|
ကေအဲန်ယူအပေါ် ထိုးစစ် ရပ်တန့်ခြင်းမရှိသေး
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂၅ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာစစ်တပ်နှင့် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(ဒီကေဘီကေ)
ပူးပေါင်းပြီး
ကော့ကရိတ်မြို့နယ်
အတွင်းရှိ
ကရင်အ
မျိုးသား
အစည်းအရုံး (ကေအဲန်ယူ)၏
တပ်မဟာ
၆လက်အောက်မှ တပ်ရင်း ၁၀၃ကို ထိုးစစ်ဆင် တိုက်ခိုက်ရာ ယမန်နေ့က
တိုက်ပွဲ နှစ်ကြိမ်
ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို
ကေအဲန်ယူ တပ်ရင်း ၁၀၃၏
တပ်ရင်းမှူး
ဒု-ဗိုလ်မှူးကြီး
နေဆေးက ယခုလိုပြော
သည်။
“မနေ့က
တိုက်ပွဲကတော့ တိုက်ပွဲက နှစ်ပွဲဖြစ်တယ်လေ။
ကျနော်တို့
နယ်စပ်မှာ တပွဲရယ်၊
မောသူ
ဆိုတဲ့ နေရာရဲ့အောက်မှာ
တပွဲဖြစ်တယ်။
ကျနော်တို့ဆီကတော့
ဒဏ်ရာရတာ
မရှိဘူး။
ရန်သူဖက်
က
တော့ သေတာနဲ့
ဒဏ်ရာရတာ
၁၄ ယောက်လို့
ပြောတယ်။”
ယင်းထိုးစစ်ဆင်မှုကို
မြန်မာစစ်တပ်မှ ခမရ ၂၀၃ နှင့် ဒီကေဘီအေမှ ဗိုလ်ရန်ကုန်ထူး ဦးဆောင်သည့်
တပ်ရင်း ၉၀၇ တို့
ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
၎င်းတို့ဖက်မှ
၇ ဦး ကျဆုံးပြီး
၇ ဦး ဒဏ်ရာရရှိခဲ့ပြီး
ကေအဲန်ယူဖက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း
ဒု-ဗိုလ်မှူးကြီးနေဆေးက
ပြောသည်။
ယမန်နေ့က
ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ကေအဲန်ယူဖက်မှ
M-16
တလက်၊
M-79
လက်နက်တလက်၊
ပစ္စတို
တ
လက်၊
ကာဘိုင် တလက် စုစုပေါင်း လက်နက် လေးလက် သိမ်းဆည်းရမိခဲ့သည်ဟု ၄င်းက ဆက်လက် ပြော
သည်။
ယနေ့
နံနက်တွင် မြန်မာစစ်တပ်နှင့် ဒီအေဘီအေတို့သည်
ကေအဲန်ယူ၏
တပ်ရင်း ၁၀၃
ကို ထပ်မံထိုးစစ်ဆင်
ရန် ချီတက်လာစဉ် တပ်ရင်း ၁၀၃
အနီး၌
မြေမြုပ်မိုင်းနင်းမိသဖြင့် မြန်မာစစ်တပ်ဖက်မှ သုံးယောက် ဒဏ်ရာရှိ
ခဲ့သည်ဟု
တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး
ဗိုလ်နေဆေးက ပြောသည်။
“တိုက်ပွဲတော့
မဖြစ်သေးဘူး၊ သူတို့ထပ်ထိုးဖို့က
သူတို့ဒီကိုလာတာ
ဒီစခန်း(၁) နယ်စပ်မှာ သူတို့
မိုင်းနှစ်ယောက်ထိတယ်။
မိုင်းနှစ်ယောက်ထိတော့ အဲမှာ နည်းနည်းတန့်သွားတယ်။
ဒီနေ့က
သုံး
ယောက်ပေါ့။
လေးသာသူးမှာ နှစ်ယောက်နဲ့
မနက်က ဆယ်နာရီမထိုးခင်က တစ်ယောက်။”
ယခုလ ၂၂
ရက်နေ့မှ
စတင်၍
ကေအဲန်ယူ၏
တပ်ရင်း ၁၀၃
တပ်စခန်းကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တို့
ပူးပေါင်းကာ ထိုးစစ်ဆင်ခဲ့သည်။
ဧပြီလအတွင်းက
ကေအဲန်ယူ တပ်မဟာ (၇) တပ်စခန်းများကို ဒီကေဘီအေက မြန်မာစစ်တပ် အကူအညီဖြင့်
ထိုးစစ်ဆင်ရာ တပတ်အတွင်း ကေအဲန်ယူ၏
ထလော့၊ သေ့ကာရ၊
မော်ဖားသူး၊
တပ်မဟာ(၇)စခန်း၊
တပ်ရင်း ၁၀၁
ဌာနချုပ်နှင့် တပ်ရင်း ၂၄ တပ်စခန်းစသည့် စခန်း (၆)ခုအား သိမ်းပိုက်ခဲ့သည်။
ကေအဲန်ယူ
တပ်မဟာ (၃) အခြေစိုက်ရာ ညောင်လေးပင်ခရိုင်အတွင်းတွင် မြန်မာစစ်တပ် ထိုးစစ်ဆင်မှုကြောင့်
ဒေသခံ ရွာသား တစ်ထောင်ကျော်သည် တောတောင်ထဲသို့
ထွက်ပြေးတိမ်းရှောင် နေကြရသည်။
|