ကျောင်းသား ခေါင်းဆောင်များ မိသားစု ၀င်များအား ဖမ်းဆီး

သတင်းနှင့်မီဒီယာကွန်ယက်
သဂုတ် ၂၄ ရက် ၂၀၀၇ ခုနှစ်

ယမန်နေညက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ မိသားစုဝင် အနည်းဆုံး နှစ်ဦးကို အာာပိုင်များ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားတဦးက ပြောသည်

ဖမ်းဆီးထိန်းသိမ်းခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကီးနှင့် ကိုဌေးကွယ်တို့၏ သားချင်း များ ထပ်မံ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကိုကိုကီး နှမဖြစ်သူ အေးအေးထွန်းနှင့် ကိုဌေးကွယ် အကိုဖြစ်သူ ကိုအောင်ကျော်ဦး တို ဖြစ်ကသည်

ညနက်ပိုင်း ဖမ်းဆီးရှာဖွေမှုများကို အာာပိုင်များက ဆက်လက်ပြုလုပ်လျက်ရှိနေပီး လွတ်မြောက်နေဆဲဖြစ် သည့် ကိုလှမျိုးနောင်နှင့် မနီလာသိန်းတို့၏ နေအိမ်များကိုလည်း ယမန်နေက ဆက်လက်ရှာဖွေခဲ့သည်

(အမှား ပြင်ဆင်ချက်)

ယခု ဖော်ပြသတင်းတွင် မအေးအေးထွန်းမှာ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့၏ အဖွဲဝင်တဦးဖြစ်ပီး ကိုကိုကီး နှမ မဟုတ်ပါ ယင်းကို ပြင်ဆင်ဖတ်ရှု့ပေးပါရန် ပန်ကားပါသည်

အယ်ဒီတာ
သတင်းနှင့်မီဒီယာကွန်ယက်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။