|
မြန်မာနိုင်ငံရှိ
လူ့အခွင့်အရေးအခြေအနေများ ပိုမိုဆိုးဝါးလာနေ
သတင်းနှင့်မီဒီယာ
ကွန်ယက်။
ဇွန်လ ၂၅ရက်၊ ၂၀၀၇ခုနှစ်။
မြန်မာပြည့်
ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများသည် ယခုနှစ်များတွင်
ပိုမိုဆိုးဝါး လာ နေသည်ဟု ယနေ့ထုတ်ပြန်သော ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB)၏ လူ့အခွင့် အရေး မှတ်တမ်း ဌာနက
မြန်မာနိုင်ငံ လူ့အခွင့်အရေး နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်
လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်အပါအ၀င်
အခြေခံလူ့အခွင့်အရေးများ ဆုံး ရှုံးနေပြီး အတင်းအကျပ်လုပ်အားပေးစေခိုင်းမှု၊
အတင်းအကျပ်နေရာပြောင်းရွှေ့မှုများနှင့် အဓမ္မပြုကျင့်မှုများ ဆက်လက် ဖြစ်ပွားနေကာ
ယခင်နှစ်များထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာနေဟု ဆိုသည်။
မြန်မာနိုင်ငံတွင်
ပိုမိုဆိုးဝါးလာနေသော လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများနှင့် ပတ်သက်၍
NCGUB အရှေ့ဖက်ဒေသ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဒေါက်တာစန်းအောင်က
နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးမှု အခြေအ နေကို ယခုလိုထောက်ပြသည်။
“နိုင်ငံရေးအကျဉ်းသားဆိုရင် အရင်နှစ်က ၂၀၀၆တနှစ်လုံးမှာမှ ၇၃ယောက်ပဲရှိတယ်။ အခု
၂၀၀၇ ဆိုရင် မေလတလတည်းမှာ ဖမ်းခံရတာက ၉၉ယောက်ရှိတယ်။ အဲဒီထဲမှာ
၂၄ယောက်ပြန်လွှတ်တယ်။ ၇၂ ယောက်က အခုထက်ထိအဖမ်းခံနေရတုံးပဲ။ ဆိုတော့ တလစာလောက်က
တနှစ်စာလောက်နဲ့ သွားညီနေတာမျိုး။ ဒါက နိုင်ငံရေးအရ။”
ထို့ပြင်
ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်အရေအတွက်မှာ ယခင်က ၅သိန်းခန့်ရှိရာမှ ယခုအခါ
၁၀သိန်းခန့်အထိ တိုးမြင့်လာနေပြီး အိမ်နီးနားချင်း
နိုင်ငံများသို့ထွက်ပြေးလာသော ဒုက္ခသည်အရေအတွက်မှာ ၁၉၉၇ခုနှစ်က ၂ သိန်း
ကျော်ရှိရာမှ ယခုအခါ ၇သိန်းကျော်အထိ တိုးမြင့်လာနေသည်ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင်ရောက်ရှိ ခိုလှုံနေသော မြန်မာဒုက္ခသည်များ၏ အခြေအနေကို
ဒေါက်တာစန်းအောင်က ယခု လို ဆက်လက်ပြောပြသည်။
“စာရင်းအရပြောမယ်ဆိုရင် မလေးရှားနိုင်ငံမှာ ယူအဲန်အိတ်ခ်ျစီအာ
(ကုလသမဂ္ဂဒုက္ခသည်များ ဆိုင် ရာ မဟာမင်းကြီးရုံး)က ဒုက္ခသည် ၄သောင်း ၃ထောင်ရှိတယ်။
အဲဒီမှာ ဗမာတွေကချည်းပဲ ၂သောင်း နဲ့ ၇ထောင်ရှိတယ်။ ပြီးတော့
မလေးရှားဆိုတာမျိုးက ဗမာနဲ့ ဝေးတယ်။ အင်ဒိုနီးရှားနဲ့နီးတယ်။ ဒါ ပေမယ့်
အင်ဒိုနီးရှား အာချေးက ဒုက္ခသည် တသောင်းပဲ ရှိတယ်။ ”
ယခုထုတ်ပြန်လိုက်သော
အစီရင်ခံစာသည် တနှစ်အတွင်းထုတ်ပြန်ခဲ့သော သတင်းများနှင့် လူမှုကယ်ဆယ်ရေး
အဖွဲ့များက ထုတ်ပြန်ထားသော အစီရင်ခံစာများအပေါ် အခြေခံ၍
အချက်အလက်ကောက်ယူစုဆောင်း ထား ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ
လူ့အခွင့်အရေးနှစ်ပတ်လည်အစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ
နိုင်ငံခြား သတင်း ထောက်များ အသင်း၏ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍
စီဒီခွေများဖြင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး Burma Issue အဖွဲ့မှ
ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်း ဒုက္ခသည်များ၏ အခြေအနေကိုရိုက်ကူးထားသော ဗီဒီယို
မှတ်တမ်း ကိုလည်း ပြသခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ သတင်းထောက်များနှင့် နိုင်ငံခြားသံတမန်
၇၀ကျော်ခန့်တက်ရောက်ခဲ့သည်။
လွန်ခဲ့သော မေလက
ထုတ်ပြန်သော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (International Amnesty )၏
အစီရင်ခံစာက မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကမ္ဘာပေါ်တွင်
အဆိုးဝါးဆုံး အဆင့်တွင် ရှိ ကြောင်း ဖော်ပြထားသည်။
|