|
ဒုက္ခသည်စခန်းတွင်
တရားမ၀င်နေထိုင်သူများ ဖမ်းဆီးခံရ
အောင်မိုးမြင့်။
ဇူလိုင်လ ၂၄ ရက်၊
၂၀၀၇ ခုနှစ်။
ထိုင်း
မြန်မာ နယ်စပ် မဲဆောက်မြို့အနီး
မယ်လဒုက္ခသည်စခန်းအတွင်း
တရားမ၀င် ၀င်ရောက်နေထိုင်သူများကို ထိုင်း အာဏာပိုင်များက
ယနေ့နံနက်က
ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ယင်းဖမ်းဆီးမှုနှင့်
ပတ်သက်၍
စခန်းအုပ်ချူပ်ရေးတာဝန်ခံ ပလပ် အခရဖန် ဖွန်စီ က ထိုင်းဘာသာဖြင့် ယခုလို ပြောသည်။
“စစ်သားတွေဝင်လာပြီး
စစ်ဆေးတာပါ။
ရိုးရိုးဝင်လာစစ်ဆေးတာပါ။
ချော်ကော်လော်(နယ်မြေထိန်း
ချူပ်ရေး ခြေလျင်တပ်)
၁၇ က စစ်တပ်က စစ်သားတွေပါ။
အသစ်ရောက်ရှိလာတဲ့ သူတွေကို ၀င်
ရောက်ဖမ်းဆီးတာပါ။
အခုအားလုံးပြီးစီး
သွားပါပြီး၊
ဘာမှပြဿနာ
မရှိတော့ပါဘူး။
ယူအဲန် (ကုလသ
မဂ္ဂ)ကလုပ်ပေးထားတဲ့
အိမ်ထောင်စု စာရင်း မရှိတဲ့သူတွေပါ။
ခိုးပြီး
ဝင်လာနေထိုင်နေတဲ့သူတွေကိုပါ။
အခု အယောက် ၂၀ ကျော်ကို ဖမ်းဆီး ချူပ်နှောင် ထားလိုက်ပါပြီ။
သူတို့ကို
ထိုင်းလူဝင်မှု ကြီးကြပ်
ရေးကို
ပို့ဆောင်ပေးမှာ
ဖြစ်ပါတယ်။
သူတို့ဟာ
တရားမ၀င် ခိုးဝင်လာတဲ့ အတွက် ဥပဒေ နဲ့ငြိစွန်း
နေသူတွေဖြစ်တယ်။”
မယ်လဒုက္ခသည်စခန်း
အုပ်ချူပ်ရေးအဖွဲ့က
ဒုက္ခသည်များကို
စခန်းပြင်ပသို့မထွက်ကြရန်
ယမန်နေ့ည
သန်း
ခေါင်တွင် တကြိမ်၊
ယနေ့နံနက်
လေးနာရီတွင် တကြိမ်
သတိပေးကြေညာပြီးနောက်
ဖမ်းခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် တတိယနိုင်ငံသို့
သွားရောက်ခွင့်ရရန် ဒုက္ခသည်စခန်းမှ
တာဝန်ရှိသူများကို လာဘ်ငွေ
ပေးကာ
ဝင်လာသူများပါဝင်သည်ဟု ဒုက္ခသည်
တစ်ဦးက ပြောသည်။
“လက်ဦးတုံးက
အဲ့ဒီမှာ ရက်ကွက်မှုးတွေရှိခဲ့နေတယ် ရှိနေတော့ အဲ့ဒီရက်ကွက်မှုးတွေကို ငွေပေးပြီး
တော့
ဝင်နေတယ်၊
ဒီရက်ကွက်မှူးတွေက အခုမရှိတော့ဘူးကြားတယ်။
ဟို့
တတိယနိုင်ငံတွေကို ထွက်သွားကုန်ပြီ။
အဲ့တော့ နောက်ပိုင်းမှာ တော်တော် ပြဿနာတွေက
တက်နေတယ်။
အဲ့ဒီလူမျိုးတွေ
က အဖမ်းခံရတာများ တယ်လို့
သိရတယ်။”
၂၀၀၅
ခုနှစ်တွင် ကုလသမဂ္ဂနှင့်
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့မှ
ပူးပေါင်း၍
ဒုက္ခသည်များကို
မှတ်ပုံတင်ပေး ခဲ့ ပြီး
ယခု ဖမ်းဆီးခံရသူများသည် ၂၀၀၅ နောက်ပိုင်းဝင်ရောက်လာသော မှတ်ပုံတင်မရှိသူများ
ဖြစ်သည်။
ယခုနှစ် ဧပြီလမှ
စတင်၍
မယ်လဒုက္ခသည်စခန်းမှ
ဒုက္ခသည်
၂၀၀၀ ခန့်သည်
အမေရိကန်၊
ကနေဒါ စသည့် တတိယနိုင်ငံများသို့
ပြောင်းရွှေ့အခြေချနေထိုင်ရန်
ထွက်ခွာသွားပြီ
ဖြစ်သည်။
မယ်လစခန်းတွင် ဒုက္ခသည်
လေးသောင်းကျော် နေထိုင်လျှက်ရှိကာ
အများစုမှာ ကရင်လူမျိုးများဖြစ်ပြီး
ထိုင်း
မြန်မာ နယ်စပ်ရှိ ဒုက္ခသည်
စခန်း ၉ ခုအနက် လူဦးရေ အများဆုံးနှင့် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည်။
|