|
ဗန်းမော်တွင် လုံခြုံရေးများ
တိုးမြှင့်
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၄ ရက်၊
၂၀၀၇
ခုနှစ်။
ဗန်းမော်မြို့ရှိ
ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များသည် ယနေ့
နံနက် ၆ နာရီကျော်မှစ၍
ဒုတိယနေ့
အ
ဖြစ် မေတ္တာပို့
လမ်းလျှောက်ဆန္ဒပြမှုများ
ဆက်လက်ပြုလုပ်ရာ အာဏာပိုင်များက
လုံခြုံရေးများ
တင်းကျပ်ထား
ခဲ့သည်။
ယနေ့လမ်းလျှောက်မှုတွင်
လုံခြုံရေး
တင်းကြပ်မှု
အနည်းငယ်ရှိကြောင်း
ဗန်းမော်ရှိ သိမ်တော်ကြီးကျောင်းမှ
သံဃာတစ်ပါးက ယခုလိုမိန့်ကြားသည်။
ဗန်မော်မြို့က
ကျဉ်းတော့လေ ကျဉ်းတဲ့အခါကျတော့ လမ်းကလည်း မနေ့ကလမ်းပဲ
ဦးဇင်းတို့ရွေး
လိုက်တယ်။
ဒီနေ့မှာတော့
ထူးခြားတာတော့ ဘာလဲဆိုတော့ သူတို့အစောင့်တွေများတာပေါ့
ကနေ့ ပေါ့၊
ကနေ့ဆိုရင်
ရဲစခန်းတွေလည်း ပိတ်ထားတယ်။
ရုံးတွေလည်းပိတ်ထားတယ်။
သူတို့က
ဦးဇင်း
တို့
မြို့ထဲ လှည့်ပတ်တဲ့
အချိန်ပေါ့လေ။
ရဲစခန်းတွေပိတ် ရုံးတွေပိတ်၊
ဦးဇင်းတို့နောက်မှာ
စစ်တွေ
ကော၊
ရဲတွေကော၊
စသုံးလုံးတွေကော အကုန် နောက်က လိုက်လာကြတာပေါ့။
သူတို့အနေနဲ့
စာ
ရင်းကောက်တာပေါ့။
ကနေ့
ဘယ်ကျောင်းက ဘယ်နှစ်ပါး၊
ဘယ်ကျောင်းကဘယ်နှစ်ပါးပေါ့။
သူတို့
အချင်းချင်း
သူတို့ဘာသာ
သူတို့
ဆက်သွယ်ရေးနည်း စနစ်နဲ့၊
စာရင်းကောက်နေတာတော့ ကနေ့
တွေ့တယ်။ သူတို့ဆက်သွယ်တာတွေ
ဦးဇင်းတို့
နားထောင်ရတာပေါ့လေ။
သံဃာတော်များသည် သိမ်တော်ကြီးဘုရားရှိ
ဗိမာန်တွင် ဆွမ်းစားပြီးနောက်
မေတ္တာပို့
ဆန္ဒပြလမ်းလျှောက်ခဲ့ရာ
တွင်
သံဃာ အပါး ၂၅၀ ခန့်ပါဝင်သည်။
ဗန်းမော်မြို့ရှိ
ရဟန်းသံဃာများ မေတ္တာပို့
ဆန္ဒပြလမ်းလျှောက်ရာ
ဆေးရုံရှေ့အရောက်တွင်
ဓါတ်ပုံရိုက်ယူသူ တစ်ဦးကို ရဟန်းတစ်ပါးမှ ခဲနှင့်ပစ်ပေါက်ခဲ့ရာ အာဏာပိုင်များက
ရဟန်းများ ဆေးရုံသို့
ခဲများဖြင့် ပစ်ပေါက်
သည်ဟု စွပ်စွဲပြောဆိုနေကြသည်။
ယင်းစွပ်စွဲချက်ကို ဗန်းမော်မှ သံဃာတော်က ယခုလိုရှင်းပြသည်။
ဆေးရုံနားရောက်တဲ့အခါကျတော့ ကင်မရာကို ကျကျနန ချိန်းပြီးတော့
ရိုက်နေတဲ့လူတစ်ယောက်
တွေ့လို့
သံဃာတစ်ပါးက ခဲနဲ့
ပေါက်မိလိုက်တယ်ပေါ့လေ။
အဲ့မှာဆို သူတို့ကလည်း
ပြည်သူ့ဆေးရုံ
ကို
ခဲနဲ့ပေါက်တယ်၊
ဘာညာပေါ့လေ၊
သူတို့ဆက်သွယ်ထားတဲ့သတင်းထဲမှာ
ဦးဇင်းတို့
ကြားရတာ
ပေါ့။
အမှန်ကတော့ ဦးဇင်းတို့အနေနဲ့
ဓါတ်ပုံရိုက်လို့မိုလို့
ဦးဇင်းတစ်ပါးက စိတ်တိုပြီးပေါက်လိုက်
တာလေ။
မှန်လေးကွဲသွားတာ၊
အဲ့ဒါကို သူတို့က
ပြည်သူ့ဆေးရုံကို
ခဲ့နဲ့ပေါက်တယ်
ဘာညာပေါ့ အကျယ်ချဲ့ပြီးတော့
သူတို့အချင်းချင်း
ဖုန်းဆက်နေတာ သတင်းဆက်သွယ်နေတာ ဦးဇင်းတို့ကြားရ
တယ်။
ရဟန်းသံဃာများ
ကြွချီရာလမ်းတစ်လျှောက်တွင်
ယမန်နေ့ကနှင့်မတူဘဲ
ပြည်သူများက လက်အုပ်ချီကာ ပူဇော်
ခဲ့သလို လမ်းများကို
လှည်းကျင်းသုတ်သင်၍
သန့်သန့်ရှင်းရှင်း
ပြုလုပ်ထားသည်။
ဗန်းမော်မှ
သံဃာတော်များသည် မနက်ဖြန် ဆက်လက်ပြုလုပ်မည့် လမ်းလျှောက်ပွဲတွင်
ပြည်သူများ ပါဝင်လက်
တွဲရန်လည်း ဖိတ်ခေါ်ထားသည်။
ဗန်မော်မြို့မှာရှိတဲ့
ပြည်သူပြည်သားတွေပေါ့လေ ကနေ့
ပြည်သူတွေအတွက် ဆန္ဒပြနေတဲ့
ငြိမ်အေး
စွာ
မေတ္တာနဲ့
ဆန္ဒပြနေတဲ့
သံဃာတွေနဲ့အတူ၊
ဆရာ ဒကာ လက်တွဲညီစွာနဲ့
လက်တွဲလိုက်ပါဖို့
ဖိတ်
ခေါ်ပါတယ်ဆိုတဲ့အ ကြောင်း။
ယနေ့
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြခဲ့မှုကို
နံနက် ၀၇း ၄၅ ခန့်တွင်
ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
|