|
နယ်စပ်အခြေစိုက်
ပအိုဝ်းအဖွဲ့များ
တူညီသော ဦးတည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည်
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၂၅ ရက်၊
၂၀၀၈ ခုနှစ်။
နိုင်ငံရေးဦးတည်ချက် တခုတည်းအောက်တွင် ပေါင်းစည်းလုပ်ဆောင်သွားရန်အတွက်
ထိုင်း-မြန်မာနယ်စပ်ရှိ ပအိုဝ်းအဖွဲ့အစည်းများ
ပူးပေါင်း၍
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(ပီအဲန်အယ်လ်အို)
ဗဟိုကော်မတီ
အဖွဲ့ဝင်များကို
ယမန်နေ့တွင်
တိုးချဲ့ဖွဲ့စည်းလိုက်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏
နိုင်ငံရေး
ဦးတည်ချက် ငါးရပ်ကို ပိုမို ကျယ်ပြန့်စွာ
လုပ်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအဖွဲ့လေးဖွဲ့ကို
တစုတစည်းထဲ ပူးပေါင်း ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး
အဖွဲ့
အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး
ခွန်သူရိန်က ပြောသည်။
“ပြည်ပမှာ
ရှိနေတဲ့ ပအိုဝ်းလူထုတွေရဲ့
သဘောထားတွေရော ကျနော်တို့
ရယူတယ်။
ပြည်တွင်း
မှာ
ရှိတဲ့
ကျနော်တို့
ပြည်သူရဲ့သဘောထားကတော့
ကျနော်တို့သိရှိထားတဲ့အတိုင်းပဲ
ကျနော်တို့
ပအိုဝ်း
အဖွဲ့
အစည်းတွေ ဒီလို အစိတ်စိတ်အမွှာမွှာ
ဖြစ်နေတဲ့ ဟာတွေ၊
သူက တနည်းလုပ် ကိုယ်က တနည်း
လုပ်
ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့
ပြည်တွင်းက ပအိုဝ်းအဖွဲ့အစည်းတွေကလည်း
ဒါတွေကို အလို
မရှိပါဘူး။
ကျနော်တို့
ပအိုဝ်းအဖွဲ့အစည်းတွေ
စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့
ရည်မှန်းချက် တခုထဲ အတူသွားနေတာကို ကျနော်တို့
ပအိုဝ်းအမျိုးသားထု တရပ်လုံးကလည်း ဒါကို လိုလား
ပါတယ်။”
ပီအဲန်အယ်လ်အို၏
ဗဟိုကော်မတီဝင်
(၁၃)ဦးအတွင်းတွင် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(ပီအဲန်
ဒီအို)၏
ဥက္ကဌဖြစ်သူ
ခွန်စိန်ထွန်းသည် တွဲဖက်အတွင်းရေးမှူး (၂)၊
ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့
(ပီဝိုင်
ဒီအို) ဥက္ကဌဖြစ်သူ
ခွန်ရက်ခမ်းက ဗဟိုကော်မတီဝင်အဖြစ်နှင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ
(ပီဒဗလျူယူ)၏
အထွေ ထွေ
အတွင်းရေးမှူးဖြစ်သူ နန်းယဉ်သွယ်က ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူကြသည်။
ပအိုဝ်းအဖွဲ့အစည်းများ
တစုတစည်းတည်း ပေါင်းစည်းလိုက်သည့်အတွက် စစ်အာဏာရှင်
စနစ်ကို
ဆန့်ကျင်မှု
အတွက်
ပိုမို စည်းလုံးညီညွှတ်မှု
ရှိမည်ဟု
ဗိုလ်မှူးကြီး
ခွန်သူရိန်က ပြောသည်။
“ကျနော်တို့
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့
အဖွဲ့အစည်းကို
တိုးချဲ့ဖွဲ့စည်း
လိုက်တဲ့
ကိစ္စ
မှာတော့
ဒီကနေ့
အခြေအနေအရမှာဆိုရင် ကျနော်တို့
နိုင်ငံမှာ နအဖ စစ်အုပ်စုရဲ့
ဖိနှိပ်မှုဟာ
ပြင်း
ထန်သထက် ပြင်းထန်
လာတယ်၊
ရက်စက်သထက် ရက်စက်လာတယ်ဆိုတဲ့ အချိန်ကျတော့ ကျနော်
တို့
သူတပေါက် ကိုယ်တပေါက်နဲ့
တိုက်လို့
မရပါဘူး။
ကျနော်တို့
စည်းလုံးညီညွှတ်စွာနဲ့
တိုက်ယူမှ
ပဲ ကျနော်တို့
ရမှာဖြစ်တယ်။
အဲတော့ ဒီကနေ့
ကျနော်တို့
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ကို
မြှင့်တင်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အခါကျတော့
ကျနော်တို့
ပအိုဝ်းတွေဟာ တစည်းတလုံးထဲ ဖြစ်သွားပြီ
ဆိုတဲ့အချိန်ကျတော့ တိုက်ပွဲဝင်တဲ့နေရာမှာလည်းပဲ စည်းစည်း လုံးလုံးနဲ့
ဖြစ်မယ်၊
ကျနော်တို့
မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားဖို့
ပအိုဝ်းအမျိုးသားတွေ အနေနဲ့
တဖက်တလမ်းကနေပြီး
တော့
ဝင်ပြီးတော့မှ
တိုက်ပွဲဝင်ပေးတဲ့နေရာမှာလည်းပဲ ပိုမိုထိထိရောက်ရောက် ရှိလိမ့် မယ်။”
ယခု တိုးချဲ့ဖွဲ့စည်းသည့်အပေါ်
ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ့(ပီပီအယ်လ်အို)နှင့်
ပအိုဝ်းလူငယ် အစည်း
အရုံး
(ပီဝိုင်အို) တို့
ပူးပေါင်းပါဝင်မှု
မရှိသေးသော်လည်း ထောက်ခံကြိုဆိုကြောင်း
ပြောဆိုကြသည်။
ပီပီအယ်လ်အို၏
ဥက္ကဌ
ဗိုလ်မှူးကြီး
ခွန်ဥက္ကာက
“ကျနော်တို့ကတော့
ကြိုဆိုတယ်။
ဘာကြောင့်လဲ
ဆို တော့
လူငယ်တွေ၊
အမျိုးသမီးတွေ၊
ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
လုပ်တဲ့ အဖွဲ့အစည်းတွေက
နိုင်ငံရေးလုပ်
ငန်းမှာ
ပိုပြီးတော့
ပါဝင်လာ ဖို့လိုတယ်။
ပိုပြီးတော့
စိတ်ဝင်စား ပိုပြီးတော့
လုပ်လာဖို့လိုတယ်။
အဲဒါ အခု နိုင်ငံရေးလုပ်ငန်း လုပ်ဖို့အတွက်
ပူးပေါင်းကြတယ်ဆိုရင်တော့
ကျနော်တို့ဒါ
ကြိုဆိုရမှာဖြစ်
တယ်။
မူအားဖြင့်ပေါ့လေ။”
ဟု
ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည်
၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်
ရေးအဖွဲ့မှ
ခွဲထွက်တောခိုပြီး
မြန်မာစစ်အစိုးရကို လက်နက် ကိုင်တော်လှန်နေသော အဖွဲ့အစည်းဖြစ်သည်။
|