|
ဆိုင်ကယ်ပွဲစားများကို မြ၀တီရဲမှ ခေါ်ယူခြိမ်းခြောက်
ခွန်အောင်မြတ်။
ဇူလိုင်လ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
နေပြည်တော်မှ
အထူးစုံစမ်းစစ်ဆေးရေး( စသုံးလုံး)အဖွဲ့က မြ၀တီမှ ယာဉ်ထိန်းရဲသုံးဦးကို
ဆိုင်ကယ်ပွဲစားများ ထံမှ လာဘ်စား၍ ဖမ်းဆီးခဲ့ပြီးနောက်
မော်တော်ဆိုင်ကယ်ပွဲစားများကို ဒေသခံရဲများက ခေါ်ယူ ခြိမ်းခြောက်နေ ကြောင်း
မြန်မာကုန်သည်များက ပြောသည်။
“ဒီသတင်းကို ဘယ်သူ့မှ
မပြောရဘူးပေါ့။ ပြောလို့ရှိရင် ပေါက်ကြားလို့ရှိရင် မင်းတို့ကို အခုချက်
ချင်းဖမ်းမယ်လို့ ပြောတယ်။ ရဲက တမျိုး ထောက်လှမ်းရေးက တမျိုး ကျနော်တို့ကို
ခြိမ်းခြောက်နေ တယ်ပေါ့နော်။ အခု စသုံးလုံးမှာ ပေးရတယ်ဆိုပြီးတော့
ထွက်ထားတယ်ပေါ့။ အခု ဒီသတင်းနဲ့ ပတ် သက်လို့ ပြင်ပမီဒီယာတွေကို ပေါက်သွားတဲ့
အတွက်ပေါ့နော်၊ မင်းတို့ ကနေပြီးတော့ မပေးရဘူး ဆိုပြီးတော့
ထွက်ဆိုပေးဖို့ပေါ့နော်၊ အဲဒါ ရုံးမှာ ထွက်ဆိုပေးပေါ့၊ မထွက်ဆိုပေးဘူးဆိုရင်
မင်းတို့ကို ဖမ်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားတယ်။”
ဟု အမည်မဖော်လိုသည့်
ကုန်သည်တဦးက ပြောသည်။
အကယ်၍ မလိုက်နာပါက
ယင်းသို့ထုတ်ဖော်ပြောဆိုသူများကို တခြားပြစ်မှုဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
ကြောင်း ဆိုင်ကယ်ပွဲစားများက ပြောသည်။
မြ၀တီဖက်ကမ်းသို့
ထိုင်းနိုင်ငံမှ တရားမ၀င် မော်တော်ဆိုင်ကယ်များတင်သွင်းနေသော ပွဲစားများထံမှ
ယာဉ် ထိန်းရဲများက ဆိုင်ကယ်နှင့် ငွေများကောက်ခံခဲ့သည့် သတင်း
ထွက်ပေါ်လာပြီးနောက် နေပြည်တော်မှ အထူးစစ် ဆေးစုံစမ်းရေးအဖွဲ့ (စသုံးလုံး)က
မြ၀တီသို့ရောက်လာပြီး ဆိုင်ကယ်ပွဲစားများကို ခေါ်ယူစစ်ဆေးခဲ့သည်။
ဆိုင်ကယ်ပွဲစားများက
ယင်းသတင်းမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ဒု-ရဲအုပ် ဇော်သက်ထွေး၊ တပ်
ကြပ် စန်းထွန်း (ခေါ်) အရှည်ကြီး နှင့် ဒု-တပ်ကြပ် လှမျိုးထွဋ်တို့ကို
လာဘ်စားမှုဖြင့် ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆိုင်ကယ်ပွဲစားများမှာ
စသုံးလုံး နှင့် ရဲတို့၏ အကြားတွင် မြေဇာပင်ဖြစ်နေရသည်ဟု အခြား ကုန်သည်တဦးက
ယခုလို ပြောသည်။
“ကိုယ်လည်းပေးလည်းပေးရတယ်။ အခု သူတို့ ခဏခဏ ခေါ်တာ စစ်တာကို အမြဲတမ်း စိတ်ညစ် ရ
တာ ပေါ့နော်။ အခု စသုံးလုံးက တခါခေါ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ အခုတခါ ရဲက
တခါကျနော် တို့ကို ခေါ်တယ် မေးတယ်။ အဲဒါကြောင့် ကျနော်တို့က ကြားထဲကနေ
မြေဇာပင်ဖြစ်နေတာ။ ဒါအ မှန်စကား ကျနော် ဒါ ရင်ထဲက စကားပြောတာ။ အဲဒါကြောင့်
ကျနော်ကြောက်သွားပြီ အမှန်တကယ် ကြောက်သွားတာ။”
ဆိုင်ကယ်ပွဲစားအချို့မှာ စသုံးလုံးနှင့် ရဲ ဖမ်းဆီးစစ်ဆေးခံရမည် ကြောက်ရွှံ့၍
ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်း ရှောင် နေကြသည်။
ထိုင်းနိုင်ငံမှ
တရားမ၀င်ဆိုင်ကယ်များကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) ၏ ဂိတ်
အမှတ်(၁၁)မှ တင်သွင်းခဲ့ပြီး ဆိုင်ကယ်အမျိုးအစားအလိုက် ကျပ်ငွေ တစ်သောင်းမှ
နှစ်သောင်းအထိ ဖြတ်ကျော် ခ ပေးဆောင်ကြရသည်။
နေပြည်တော်မှ
စသုံးလုံးအဖွဲ့ မြ၀တီသို့ ရောက်ရှိနေချိန်တွင် ဒီကေဘီအေ ဂိတ်အမှတ် (၁၁) ကို
ခေတ္တပိတ် ထား သော်လည်း ၄င်းတို့ပြန်သွားပြီးနောက် ယင်းဂိတ်ကို
ပြန်လည်ဖွင့်လှစ်ခဲ့ကာ ယခင်အတိုင်း ပုံမှန်လည်ပတ် လျှက် ရှိသည်။
|