|
လိုင်စင်သစ်များ ထုတ်ပေးမည့်သတင်းကြောင့်
ဆိုင်ကယ်ဈေးတက်
သီတာထွန်း။
ဇွန်လ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။
လိုင်စင်မဲ့ ဆိုင်ကယ်များကို မကြာမီ လိုင်စင်ထုတ်ပေးတော့မည်ဆိုသော သတင်းများ
ကြောင့် နယ်စပ်ဒေသများ တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဈေးတက်သွားသည်။
မေလအတွင်း
ဆိုင်ကယ် တစီးလျှင် ကျပ်ငွေ (၄၃)သိန်းခန့်ဈေးရှိခဲ့ရာမှ ယခုအခါ
(၄၈)သိန်းခွဲခန့်အထိ ဈေးတက် သွားသည်ဟု မြ၀တီမြို့မှ ဆိုင်ကယ်ပွဲစားတဦးက
ပြောသည်။
လိုင်စင်မဲ့ ဆိုင်ကယ်များကို မကြာမီ လိုင်စင် ပြုလုပ်ပေး တော့မည်ဟု မြ၀တီရှိ
လိုင်စင်ရုံးမှ ၀န်ထမ်းတဦးက အ တည်ပြုပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်ပြုလုပ်ပေးရန်အတွက် တိုင်းနှင့်ပြည်နယ်ရှိ
အရာရှိများ ယနေ့ နေပြည်တော် တွင် အစည်းအဝေးကျင်းပနေသည်ဟု လိုင်စင်ရုံးမှ
ဝန်ထမ်းကပြောသည်။
လာမည့်
ဇူလိုင်လတွင် တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး
ကြားကာလတွင် တရား မ၀င် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုသိထားရကြောင်း
မြ၀တီမြို့ခံ တဦးက ပြောကြားသည်။
“ကျနော်တို့ ရုံးတွေကိုတော့ စာဝင်နေပြီခင်ဗျာ၊ ခုလောလောဆယ် သူတို့က
ဆိုင်ကယ်တွေကို အရင် ဖမ်းမယ်လို့ ပြောတယ်ခင်ဗျ၊ မလုပ်သေးခင် အရင်ဖမ်းမယ်၊
ဖမ်းပြီးတော့မှ ချပေးမှာပေါ့၊”
ယခင်က
သက်တမ်းတိုးပေးရာတွင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များကိုသာ
တိုးပေးခြင်းဖြစ်ပြီး လိုင်စင်အသစ် ပြုလုပ်ပေးခြင်းမရှိသော်လည်း ယခုအခါ
လိုင်စင်မဲ့ဆိုင်ကယ်များ အားလုံးကို လိုင်စင်ပြုလုပ်ပေးမည်ဟု ၄င်းက ပြောသည်။
အခြား
မြ၀တီမြို့ခံတဦးကလည်း “ အခု လိုင်စင်လုပ်ပေးတာက သူ့ဈေးနှုန်းနဲ့
သူပေါ့နော်၊ လောလော ဆယ်တော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး၊ နာဂစ်အလှူ စီမံချက်နဲ့
သူတို့က လုပ်ပေးမှာ။” ဟုပြော သည်။
နာဂစ် အလှူ
စီမံချက် ဆိုသည်မှာ လိုင်စင်ဖိုးပေးသွင်းသော ငွေများကို
မုန်တိုင်းပြန်လည်ထူထောင်ရေး အတွက် အသုံးပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် မတ်လကုန်မှ စတင်ကာ (၄) လအတွင်း တရားမ၀င်
ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးခဲ့ပြီးနောက်ပိုင်း လေးနှစ်ကြာပြီးနောက်
ယခုကဲ့သှို့ လိုင်စင်သစ်များ ထုတ်ပေးမည့် သတင်းများ ထွက် လာခြင်းဖြစ်သည်။
|