|
မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန်
အမျိုးသမီးအဖွဲ့ တောင်းဆို
ခွန်အောင်မြတ်။
ဇွန်လ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အသစ်ချမှတ်လိုက်သည့်
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဆုံး
ဖြတ်ချက်ကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
က
ကြိုဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်အရ မြန်မာစစ်အစိုးရ
ထိပ်တန်းခေါင်းဆောင်များကို
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ လွဲအပ်၍ တရားစွဲဆိုရန် တောင်းဆိုလိုက်သည်။
ဇွန်လ ၁၉ ရက်နေ့က အသစ်ချမှတ်လိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လိင်ပိုင်း
ဆိုင်ရာ အကြမ်းဖက်မှု
နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) တွင် မုဒိမ်းကျင့်မှု နှင့် တခြားသော
လိင်ပိုင်းဆိုင်ရာ အကြမ်း
ဖက်မှုများအား စစ်ရာဇ၀တ်မှုများ (တနည်းအား ဖြင့်) လူသားဖြစ်လိုမှုကို ဆန့်ကျင်သော
ရာဇ၀တ်မှုများအဖြစ် သတ်မှတ်ပြီး ဤရာဇ၀တ်မှု ကျူးလွန်သူများကို
အပြစ်မှကင်းလွတ်ခွင့် မပြုရန် အရေးကြီးကြောင်း ဖော်ပြ
ထားသည်။
မြန်မာစစ်တပ်သည်
တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် ၄င်းတို့၌
အာဏာရှိကြောင်းနှင့် ခုခံသူ မှန်သမျှအား ဒဏ်ခတ် ခြိမ်းခြောက်ရန်အတွက်
မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာ
ခဲ့ပြီဟု
အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။
တိုင်းပြည်ရှိ
အစိုးရကိုယ်တိုင်က
လူ့အခွင့်အရေးနှင့် မုဒိမ်းမှုအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူး
လွန်နေသည့်
အခြေအနေမျိုးတွင် ဤဆိုးရွားလှသော ရာဇ၀တ်မှု များကို ကိုင်တွယ်ဖြေရှင်းရန်မှာ
နိုင်ငံ
တကာဥပဒေများနှင့်
တရားရုံးများကို အားကိုးရတော့ မည်ဖြစ်သည်ဟု
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ သဘာပတိ အဖွဲ့ဝင်တဦး ဖြစ်သည့်
လွေးအေးနန်း က ပြောသည်။
"ကျမတို့နိုင်ငံရဲ့
အကြီးအကဲဖြစ်နေတဲ့သူဟာ စစ်ခေါင်းဆောင်ကြီးဖြစ်နေတဲ့အတွက် သူတို့ လူတွေ
လုပ်နေတဲ့ဟာတွေအပေါ်မှာ သူတို့က လုပ်ပိုင်ခွင့်တွေ ပေးထားသလိုဖြစ်တယ်။
အရေးယူမှုတွေ မလုပ်
နေဘူးပေါ့နော်။ ကျမတို့ဆီမှာက အခက်အခဲဖြစ်နေတာက ဖြစ်နေတဲ့ အမျိုးသမီးတွေကို
သွားပြီး
တော့ သူတို့ကိုကာကွယ်ပေးလို့ရမယ်၊ လုပ်လို့ရမယ်၊
ဘယ်တရားဥပဒေနဲ့စွဲလို့ရမယ်ဆိုတာက ကျမ
တို့ဆီမှာ တရားဥပဒေစိုးမိုးရေးလည်း မရှိဘူး။ ဒီအချိန် ဒီအခြေအနေဟာ
လုံခြုံရေးကောင်စီက
နေ
ပြီးမှ ဒီဆုံးဖြတ်ချက်အမှတ်ကို ချလိုက်တဲ့ ဟာပေါ့နော် ကျနော်တို့အတွက်
လမ်းကြောင်းတခုအပေါ်
မှာ ဒီပြစ်မှု ကျူးလွန်တဲ့လူတွေကို ဒါကို သွားပြီးတော့ တရားစွဲ အရေးယူနိုင်တဲ့
နေရာတခုလိုမျိုး အ
ခွင့်အလမ်းတခုပေါ်လာတဲ့ ဟာမျိုးဖြစ်တာပေါ့နော်။ ကျမတို့နိုင်ငံအနေနဲ့
တကယ်ပြစ်မှုကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့၊ မုဒိမ်းမှုကို ကျူးလွန်တဲ့လူတွေ
တကယ်တရားစွဲလို့ ရတဲ့နေရာမှာ ကျမတို့ ဖန်တီးပေးလာသလိုဖြစ်တာပေါ့။"
စစ်တပ်မှ
ကျုးလွန်နေသောရာဇ၀တ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်
အပေါင်း
အပါများအား
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ လွဲအပ်၍ တရားစွဲဆိုရန်၊
လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဆုံးဖြတ်ချက်ချစဉ်က ပြောခဲ့ကြ သော
ကတိစကားများအတိုင်း ရပ်တည်ရန် တောင်းဆိုချက်ထဲတွင် မေတ္တာရပ်ခံ ထားသည်။
"ကျမတို့ကို
ထောက်ခံအားပေးနေတဲ့ အဖွဲ့တွေရှိတယ်ပေါ့နော်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။
နိုင်ငံ
တကာ အစိုးရတွေ
ရှိတယ်ပေါ့နော်။ သူတို့တွေနဲ့ လက်တွဲပြီးတော့ ဆက်လုပ် သွားဖို့ ရှိတယ်။
နောက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေပြီးမှ ဒီဆုံးဖြတ်ချက် အသစ်ကို
လက်တွေ့အကောင်
အထည်ဖော်နိုင်အောင် ကျမတို့ကလည်း စည်းရုံးလှုံ့ဆော် ရေးတွေလည်း
လုပ်သွားမှာပေါ့။"
ဟု
လွေးအေးနန်းက ဆက်ပြောသည်။
စစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်တဦးအား အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ဆေး
အရေးယူခြင်းသည် အခြား စစ်တပ်အရာရှိများကို သတိပေးရာ ရောက်သကဲ့သို့ အာဏာရှင်
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ညွှန်ကြားမှု
များကို လက်ခံနေခြင်းသည် ၎င်းတို့ အတွက် အကျိုးမရှိနိုင်ကြောင်း
သဘောပေါက်စေလိမ့်မည်ဟု တောင်းဆို
ချက်တွင် ထောက်ပြထားသည်။
|