|
စစ်တွေကျောင်းသားများ စာမေးပွဲမဖြေဆိုပဲ ဆန္ဒပြမှုတွင်ပါဝင်
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၄ ရက်၊
၂၀၀၇ ခုနှစ်။
၁၄း၅၀
စစ်တွေမြို့တွင်
ရဟန်းသံဃာများနှင့်အတူ မယ်သီလရှင်များ၊
ကျောင်းသားများနှင့် ပြည်သူလူထု ထောင်သောင်း
ချီ၍
ယနေ့
လမ်းလျောက် ဆန္ဒပြမှုတွင်
ပါဝင်ခဲ့သည်။
မြို့ပြင်ရှိ
စစ်တွေ တက္ကသိုလ်သို့
ပြေးဆွဲသော ကားများ ရပ်တန့်ထားသဖြင့်
ကျောင်းသားများ စာမေးပွဲ မဖြေဆိုရပဲ ရှိသည်ဟု ကျောင်းသား တဦးက ပြောသည်။
ဒီနေ့
ကျောင်းသားတွေလည်းပါတယ်။
ကျောင်းသားတွေ ဒီနေ့
ကျောင်းကားမဆွဲပေးဘူး။ ကျောင်း
သားတွေ လမ်းလျှောက်ပြီး
ကျောင်းသားတွေလည်း လမ်းလျှောက်ပြီးဆန္ဒပြတာပါလို့၊
အဲ့ဒါကြောင့်
စာမေးပွဲ တစ်နာရီကျော်နေပြီး
ကျောင်းကားတွေ လုံးဝမဆွဲရဘူး အပြင်ကို ကျောင်းသားတွေက အဲ့ဒီ
အတွက်ကြောင့်
စာမေးပွဲလည်း မဖြေရဘူး။
စစ်တွေမြို့ရှိ
တက္ကသိုလ်ကျောင်းသည်
စစ်တွေမြို့၏
အပြင်ဖက်
(၄)မိုင်အကွာတွင်ရှိပြီး
တက္ကသိုလ်ကျောင်းသား
များအတွက်
သီးသန့်ပြေးဆွဲပေးနေသည့်
လိုင်းကားများရှိသည်။
လမ်းလျှောက်ဆန္ဒပြမှုကို
ယနေ့
မွန်းလွဲ ၁၂နာရီ ၅၀ မီနစ်ခန့်တွင်
စစ်တွေမြို့ရှိ
ဘုရားကြီးမှ
ရဟန်သံဃာများ စတင်ခဲ့ပြီး
ဘုရားကြီးမှတဆင့်၊
သဘောင်္ဆိပ်၊
ထိုမှတဆင့် ဦးဥတ္တမလမ်းမကြီးအတိုင်းဆက်လျှောက်သွားကြပြီး၊
ထိုမှတဆင့် လမ်မကြီးအတိုင်း
ပြန်လာကာ ဦးဥတ္တမ
ပန်းခြံသို့သွားပြီး
ဦးဥတ္တမ
ရုပ်ထုရှေ့တွင်
ပန်းခွေချကြ
သည်။ ၄င်းနောက်
မေယုလမ်းမအတိုင်း ဆက်လျှောက်သွားကြပြီး
ကမ်းနားလမ်း အတိုင်းဆက်လက်ချီတက်
သွားကာ
လမ်းတလျောက်တွင် သံဃာများနှင့် ပြည်သူများက တောင်းဆိုမှုများ ကြွေးကြော်သွားကြသည်ဟု
ဆက်လက်ပြောသည်။
သံဃာတော်တွေက ပရိတ်ရွတ်ကြတယ်ပေါ့နော်။
လူထုတွေက ကုန်ဈေးနှုန်းကျဆင်းရေး
တောင်းဆို
ကြတယ်၊
ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး
တို့အရေးပေါ့။
ကျောင်းသားတွေလည်းပါတယ်။
စစ်တွေမြို့တွင်း
လမ်းလျှောက်ဆန္ဒပြရာလမ်းတစ်လျှောက်တွင်
ရဲများက အရပ်ဝတ်များဖြင့် သက်ဆိုင်ရာ မယက၊
ပယက ရုံးများတွင်သာ လုံခြုံရေးယူထားသည်များရှိပြီး
စစ်တပ်၏
လှုပ်ရှားမှု
တစ်စုံတစ်ရာ မတွေ့ရဟု
ပြော
သည်။
|