|
သင်္ကြန်အလွန်
ထိုးတက်လာသော ကုန်ဈေးနှုန်းကြောင့်
အိမ်ရှင်မများ ညီးညူနေ
သီတာထွန်း။
ဧပြီလ
၂၃ရက်၊ ၂၀၀၈ခုနှစ်။
ယခုနှစ် သင်္ကြန်အပြီးတွင်
မြင့်တက်လာနေသော ကုန်ဈေးနှုန်းများကြောင့် မြန်မာပြည်အနှံ့မှ
အိမ်ရှင်မများ ဈေး သွားရာတွင် ပိုမိုအခက်ကြုံနေကြရသည်။
“အရင်
၁၅၀ တန် ဘဲဥက ၂၀၀ ဖြစ်နေပြီဟေ့။ တက်တာက အားလုံးတက်တယ်။ ကျနေတာ တခု
ပဲရှိတယ်။
စိတ်ဓါတ်၊
စိတ်ဓါတ် ”
ဟု
ဘားအံမြို့မှ
အိမ်ရှင်မတဦးက ပြောသည်။
ပဲခူးမြို့မှ
အိမ်ရှင်မတဦးက လင်မယားနှစ်ဦးသာ ရှိသည့် သူတို့အိမ်တွင်ပင် ချွေတာနေရသည်ဟု
ပြောသည်။
“ဈေးသွားရင်
လင်မယားနှစ်ယောက်စာဝယ်ဖို့
ငွေလေးထောင်လောက် ထည့်သွားရင်တောင် သိပ်မ
လောက်ချင်ဘူး၊ ပိုပြီးချွေတာရတာပေါ၊့
အရင်အသားအစိတ်သားဝယ်ရင် ခုနှစ်ဆယ်သားပဲဝယ်၊ အရင်
ဆယ့်ငါးကျပ်သားဆို ခုတဆယ်သားပေါ့၊ ကြည့်စားပေါ့၊
တလကို နှစ်ယောက်စားဖို့ပဲ ငါးသောင်းမ
လောက်ဘူး၊ ဒါတောင်ဆေးဖိုးဝါးခ
မပါသေးဘူး။ ”
သင်္ကြန်အပြီး
ပြောင်းလဲသွားသော ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတအိတ်
၂၃၀၀၀ကျပ် မှ ၂၆၀၀၀ကျပ်၊ ငစိန်
ဆန်တပြည် ၅၅၀ကျပ်မှ ၇၀၀ကျပ် ဖြစ်နေပြီး အသားငါးများမှာ ယခင်ကြက်တပိဿာ
၆၀၀၀ကျပ်မှ ယခု ၇၀၀၀ကျပ်၊ ငါးဖယ်ခြစ် တပိဿာ
၅၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ ဈေးတက်သွားသည်ဟု ပဲခူးမြို့မှ
အိမ်ရှင်မက ပြောသည်။
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ
ကမ္ဘာနှင့်အ၀ှမ်း ဆန်ပြတ်လပ်မှုအခက်အခဲများနှင့်
ရင်ဆိုင်ခဲ့ရပြီး နောက်
မြန်မာပြည်အပါအ၀င် ဒေသတွင်းရှိနိုင်ငံများတွင် ဆန်ဈေးနှင့် အခြား
စားသောက်ကုန်ပစ္စည်းများပါ ဈေး
တက်လာခြင်းဖြစ်သည်။
ကုန်ဈေးနှုန်းများ
ကြီးမြင့်လာမှုကြောင့်
မြန်မာပြည်တွင်းရှိ ပြည်သူများမှာ ယခင်ကထက်ပိုပြီး
စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်လာရသည်ဟု အိမ်ရှင်မများက ပြောသည်။
|