ထိုင်းနိုင်ငံတွင် ထောင်တန်အတုများထွက်ပေါ်နေ 

နွယ်လေး။
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံတွင် တစ်ထောင်တန် ငွေစက္ကူအတုများ တွေ့ရှိသဖြင့် ဘတ်ငွေ အတုနှင့်အစစ် သေချာ ခွဲခြား စစ်ဆေး ကြရန် ထိုင်းအစိုးရက သတိပေး နိုးဆော်ထားသည

ပီးခဲ့သည့် ကြာသပတေးနေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ခေါန်ကဲန်မြို့တွင် ဘတ်စ်ထောင်တန် ငွေစက္ကူအတု များ တွေ့ရှိသည့် သတင်း ပျံ့နှံ့ခဲ့ရာမှ ယမန်နေ့က သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုင်းအစိုးရက ဘတ်ငွေ အစစ်တွင် ပါရှိသည့် အချက်(၆)ချက်နှင့် သတိပြု စစ်ဆေိးုင်သည်ဟု တို့ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

ဘတ်တစ်ထောင်တန် အစစ်တွင် ပါရှိသည့် ထိုင်းဘုရင်မင်းမြတ် ရေစာပုံ ဘေးနှစ်ဘက်တွင် (Diamond –shape )သင်္ကေတကို ထင်ရှားစွာ တွေ့နိုင်သည်။ ထောင်တန်တွင် ပါရှိသည့် စာသားနှင့် နံပါတ်တွင် တွန့်ကွေးပီး လက်ဗွေပုံ သဏ္ဍာန် ရှိပြီး၊ ငွေမင်ရောင် မျဉ်းအောက် ဘယ်ဘက်ထောင့်စွန်းတွင် တစ်ထောင်သင်္ကေတအား လျှို့ဝှက် ဖုံးကွယ် ထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ဖော်ပြသည်။

သေးငယ်သည့် ထိုင်းစာသားနှင့် တစ်ထောင်ဟု သေးငယ်သည့် ငွေမင်ရောင်တွင် ရေးသား ထားသည်ကိုလည်း သေးငယ်သည့် မှန်ဘီလူးနှင့် ကြည့်ရှုနိုင်သလို ထောင်တန်တွင် ထင်ရှားစွာ ထိပ်ညာဘက်ထောင့်စွန်းတွင် မင်ဖြင့် ရိုက်နှိပ်ထားသည့် (၁၀၀၀)စာလုံး၏ အထက်ခြမ်းတွင် ရွှေရောငှ်င့် အခြားအောက်ခြမ်းတွင် အစိမ်းရောင် ပါရှိကြောင်းနှင့် ထောင်တန်ငွေစက္ကူတွင် ရိုကှ်ိပ်ထားသည့် ကြာပွင့်တွင် ကြာပန်းများ သီးခြားစီရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ တရားဥပဒေအရ ဘတ်ငွေများကို လက်ခံခြင်း မပြုပါက အရေးယူနိုင်သော်လည်း ဘန်ကောက်နှင့် အခြား မြို့ကြီးများရှိ ဈေးဆိုင်အချို့တွင် "ဘတ်တစ်ထောင် လက်မခံ"ဟု ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။

ချင်းမိုင်ရှိ ဈေးသည်တဦးက " ကျမတို့ ရင်းတာက ဘတ် တစ်ထောင်ကျော်ကျော်နဲ့ ရင်းတာ။ တစ်ထောင်တန် အတု တစ်ရွက်မိလဲ ကျမတို့က အရင်းပြုတ်မှာပဲ။ ဒါကြောင့်မို့ မယူရဲဘူး တစ်ထောင် တန်ဆို" ဟု ပြောသည်။

ထောင်တန် ငွေစက္ကူ အတု ထွက်ပေါ်လာသည့် သတင်းကြောင့် နိုင်ငံခြားသား ခရီးသွားများအချို့က ATM မှ ငွေများ ထုတ်ယူရန် မ၀ံ့မရဲ ဖြစ်နေကြသည်ဟု ထိုင်းရုပ်သံလွှင့်သတင်းတွင် ပါရှိသည်။  

ထိုင်းဥပဒေအရ ငွေတုထုတ်သူများသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျခိုံင်ကြောင်းနှင့် ဖြန့်ဝေသုံးစွဲသူများသည်လည်း ထောင်ဒဏ် တစှ်စ်မှ ၁၅နှစ်အထိ ကျခံနိုင်ကြောင်း ယနေ့ထုတ် ဘန်ကောက် ပို့စ် သတင်းစာတွင် ဖော်ပြသည်။

ထိုင်းဘတ်ငွေအတုများသည် စတင်ထုတ်လုပ်စဉ်ကတည်းက ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုမှ ပေါ်ပေါ် ထင်ထင် တွေ့ရှိသည်ဟု Bank of Thailand Bank ၏ အရှေ့မြောက်ပိုင်း ဘဏ်ခွဲ၏ အကြီးတန်း ဒါရိုက်တာ ဆွမ်ချိုင် စခွန်နကူးက ပြောသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။