မြောက်ဒေသအတွင်း မြိုနယ်၊ တိုက်နယ်အရာရှိများအား ဗဟိုမူဝါဒများကိုရှင်းပြ

သတင်းနှင့်မီဒီယာ ကွန်ယက်။
မေလ(၂၄)
က် ၂ဝ၁ဝ ခုနှစ်

ရှမ်းပြည်နယ်အရှေပိုင်း၊ အထူးဒေသ(၂) ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချမှတ်ထားသည့် မူဝါ များနှင့်ပတ်သက်၍ ဒေသခံလူထုအားရှင်းပြနိုင်ရန် ဝသပ ခေါင်းဆောင်တဦးဖြစ်သူ ပေါက်ယူယိက မိုင်းမော ခရိုင် အတွင်းရှိ မြို့နယ်၊ တိုက်နယ်အဆင့် ခေါင်းဆောင်များကို လိုက်လံရှင်းပြနေသည်။

မကြာသေးမီရက်ပိုင်းကစ၍ ပေါက်ယူယိက မိုင်းမောသို့ ရောက်ရှိလာပြီး ခရိုင်အတွင်းရှိ မြိုနယ်၊ တိုက်နယ်အ ဆင့် ခေါင်းဆောင်များမှတဆင့် ပါတီ၏ မူဝါဒများကို ဒေသခံလူထုထံ ထပ်မံရှင်ပြနိုင်ရန် ဒေသတွင်းတာဝန်ရှိသူ များအား ရှင်းပြခဲ့သည်ဟု မိုင်းမောရှိ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ဒေသခံလူထုတွေရဲ အကျိုးစီးပွားတွေ မပျက်စီးအောင် ဝတပ်ဖွဲက ကာကွယ်စောင့်ရှောက် သွားမယ် ဆိုတာကို ရှင်းပြပေးဖို့ ပါတီကေဒါတွေကို တွေဆုံနေတာ။ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လူထုတွေ ငြိမ်းချမ်းရေး၊ တိုးတက်ဖွံဖြိုးရေးအတွက် ဆောင်ရွက်သွားမယ်၊ ကိုယ်လုပ်စရာရှိတာ ဆက် လုပ်ဖို့၊ စိုးရိမ် ကြောက်လန့်မှုမရှိဖို့ အားပေးရမယ်ဆိုပြီး ကေဒါတွေကို မှာတာပေါ့။ ဟု မိုင်းမောရှိ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။  

ဝသပ ဥက္ကဌ ပေါက်ယူချန်းအား လာရိုးသို့လာရောက်ရန် မကြာသေးမီရက်ပိုင်းက အရှေမြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထ်ွက ကမ်းလှမ်း ဖိတ်ခေါ်ထားပြီး ဝသပအနေဖြင့် ယခင်တင်ပြဆွေးနွေး ထားမှုအပေါ် နအဖဘက်က မတုံ့ပြန်ခဲ့၍ သွားရောက်မှာ မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

အရင် တွေဘက်က လျော့ပေါ့ပြီး တောင်းဆိုထားတဲ့ဟာတွေကိုလည်း နအဖဘက်က ဘာမှ မတုံ့ ပြန်တော့ ထပ်ပြီးဆွေးနွေးဖို့ဆိုတာ မဖြစ်ဖို့များနေတယ်။ အခုချိန်အထိတော့ တွေမယ်၊ မတွေ့နိုင်ဘူး မတုံ့ပြန်ဘူး။

ဝသပ က ယခင်တောင်းဆိုချက်များဖြစ်သည့် နယ်ခြားစောင့်တပ်အား တပ်ဖွဲဝင် ချည်းဖြင့်သာဖွဲ့စည်းရေး၊ တောင်ပိုင်း ဝမ်ဟုန် ဒေသအား စစ်ဒေသအဖြစ် သတ်မှတ်ရေးစသည့် အချက်များအစား နအဖတပ်ဖွဲဝင် (၅)ဦး ထည့်သွင်းဖွဲစည်းရေး၊ အနားယူသူများနှင့် မသန်စွမ်းသူများအား (၅)နှစ်စာ ထောက်ပံ့ကြေးငွေ တလုံး တခဲတည်း ထုတ်ပေးရေးစသည့် အချက်များဖြင့် အစားထိုး တောင်းဆိုထားခဲ့သည်။

တပ်ဖွဲက ယခုလို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်၍ နအဖနှင့် ဆွေးနွေးမှု မပြေမလည် ဖြစ်နေချိန်တွင် ၂ဝဝ၈ ဖွဲစည်းပုံအရ ကိုယ်ပိုင်အချုပ်ခွင့်ရ တိုင်းဒေသအတွင်းပါဝင်သည့် မိုင်းမောမြိုတွင် မြို နယ် အတွင်းရှိ နှင့်လားဟူ တိုင်းရင်းသားများဖြစ်သည့် ကျေးရွာပြည်သူ့စစ်များကို စုစည်းပြီး အမှတ်(၁ဝ၁ဝ) နယ်ခြား စောင့် တပ်ရင်သစ်တခု ခုလ(၂ဝ)ရက်နေ့က နအဖက ဖွင်လှစ်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။