မြစ်ကြီးနားတွင် သံဃာတော်များ ဆန္ဒပြ၊
ဓါတ်ပုံလိုက်ရိုက်သူ ကျောင်းဆရာတဦး အဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ယက်။
စက်တင်ဘာလ ၂၃ရက်၊ ၂၀၀၇ ခုနှစ်။

သံဃာတော်များ ကံဆောင်သပိတ်မှောက်မှုကို ထောက်ခံသည့်အနေဖြင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ယနေ့နေ့ခင်းပိုင်းက သံဃာတော် အပါး ၂၀၀ ကျော်နှင့် လူထုပူးပေါင်း၍  ပထမဦးဆုံးအကြိမ် စီတန်းလှည့် လည် ဆန္ဒပြခဲ့ရာ ဓါတ်ပုံလိုက်ရိုက်သည့် ကျောင်းဆရာတဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပရိတ်တရားရွတ်ဖတ်ရင်း ကြွချီဆန္ဒပြပုံကို သံဃာတော်များနှင့်အတူ ကိုယ်တိုင် လမ်းလျောက်ဆန္ဒပြခဲ့သူ မြစ်ကြီး နားမြို့ခံတဦးက ယခုလို ပြောသည်။

 “သံဃာအပါး နှစ်ရာကျော်ပေါ့။ ကျောင်းတိုင်ဘုန်းကြီးကျောင်းက စထွက်ပါတယ်။ ပရိတ်တရားတော် ရွတ်ပြီး ရှေ့မှာ သာသနာ့အလံကိုင်၊ ရှေ့မှာ ကံဆောင်သပိတ်ကို မှောက်ပြီး သုံးပါးစီ လမ်းလျောက် ဆန္ဒပြတာပါ။ ကျောင်းတိုင်ဘုန်းကြီးကျောင်ကနေထွက်ပြီး မြို့တပတ် ပတ်တာပေါ့နော်။ ဈေးတပတ် ပတ် ပြီးသွားတော့ ၁၁ခွဲလောက်ကထွက်ပြီး တနာရီခွဲလောက်မှာ ကျောင်းကို ပြန်ရောက်ပါတယ်။ ”

ယုဇနရပ်ကွက် အတွင်း၌ ကျောင်းတိုင်ဘုန်းကြီးကျောင်းတွင် ကျောင်းသားများကို စာသင်ပေးနေသည့် ကျောင်း ဆရာတဦးသည် သံဃာတော်များ ပရိတ်တရားတော် ရွတ်ဖတ်ရင်း ကြွချီဆန္ဒပြရာတွင် ဓာတ်ပုံလိုက်ရိုက်ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံ သွားရသည်ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည် မြစ်ကြီးနား မြို့ခံတဦးက ပြောသည်။

“အဲဒီမှာ အက်စ်ဘီဘက်ကလို့ကြားပါတယ်။ ဆိုင်ကယ်နဲ့ ခေါ်တင်သွားတာ။ မေးကြည့်လိုက်တော့ လေ။ ကျောင်းတိုင်ဘုန်းကြီးကျောင်းမှာ ပညာဒါနစာသင်ပေးတဲ့ စာသင်သား တရာကျော်လောက်ရှိ တယ်လေ။ သံဃာတော်တော်တွေ ကူပေးရင်းနဲ့ ဓာတ်ပုံလိုက်ရိုက်တာ။ ကျောင်းရောက်ခါနီးမှာ ဖမ်း သွားပါတယ်။ ”

ဆန္ဒပြသူများကို အာဏာပိုင်များက ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပြီး နှောက်ယှက်တားဆီးခြင်း မရှိသော်လည်း ဆန္ဒပြပြီး အပြန် ကျောင်းအနီးတွင် ကျောင်းဆရာတဦးကိုသာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသည့် ကျောင်းဆရာ လွှတ်မြောက်ရေးအတွက် သံဃာတော်များ ဆောင်ရွက်နေကြသည်ဟု ဒေသခံ များက ပြောသည်။

သံဃာလှုပ်ရှားမှုတွင် ပြည်သူလူထု ငါးရာခန့် လိုက်ပါခဲ့ကြပြီး လမ်းတလျှောက်တွင် လူထုအများအပြား စောင့် ကြည့်ပြီး လက်ခုပ်တီးအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် တရက်တည်း သံဃာ တော်များ ကြွချီဆန္ဒပြခဲ့ကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။