|
ဖွဲ့စည်းပုံဥပဒေကို
ကန့်ကွက်ရန်
ကချင်ကျောင်းသားများ လှုံ့ဆော်
သတင်းနှင့် မီဒီယာကွန်ယက်။
မတ်လ ၂၅ ရက်၊
၂၀၀၈ ခုနှစ်။
ကချင်ပြည်နယ် မြစ်ကြီးနားနှင့်
ဝိုင်းမော်မြို့တွင်
နအဖ၏
ဖွဲ့စည်းပုံဥပဒေသစ်ကို
ကန့်ကွက်ကြရန်
လှုံ့စာဆော်
သော ပိုစတာတိုက်ပွဲကို
ကချင်ကျောင်းသားများက ယနေ့မနက်ပိုင်းတွင်
ပြုလုပ်ခဲ့သည်။
လှုံ့ဆော်စာတွင်
အတင်းအဓမ္မ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတည်ပြု
လူထုဆန္ဒခံယူပွဲအား
ကန့်ကွက်မဲပေးကြ၊
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
ဟု ရေးသားထားကာ မြစ်ကြီးနားတွင်
အေဖိုးစာရွက် အစောင် ၅၀၀
နှင့် ၀ိုင်းမော်တွင် အစောင်
၁၀၀ခန့်
ကပ်ခဲ့သည်ဟု ယင်းလှုပ်ရှားမှုတွင်
ဦးဆောင်ပါဝင်ခဲ့သူ ကျောင်းသားတဦး
က ပြောသည်။
ဤလှုပ်ရှားမှုကြောင့်
ပြည်သူလူထုသည် မေလတွင် ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲအတွက်
ပြတ်သား ဆုံး
ဖြတ်
ချက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း
၎င်းက ဆက်လက် ပြောသည်။
“ကပ်တာကို
သူတို့
သဘောကျတယ်။
ဆုံးဖြတ်ချက် ခိုင်မာသွားတာပေါ့။
အစတုန်းကတော့ နအဖ
လုပ်တာကို လုံးဝမကြိုက်ဘူး။
လုပ်တာမဟုတ်ဘူးဆိုတာလည်း သိတယ်။
ဒါပေမယ့် သူတို့က
ဘယ်လို တုံ့ပြန်ရင်ကောင်းမလဲ
သူတို့ဘက်က
ေ၀၀ါးနေတာလေ။
တကယ်လို့
ကန့်ကွက်မဲပေးရင်
အရေးယူ
လာမလား၊
မှတ်ပုံတင်နံပါတ်တို့၊
နေရပ်လိပ်စာတို့
ထည့်ရတဲ့ အခါကျတော့ သူတို့ကိုများ
ဖမ်းလာမ
လား၊
အဲလိုမျိုးသူတို့က
စိုးရိမ်နေတာလေ။
အခုက ကျနော်တို့
အခြေခံဥပဒေသစ်ကို ကန့်ကွက်မဲ
ပေးမှဘဲ
ကျနော်တို့က
ဒီတိုက်ပွဲမှာ အောင်မြင် မှာဖြစ်တယ် ဆိုတဲ့ခါကျတော့ သူတို့က
ဆုံးဖြတ်ချက် တခုကို ရသွားတာလေ။
”
လှုံ့ဆော်စာများကို
မြစ်ကြီးနားတက္ကသိုလ်၊
ကွန်ပြူတာကောလိပ်၊
မြစ်ကြီးနားဈေး
အမှတ်(၁) နှင့်(၂)၊
ရန်ကြီး
အောင်
နှင့် ဒူကထောင်
မနက်ခင်းဈေးများ၊
ဘူတာရုံ၊
မြစ်ကြီးနား(၁၄)ရပ်ကွက်၊
မြို့ပြင်ရှိ
ကျေးရွာလေးရွာတွင် တပြိုင်တည်း
ကပ်ခဲ့ပြီး
ဝိုင်းမော်မြို့ရှိ
ရပ်ကွက်၆ခုတွင် ကပ်ခဲ့ကြသည်။
ကချင်ပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂက
ယခုကဲ့သို့
လှုံ့ဆော်စာကပ်သည့်လှုပ်ရှားမှု
ပြုလုပ်ခဲ့ပြီး
တစုံ
တရာ အဖမ်းအဆီးမရှိခဲ့သော်လည်း
မြစ်ကြီးနားတက္ကသိုလ်တွင်
ကျောင်းသား လှုပ်ရှားမှုများမဖြစ်စေရန်
ရဲနှင့် စစ်တပ်များကို လုံခြုံရေး
ချထားခဲ့သည်။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂသည်
မြစ်ဆုံရေကာတာဆန့်ကျင်ရေး၊
အစိုးရ ဆန့်ကျင်ရေးစာများ
မ
ကြာခဏဆိုသလို
ဒေသတွင်း ဖြန့်ဝေနေသည့်
အဖွဲ့လည်း
ဖြစ်သည်။
|