အခွန်နှစ်ထပ်မကောက်ယူရေး စင်္ကာပူဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုးတင်ပြမည်

သတင်းနှင့်မီဒီယာကွန်ယက်။                                                                                         မေလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

အခွန် နှစ်ထပ်မပေးဆောင်ရေး စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်  စင်္ကာပူ ၀န်ကြီးချုပ်ထံသို့ လက် မှတ်ရေးထိုး တင်ပြတောင်းဆိုသည့် လှုပ်ရှားမှုကို စင်္ကာပူရောက် မြန်မာ နိုင်ငံသားများက စတင်လိုက်သည်။

အခွန်နှစ်ထပ်မပေးဆောင်ရေးလက်မှတ်ရေးထိုးလှုပ်ရှားမှုကို ယမန်နေ့က စတင်ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို ဦးဆောင်နေသူ ကိုနိုင်မိုးအောင်က လက်မှတ်ရေးထိုးလှုပ်ရှားမှု အခြေအနေကို ယခုလိုပြော သည်။

“အခုလောလောဆည်တော့ ကျနော်တို့ နီးစပ်ရာတွေကို ကောက်တယ်ပေါ့နော်။ နောက် မြန်မာတွေ အလားများတဲ့ စင်္ကာပူက ပန်နီစုလာ ပလာဇာက ဆိုင်တွေကို အကူအညီ တောင်းပြီးတော့ စာရွက် လေးတွေထားပြီး သူတို့ကလည်း ကူညီပြီးတော့ စိတ်ဝင်စားတဲ့လူတွေ လက်မှတ်ထိုးလို့ ရတာပေါ့ နော်။”

ယင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပူးပေါင်းပါဝင်ကြရန် လက်ကိုင်တယ်လီဖုန်းမှ တဆင့် သတင်းဖြန့်ဝေ တိုက် တွန်းမှုများလည်း လုပ်နေသည်ဟု ၄င်းက ဆက်လက်ပြောသည်။

၂၀၀၁ ခုနှစ်ဆန်းပိုင်းမှ စတင်အသက်ဝင်ခဲ့သော အခွန်နှစ်ထပ်မကောက်ယူရေးစာချုပ်က စင်္ကာပူနိုင်ငံတွင် အ လုပ်လုပ်ကိုင်နေသော မြန်မာတဦးသည် ယင်းနိုင်ငံအစိုးရထံ အခွန်ပေး ဆောင်နေပါက မြန်မာအစိုးရထံသို့ အခွန် ထပ်မံပေးဆောင်ရန်မလိုကြောင်း အာမခံထား သော်လည်း မြန်မာသံရုံးက ဆက်လက်ကောက်ယူနေခဲ့ သည်။

စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသောမြန်မာများမှာ အစိုးရ နှစ်ရပ်လုံးသို့ အခွန်ပေးဆောင် နေရ၍ မလိုလားအပ် သော အခွန်ဝန်ပိမှုများဖြစ်ပေါ်နေရကာ အထူးသဖြင့် ၀င်ငွေနည်းပါး သူများနှင့် အထွေထွေအလုပ်သမားများ အ တွက် ကြီးမားသော ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု စင်္ကာပူဝန်ကြီးချုပ်ထံတင်ပြမည့်စာတွင် ဖေါ်ပြထားသည်။

ယင်းလက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားဆောင်ရွက်မှုသည် စာချုပ်ပါသဘောတူညီချက် များအရ ခံစားပိုင်ခွင့် များကို တောင်းဆိုနေခြင်းဖြစ်ပြီး မြန်မာအစိုးရအား ဆန့်ကျင် ဆောင်ရွက်ခြင်း မဟုတ်ကြောင်းနှင့်  ပါဝင် လက် မှတ် ရေးထိုးသူများ၏ လက်မှတ်နှင့် အမည်စာရင်းကို စင်္ကာပူဝန်ကြီးချုပ်ထံသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ကာ ပြင်ပ သို့ သတင်း ထုတ်ပြန်ခြင်းပြုမည်မဟုတ်ကြောင်း ကိုနိုင်မိုးအောင်က ပြောသည်။

စင်္ကာပူ ၀န်ကြီးချုပ်ထံသို့ လက်မှတ်ရေးထိုးတင်ပြတောင်းဆိုမှုကို အရေးယူဆောင်ရွက်ခြင်း မရှိပါက နောက်တ ဆင့် အနေဖြင့် မြန်မာအစိုးရထံသို့ တိုက်ရိုက်တင်ပြရန် ယင်းလှုပ်ရှားမှုကို ဦးဆောင်နေသူများက  ပြင်ဆင်ထား သည်။

စင်္ကာပူရောက်မြန်မာများသည် အခွန်နှစ်ထပ်မပေးဆောင်ရေးလှုပ်ရှားမှုကို ဇန်န၀ါရီလမှ စတင်ဆောင်ရွက်ခဲ့ကာ စင်္ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံသို့ တင်ပြတောင်းဆိုခဲ့ သော်လည်း အရေးယူတုံ့ပြန်ခြင်း မရှိခဲ့ဟု  ကိုနိုင်မိုးအောင်က ပြောသည်။

မြန်မာနိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်လည်း အလားတူစာချုပ်ချုပ်ဆိုထားကာ ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေ သော မြန်မာနိုင်ငံသားများသည် အခွန်နှစ်ထပ်ပေးဆောင်ရန် မလိုပေ။

စင်္ကာပူနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံသား ၅ သောင်းခန့် နေထိုင် အလုပ်လုပ်ကိုင်နေကြပြီး မြန်မာ နိုင်ငံသားများသည် တနှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ နှစ်သောင်းရပါက စင်္ကာပူအစိုးရထံ အခွန်ငွေ ၉ရာခိုင်နှုန်းပေး ဆောင်နေရပြီး လစဉ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၁၅၀၀ ရရှိပါက မြန်မာသံရုံးသို့ ၁၀ ရာခိုင်နှုန်းပေးဆောင်နေရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။