|
ထိုးစစ်အသစ်ကြောင့်
ကရင်ရွာသား တထောင်ခန့် ထွက်ပြေးနေရ
စောရန်နိုင်။
မေလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
နအဖစစ်တပ်က
ကရင်အမျိုးသားအစည်းအရုံး၏တပ်မဟာ (၃) အခြေစိုက်ရာညောင်လေးပင်ခရိုင်အတွင်း ထပ်မံ
ထိုးစစ်ဆင်လာသဖြင့် ဒေသခံကရင်ရွာသား တထောင်ခန့် တောတောင် များအတွင်းသို့
ထွက်ပြေးပုန်းရှောင်နေ ရသည်။
ထွက်ပြေးနေသူများမှာ
ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ ၀ါပယ်ကွီး၊ လယ်ဝါး၊ ထီးဘလား၊ ခူးဖာ
လယ်၊ ထီးဘူးခီး၊ ထီးညာမူခီး စသည့် ဒေသခံကျေးရွာများမှ ရွာသားများ ဖြစ်သည်ဟု
ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ဒေသခံ ရွာသားတဦးဖြစ်သူ စောမူနာဖိုး က
ပြောသည်။
နအဖစစ်တပ်
အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ဒုက္ခရောက်နေရသည့် အကြောင်းကို
၎င်းက ယခုလိုပြောသည်။
“အခုကျတော့ တခါတည်း တစ်ရင်းလုံး၊ နှစ်ရင်း၊ သုံးရင်း၊ လေးရင်း အကြီးအကျယ်
ထိုးစစ်ဆင် နေတယ်။ အခုထိ ပြန်မဆင်းသေးဘူး။ လှုပ်ရှားနေတုန်းပဲ။ ရွာသူရွာသား
တွေကလည်း အခုလော လောဆယ် သူတို့ တောင်ယာ ဆူးထိုးနေတဲ့အချိန်မှာလေ၊ တယောက်မှ
ဆူးပြန်မထိုးရဲကြတော့ဘူး ဖြစ်နေတယ်။ တောထဲမှာ ပုန်းအောင်းနေ တာပေါ့။ သစ်ပင်၊
ဝါးပင်အောက်မှာပေါ့။ မိုးကာတဲလေး ထိုးပြီးတော့ ဒီလိုပဲ နေနေရတာပေါ့။
လူဦးရေအားလုံး တထောင် ပတ်ဝန်းကျင် ရှိပါတယ်။”
၂၀၀၆
ခုနှစ်အစောပိုင်းမှ စတင်လာခဲ့သည့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်အတွင်း
နအဖစစ်တပ်၏ စစ်ဆင် ရေးသည် ယခုနှစ်အစောပိုင်းတွင် အနည်းငယ်လျှော့ချခဲ့ပြီး ယခုလ
၁၁ ရက်နေ့တွင် ညောင်လေးပင်ခရိုင် ရွှေ ကျင်မြို့နယ်ရှိ ကျေးရွာများကို ယခုလို
ထပ်မံထိုးစစ် ဆင်လာခြင်းဖြစ်သည်။
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ထိုးစစ်ဆင်ရာတွင် ယခုထိ
ရွာသားထိခိုက် သေဆုံးမှု မရှိသော် လည်း ထီးဘူးခီးကျေးရွာနှင့် ဒေသခံပိုင်
စပါးကျီတခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ၄င်းဒေသခံ ရွာသားက ပြော သည်။
ထိုးစစ်ဆင်ရာတွင်
သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များပါမကျန် ပစ်ခတ် သတ်ဖြတ်ကြပြီး၊ ဒေသ
ခံများ သိုလှောင်ထားသည့် စပါးကျီများတွေ့ရှိပါက မီးရှို့ဖျက်ဆီး ခြင်းများ
ပြုလုပ်ကာ ရွာသူရွာသားများ၏ အိမ် မွေးတိရိစ္ဆာန်နှင့် ပစ္စည်းဥစ္စာများတွေ့ရှိပါက
လုယက်ယူသွားကြသည်ဟု စောမူနာဖိုးက ပြောသည်။
ရွှေကျင်မြို့နယ်တွင်
ထိုးစစ်ဆင် လှုပ်ရှားနေသည့် လက်ရှိနအဖတပ်များမှာ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆၊
၂၁၅၊ ၂၁၈ နှင့် ၂၂၀ စသည့် တပ်ရင်းတို့ ဖြစ်ကြောင်း ကရင်ပြည်နယ် အိုးအိမ်မဲ့
ပြည်တွင်းဒုက္ခ သည်များကို လှည့်လည်ကူညီ ဆောင်ရွက်နေသည့်
လူမှုကယ်ဆယ်ရေးအဖွဲ့တဖွဲ့ ဖြစ်သည့်
(Committee for Internally Displaced Karen People, CIDKP)
မှ တာဝန်ရှိသူတဦးက ပြောသည်။
နအဖသည်
ကေအဲန်ယူစစ်သားများသာမက အရပ်သားများကိုပါ ပစ်မှတ်ထား သတ်ဖြတ် နေခြင်းနှင့်
ပတ်သက် ပြီး ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း
က ယခုလို သုံးသပ်သည်။
“အဲ့ဒါကတော့ သူတို့က
Genocide
(မျိုးတုံးသတ်ဖြတ်မှု) လုပ်တာပဲ။ မျိုးဖြုတ်တဲ့ ကိစ္စပဲလေ၊ ကျနော် တို့ ယူဆတယ်။
ရွာသားတွေက လုံးဝ အသက်ရှည်ရပ်တည်လို့ မရတော့အောင် ပန်းကန်တွေ ထိုး ဖေါက်တယ်၊
ထမင်းအိုးတွေ ထိုးဖေါက်တယ်၊ ထမင်းချက်စားလို့ မရတော့ဘူး။ စပါးကျီတွေ မီးရှို့
တယ်၊ တောင်ယာတွေ မီးရှို့လိုက်တယ်။ ဘာမှ လုပ်စားလို့ မရတော့ဘူး။
ရိက္ခာထွက်ဝယ်လို့လည်း မရ တော့ဘူး။ အဲ့ဒီလိုဆိုတော့ ဒါက Genocide
တွေပဲ။ လူတွေ
အကုန်လုံးမျိုးတုံးသွားအောင် သူကလုပ် တယ်။”
ယခင်လက တပ်မ ၈၈
လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခမရ ၁၀၃၊ ၃၀၁၊ ၄၁၆၊ ခလရ ၁၃ နှင့် စကခ ၁
လက်အောက်ခံတပ်များ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ခေးပူနှင့်
နော်ယိုထ ဒေသအတွင်းရှိ ကျေး ရွာအုပ်စုများကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်
ဒေသခံ ၄၀၀၀ ကျော် က အလားတူ ထွက်ပြေးပုန်းရှောင်နေခဲ့ ရသည်။
နအဖစစ်အစိုးရသည်
ဖာပွန်ခရိုင်အတွင်းရှိ လယ်မူပလောကျေးရွာမှ ဘူဆာခီးကျေးရွာသို့ ကားလမ်းဖေါက်လုပ်
မည်ဖြစ်သဖြင့် ယင်းဒေသတ၀ိုက်တွင် ဒေသရှင်းလင်းရေး လုပ်ဆောင် လျက်ရှိသည်ဟု
ပဒိုမန်းရှာလဖန်းက ပြောသည်။
မြန်မာစစ်အစိုးရ၏ ၂၀၀၆
ခုနှစ်မှ စတင်ခဲ့သည့် ထိုးစစ်ကြောင့် တောင်ငူနှင့် ညောင်လေးပင်
ခရိုင်အတွင်းရှိ ဒေ သခံရွာသား ၃၀၀၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေရပြီး ၁၆၀၀၀
ကျော် သည် ကရင်ပြည်နယ် တောတောင် များထဲတွင် ပုန်းအောင်းလျက်ရှိသည်ဟု ကရင်
ပြည်နယ် အတွင်းမှ လူမှုကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်သည့်
(Free Burma Ranger)
က
ခန့်မှန်းသည်။
|