|
ဆန္ဒပြမှုနှင့် ပတ်သက်သည့် ကောလာဟလများ ၈၈ မျိုးဆက် ငြင်းဆို
သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
ယခုအပတ်အတွင်းဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို မြန်မာစစ်အစိုးရက နောက်ကွယ်မှ
ဖန်တီးနေခြင်းဖြစ်သည် ဆိုသော ကောလာဟလများသည် အခြေအမြစ်မရှိကြောင်း ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ် သည့် ကိုလှမျိုးနောင်က ငြင်းဆိုလိုက်
သည်။
ကိုလှမျိုးနောင်က
“လူတွေက နားလည်မှု လွဲနေတာက အမျိုးသားညီလာခံပြီးတော့မယ်၊ ပြီးရင် အရပ်
သားအစိုးရကို အာဏာလွှဲရမယ်။ အာဏာလွှဲရမှာ ကြောက်တဲ့အတွက် ကြောင့်မို့ စစ်တပ်က
ဒီလိုလုပ် နေတာလို့ ကျနော်တို့ အဲလိုမျိုးပြန်ကြားရတယ်။ ဒီလိုမျိုးသတင်းဟာ ဒါ
သူတို့တမင်လွှင့်တဲ့ သတင်း ပဲဗျ။” ဟု ပြောသည်။
ဆန္ဒပြမှုများအတွင်း
အခြေအနေများ ရှုတ်ထွေးနေပြီး သူ့လူကိုယ့်လူ ခွဲခြားရခက်ခဲ နေသည်ဟု ၈၈ မျိုးဆက်
ကျောင်းသားတဦးက ပြောသည်။ နံဘေးမှ အားပေးနေသော လူထုများကြားတွင် အစိုးရ
လိုလားသူများ ၀င် ရောက်ရောနှောကာ ယခုလို ကောလာဟလများ လွှင့်ထုတ်နေခြင်း
ဖြစ်နိုင်သည်ဟု အဆိုပါ ၈၈ မျိုးဆက် ကျောင်းသား က ပြောသည်။
“အခုဆိုရင်
လမ်းလျောက်ကြတယ်ဗျာ၊ ဆန္ဒဖော်ထုတ်ကြတယ်ဗျာ။ အဲဒီအချိန်မှာ အားပေးချင်နေတဲ့
လူထုတွေက ထွက်လာကြတယ်ဗျာ။ လမ်းတွေပေါ်က တိုက်တွေပေါ်က လက်ခုပ်တွေ ၀ိုင်းတီးကြတယ်
ဗျာ။ အဲဒီအချိန်မှာ- လူတွေ ထွက်လာတဲ့ အချိန်မှာ- သူတို့တွေက အဲဒီလူအုပ်ထဲကို
ဝိုင်းရောလိုက် တယ်။”
ယခုဆန္ဒပြမှုများသည်
အမှန်တကယ် လူထုအကျိုးကို လိုလားသူများက ပြုလုပ်နေ ခြင်းဖြစ်သည်ဟု အာဏာပိုင်
များ၏ ဖမ်းဆီးမှုမှ တိမ်းရှောင်နေရသော ကျောင်းသား ခေါင်းဆောင်လှမျိုးနောင်က
ပြောသည်။
“လူထုကြားထဲမှာ
တကယ်ကို ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို လူထုက ဖော်ပြခြင်းသာလျှင်ဖြစ် တယ်။
လူထုရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တကွ တ
ကယ့်အကျိုးကို လိုလားတဲ့လူတွေက တကယ့် အနစ်နာခံပြီး ရှေ့ကနေ ဦးဆောင်ဦးရွက်
ဖော်ပြနေတာ သာလျှင်ဖြစ်တယ်။”
ယခုအပတ်အတွင်း ၈၈
မျိုးဆက်ကျောင်းသားများဦးဆောင်၍ လောင်စာဆီများ ရုတ်တရက်
ဈေးမြှင့်လိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လမ်းလျောက်ဆန္ဒပြခဲ့သည်။ ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို အာဏာ ပိုင်များက ဖမ်းဆီးထိန်းသိမ်း
ခဲ့သော်လည်း ဆန္ဒပြမှုများ နေ့စဉ်ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ မင်းဇေယျာနှင့်
ကိုကိုကြီးတို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော် လည်း ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွင် လှမျိုးနောင်အပါအ၀င် ယခုအချိန်ထိ
အနည်းဆုံး ခေါင်း ဆောင် ၃ ဦး လွတ်မြောက် နေဆဲဖြစ်သည်။
|