|
မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌
သေဆုံး
ဇော်ကြီး။
ဧပြီလ ၂၃
ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှားနိုင်ငံ၊
ကွာလာလမ်ပူမြို့နယ်၊ဘန်းဒီးမြို့တွင်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး
အလုပ်လုပ်နေစဉ်
လုပ်
ငန်းခွင်၌
သေဆုံးသွားခဲ့သည်။
မလေးရှားနိုင်ငံ
ရှားဘတ်ကုမဏီတွင် အလုပ်လုပ်ကိုင်နေကြသောမြန်မာရွှေ့ပြောင်းလုပ် သားသုံးဦးသည်
ပျက်စီး
နေသည့်မြေအောက်ရေပိုက်အတွင်း
ဝင်ရောက်ပြင်ဆင်ရာမှ အောက်စီဂျင်ပြတ်၍လုပ်သားတစ်ဦး သေဆုံးပြီး
နှစ်ဦးမှာဆေးရုံတွင် အတွင်းလူနာအဖြစ်
ကုသခံနေရသည်ဟု ဘားမားကမ်ပိန်း(မလေးရှား) အဖွဲ့ကပြောသည်။
ယင်းသေဆုံးမှုသည် မလေးရှားစံတော်ချိန် နေ့လည်တစ်နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်ဟု မလေးရှားရှိ မြန်မာအလုပ်သမားများကို
ကူညီပေးနေသည့် ဘားမားကမ်ပိန်း(မလေးရှား) အဖွဲ့မှ ကိုထွန်းဝင်းညွန့်က
ပြော
သည်။
“အခုဖြစ်သွားတာက
ပိုက်တစ်ပိုက်ကပေါက်ပြီးတော့ ရေတွေထွက်လာတာ၊
အဲဒီပိုက်ပေါက် ကိုသွားဖာဖို့ အတွက်ကို
အဲဒီပိုက်ပေါက်ထဲမှာရှိနေတဲ့ ရေတွေကိုသူတို့က စုပ်ထုတ် လိုက်တယ်။
စုပ်ထုတ်ပြီးတော့လူတွေက အထဲထဲကိုအလုပ်လုပ်ဖို့ ဆင်းသွားတဲ့အချိန်မှာ
အောက်စီဂျင်ပြတ်ပြီးတော့ သေသွားရော။ တယောက်က
သေသွားတယ် နှစ်ယောက်က
အသက်ရှင်ရက်ပြန်ရတယ်။”
သေဆုံးသူမှာ
ရခိုင်အမျိုးသား အောင်ထွန်းမြ ဖြစ်ပြီး ၎င်း၏ရုပ်ကလာပ်အား မြန်မာပြည်
သို့ပြန်ပို့မည်လား၊ မလေးရှား၌
သဂြိုလ်မည်လား ဆိုသည်ကို ၎င်းနှင့်နီးစပ်သည့်သူများက ဆွေးနွေးနေကြဆဲဖြစ်သည်။
|