ့၊ အလုပ်ရှုပ်တာပေါ့၊
သူတို့ဆုံလို့မရလို့
ကြားက
ဆုံပေး လိုက်တာပေါ့၊ သူတို့က
အပစ်အခတ် ရပ်စဲဖို့တော့
သဘောတူကြတယ်လို့
ပြောတယ်။”
ယခုလ ၈ ရက်နေ့တွင်
ဒီကေဘီအေမှ ဗိုလ်မှူး လားပွယ် ခေါ် ဗိုလ်မှူး နှုတ်ခမ်းမွေး
ဦးဆောင်သည့် တပ်ရင်း ၉၀၇ က ကေအဲန်ယူဘက်မှ ဗိုလ်မှူးကြီး
နယ်ဒါးမြ၏
တပ်ရင်း
၂၀၁ ကို ၀င်ရောက်တိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၃၀၀ ခန့်
ထိုင်းဘက်သို့
ထွက်ပြေးခဲ့သည်။
ယခုလ ၁၂ ရက် ညနေတွင်လည်း တပ်မဟာ ၆။
ဒူးပလာယာခရိုင် ဝေါ်လေ ကျေးရွာအနီးတွင် ကေအဲန်ယူ
ဘက်မှ ဗိုလ်မှူး
လှမင်း ဦးဆောင်သည့် တပ်မဟာ ၆။ အထူးတပ်ရင်းက ဒီကေ ဘီအေ ကိုတိုက်ခိုက်ခဲ့ရာ
ဒီကေဘီအေ ဖက်မှ တပ်သား ၅ ဦးကျဆုံးခဲ့ပြီး
ကေအဲန်ယူဘက်က ၁ ဦးကျဆုံးခဲ့သည်။
ယခုလ ၁၈ ရက်နေ့တွင်
ဝေါ်လေကျေးရွာအပါအ၀င် ယင်းဒေသအနီးရှိ ကျေးရွာပေါင်း ၁၉ ရွာမှ ရွာသား ၇၀၀ ခန့်သည်
စစ်ပွဲများရပ်တန့်ရန်
နအဖ။ ဒီကေဘီအေနှင့် ကေအဲန်ယူတို့ကို
ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ |