|
ရာနှင့်ချီသော ရွာသားများ ဆန္ဒခံယူပွဲကို
မသိကြ
ခွန်အောင်မြတ်။
ဧပြီလ
၂၅ ရက်၊ ၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းရှိ ရာနှင့်ချီသော ကျေးရွာသားများ ဆန္ဒခံယူပွဲတွင်
မဲပေးရမည်ကို မသိကြသေးကြောင်း
ယင်း ဒေသကို ရောက်ရှိနေသူက ပြောသည်။
ဆီဆိုင်မြို့နယ်
ပွန်ချောင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာ ငါးရွာနှင့်
မောက်မယ်မြို့နယ်ရှိ
ကျေးရွာအချို့မှ ရာနှင့်ချီ သော
ရွာသားများအား အာဏာပိုင်များက ယာယီမှတ်ပုံတင်များ
ပြုလုပ်ပေးနေသော်လည်း ရွာသားများမှာ ဆန္ဒခံ
ယူပွဲနှင့် ပတ်သက်၍ တစုံတရာ
သိရှိခြင်းမရှိဟု အဆိုပါ ဒေသသို့ ရောက်ရှိနေသူက ပြောသည်။
မြို့ကြီးနှင့်နီးသည့်
ကျေးရွာများတွင်မူ လူထုဆန္ဒခံယူပွဲအတွက်
ယာယီမှတ်ပုံတင်ပြုလုပ် ပေးရခြင်းဖြစ်သည်ဟု အသိပေးသော်လည်း မြို့နှင့်ဝေးသည့်
ကျေးရွာများမှာမူ မှတ်ပုံတင်ပြုလုပ်ပေးသော်လည်း မည်သည့်အကြောင်း
မှန်း မသိကြကြောင်း
ယင်းဒေသကို ရောက်ရှိခဲ့သူက ပြောသည်၊
“ကျနော်ရောက်သွားတုန်းက
မှတ်ပုံတင်စလုပ်ပေးနေတယ်။ အခုလည်း ဆက်လုပ်ပေး နေတုန်းပဲ။
ဘာ အကြောင်းကြောင့်
လုပ်ပေးတယ်ဆိုတာ သူတို့ဘာမှ မပြောဘူး၊ မှတ်ပုံတင်
မလုပ်ရသေးတဲ့ရွာတွေကို သူတို့လိုက်လုပ်ပေးနေတယ်။
”
မည်သည့်အကြောင်းကြောင့်
ပြုလုပ်ပေးသည်ကို မသိသော်လည်း ကျေးရွာအထိ အရောက်လာပြီး
အခမဲ့ပြုလုပ် ပေးသဖြင့် ကျေးရွာသားများက
လုပ်ခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
“ရွာသားတွေက
ဘာမှ မသိဘူး။
အလကားလုပ်ပေးမယ်ဆိုလို့ သူတို့
သွားလုပ်ကြတာ။ တချို့ရွာတွေ
ဆိုရင် မှတ်ပုံတင် တစ်ယောက်မှ မရှိတာလည်း ရှိတယ်။
တချို့ရွာဆိုရင် ရွာသူကြီး
တစ်ယောက်ထဲ မှတ်ပုံတင် ရှိတာလည်းရှိတယ်။ အခု အလကားရတာဆိုတော့ ၀ိုင်းလုပ်ကြတယ်။
ဆီဆိုင်မြို့နယ်၊
မောက်မယ်မြို့နယ် ဘက်က
အများဆုံးပဲ။”
ယင်းဒေသများတွင် ရှမ်း၊
ပအိုဝ်း၊ လီရှောနှင့် ကရင်နီလူမျိုးများနေထိုင်ကြပြီး
ခေတ်ပညာ တတ်သူများ နည်း ပါးသည့် ဒေသဖြစ်သည်။
ယင်းဒေသမှာ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့
လှုပ်ရှားသည့်
နယ်မြေဖြစ်ပြီး
အခြားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် မြန်မာစစ်တပ်
နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့များ
အစဉ်လှုပ်ရှား
နေသည့် ကျေးရွာများဖြစ်သည်။
ဆန္ဒခံယူပွဲတွင်
မဲထည့်ရန်အတွက် အဆိုပါကျေးရွာများကို
တစုံတရာအကြောင်းကြားခြင်းလည်းမရှိဟုသိရသည်။
|