|
သန်းခေါင်ယံ စီးနင်းမှုများ
ဆက်လက်ဖြစ်ပွား
သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ
၂၅ ရက်၊
၂၀၀၇ ခုနှစ်။
ဓါတ်ဆီဈေးမြင့်မားမှုအား
ဆန့်ကျင်ဆန္ဒပြသူများကို
မြန်မာအစိုးရက ဆက်လက်ချေမှုန်းလျက်ရှိရာ
ယမန်နေ့ ညက
အနည်းဆုံး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ
ကျောင်းသား နှစ်ဦး၏
နေအိမ်များသို့
ဝင်ရောက်စီးနင်း
ရှာဖွေခဲ့သည်။
ညသန်းခေါင်ကျော်တွင် ဒေါ်အောင်ဆန်းစုကြည်၏
ကိုယ်ရံတော်အဖွဲ့ဖြစ်ခဲ့သည့်
သုံးရောင်ခြယ် အဖွဲ့ဝင်ဖြစ်ခဲ့သူ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ
မစန္ဒာမင်း၏
ဗဟန်းနေအိမ်သို့
အာဏာပိုင်များက
ဝင်ရောက်ရှာဖွေခဲ့
သည်။
အာဏာပိုင်များ
ဝင်ရောက်ရှာဖွေသည့် အချိန်တွင် မစန္ဒာမင်းမှာ
နေအိမ်တွင်ရှိနေခဲ့ပြီး
နောက်ပိုင်းတွင် မစန္ဒာမင်း
နှင့်
ဆက်သွယ်၍
မရတော့ကြောင်း
မစန္ဒာမင်း၏
မိတ်ဆွေတဦးမှ
ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် နီးစပ်သူများကတော့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟု
ခန့်မှန်းကြသည်။
မစန္ဒာမင်းအား
ဖမ်းဆီးခေါ်ဆောင်သွားခြင်း
ရှိ၊
မရှိကို အတည်ပြု၍
မရသေးပါ။
ယမန်နေ့ည
သန်းခေါင်ယံ စီးနင်းမှုများကို
တွေ့ကြုံရသည့်
နောက်တအိမ်မှာ ကျောင်းသား တဦးဖြစ်သူ တင်ထူး
အောင်၏
အိမ်ဖြစ်သည်။
တင်ထူးအောင်မှာ ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုများတွင်
ပါဝင်ခဲ့သူ တဦးဖြစ်သည်။
သို့သော်လည်း
တင်ထူးအောင်မှာ တိမ်းရှောင်နေပြီးဖြစ်သဖြင့်
အာဏာပိုင်များက
တွေ့ရှိဖမ်းဆီးနိုင်ခြင်း
မရှိခဲ့ ကြောင်း
၈၈ မျိုးဆက်ကျောင်းသား တဦးက ပြောသည်။
|