|
ဒီကေဘီအေကားအား ကေအဲန်ယူတိုက်
အနည်းဆုံး ၂ ဦးသေဆုံး
ခွန်အောင်မြတ်။
ဇန်န၀ါရီလ ၂၄ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းနယ်စပ် မြ၀တီမြို့နယ်တွင်
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ
တပ်မတော် (ဒီကေဘီအေ)အဖွဲ့ဝင်များ
လိုက်
ပါလာသည့်ကားကို
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်ဖွဲ့များက
ခြုံခိုတိုက်ခိုက်ရာ
ဒီကေဘီအေ တပ်သားသုံးဦး သေဆုံးပြီး
၈ ဦး ဒဏ်ရာရှိသည်။
ယမန်နေ့
နေ့လည်ပိုင်းက
ကေအဲန်ယူ တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း ၁၀၃ နယ်မြေဖြစ်သည့် မော်လီ
ချိုင်း
ကျေးရွာ အနီး မြ၀တီ-ကော့ကရိတ်ကားလမ်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု
ကေအဲန်ယူ၏
သတင်းနှင့် ပြန်ကြားရေး
တာဝန်ခံ ဗိုလ်မှူးစောလှငွေက အတည်ပြုပြောသည်။
“ကားနှစ်စီးမှာ
တစီးကိုထိပြီးတော့
၁၁ ယောက် ထိခိုက်တာပေါ့။
ထိခိုက်သေဆုံးထဲမှာ လောလော
ဆယ် ကတော့
နှစ်ယောက်သေပြီးမှ
ဆေးရုံမှာ ဒီနေ့လားမသိဘူး
မနေ့လား
နောက်ထပ်တယောက်
ထပ်သေတယ်လို့
ပြောတယ်။
”
ထိခိုက်သေဆုံးသူများလည်း ဒီကေဘီအေ တပ်ဖွဲ့များဖြစ်ပြီး
ဒဏ်ရာရရှိသည့်
ဒီကေဘီအေ တပ်ဖွဲ့ဝင်များမှာ
မြ၀တီဆေးရုံတွင် ဆေးကုသမှု
ခံယူနေသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
တိုက်ခိုက်ခံရသည့်ကားသည် အရပ်သားပိုင်ကားဖြစ်ပြီး
ဒီကေဘီအေအဖွဲ့က
ချောဆွဲမောင်းနှင်လာခြင်း ဖြစ်
သည်။
တပ်မဟာ(၆) နယ်မြေအတွင်းသို့
အရပ်သားကားများကို ဒီကေဘီအေနှင့် မြန်မာစစ်တပ် တို့ကို
ပေးမသုံးရန်၊
၎င်းတို့ပိုင်
ကားများကိုလည်း စီးနင်းလိုက်ပါခြင်းမပြုရန် ကေအဲန်ယူက ထုတ်ပြန်ကြေငြာထားသည်ဟု
ဗိုလ်မှူး
စောလှငွေက
ဆက်ပြောသည်။
“အဲဒီတော့
စစ်မြေပြင်မှာကတော့ ရန်သူကအသုံးပြုတဲ့ ရန်သူကားက ရန်သူဆိုရင်တော့ ကျနော်တို့
ကတော့
တဖက်ရန်သူဆိုရင် တိုက်မှာပဲလို့
ပြောထားတယ်။
အဲဒီအရပ်သားက ကျနော်ကြားတာက
အဲဒီအရပ်သား ကားက မင်းတို့မောင်းရဲရင်တော့
မောင်းသွား ငါတော့ မပါဘူးဆိုတော့ ဒီကေဘီအေ
ကပဲ
မောင်းသွားတယ်လို့ကြားတယ်။
”
လွန်ခဲ့သည့် နှစ်လယ်ပိုင်းမှ စတင်၍
ဒီကေဘီအေနှင့် မြန်မာစစ်တပ်ပိုင်ကားများအား လိုက်ပါစီးနင်းခြင်း မပြုရန်
ကေအဲန်ယူ အဖွဲ့က
အရပ်သား ခရီးသည်များအား သတိပေးပြီးနောက်ပိုင်း
မြ၀တီ-ကော့ဂရိတ်လမ်းတွင် ခရီး
သည်တင်ကားအချို့အား
တိုက်ခိုက်မှုများ
ပြုလုပ်ခဲ့သည်။
နှစ်ကုန်ပိုင်းမှစ၍
တိုက်ခိုက်မှုများ
စိတ်လာခဲ့ရာ ယခု
တွင်
ဒီကေဘီအေအဖွဲ့ဝင်များ
လိုက်ပါလာသောကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီကေဘီအေအဖွဲ့မှာ
ကေ
အဲန်ယူ
မှ ခွဲထွက်ပြီး
မြန်မာစစ်တပ်နှင့် ပူးပေါင်းနေသော အဖွဲ့ဖြစ်သည်။
|