|
မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ကချင်ထိန်းချုပ် နယ်စပ်သို့
လာရောက်
ဝေငှသော ဆေးဝါးများတွင် ရက်လွန်ဆေးဝါးများ ပါဝင်နေ
သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ
၂၅
ရက်၊ ၂၀၀၈ ခုနှစ်။
မြောက်ပိုင်းတိုင်း တိုင်းမှူး အသစ် ဗိုလ်မှူးချုပ် စိုးဝင်းသည်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့
(ကေအိုင်အေ) ထိန်း ချုပ်ရာ
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို
လာရောက်လည်ပတ်ပြီး ဒေသခံများကို အခမဲ့ ဝေငှသော ဆေးဝါး
များတွင် မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့်
ရက်လွန်ဆေးဝါးများပါဝင်နေသည်ဟု ဒေသခံများက ပြော သည်။
တိုင်းမှူး
ဗိုလ်မှူးချုပ် စိုးဝင်းက ယခု
သြဂုတ်လ ၂၃ ရက်နေ့တွင်
ကေအိုင်ကေ အဖွဲ့နှင့် တွေ့ဆုံရန်
လာရောက် စဉ် ဒေသခံများကို ကူညီထောက်ပံ့သည့်အနေဖြင့်
ဆေးဝါးများ ပေးဝေခဲ့ခြင်းဖြစ်သည်ဟု လိုင်ဇာဒေသခံတဦးက ယခုလိုပြောသည်။
“
ညနေပိုင်း နှစ်နာရီလောက်မှာ
ဆေးတွေဖြန့်တယ်။
ဆေးတွေက expired
ဖြစ်တယ်။
မနှစ်တုန်းက ၂၀၀၇ ခုနှစ်။ ဇူလိုင်လမှာ
ကုန်တဲ့ဟာတွေပါတယ်။ အားဆေးတို့၊
အကိုက်ခဲ ပျောက်ဆေးတို့၊ ယား
နာလိမ်းဆေးတို့ ပါတယ်။
ဆေးပြားတွေလည်း အစိမ်းပေါ်မှာ အပျောက်ပျောက်တွေ တွေ့နေတယ်။
ဆိုတော့ Date Expired
ဖြစ်နေတယ်။
အဖုံးတွေကို ကြည့်လိုက်တော့ မြန်မာနိုင်ငံ
ဆေးဝါးထုတ်တဲ့ ဌာနက ထုတ်တဲ့ဆေးတွေဖြစ်နေတယ်။
”
ရက်လွန်ဆေးဝါးများ ဖြန့်ဖြူးခဲ့သည့်
အပေါ် ဒေသခံများ စိုးရိမ်နေသည်။
“
တိုင်းမှူးခရီးစဉ်မှာ
ပါတဲ့လူတွေဘဲ။
ဆေးနဲ့ ပတ်သက်တဲ့ဟာ ခြောက်ယောက် ပါတယ်တဲ့။
စစ်ဆရာ ၀န်ပေါ့။ သူတို့က
ဆယ့်ခြောက်ယောက်လောက်ပါတယ်တဲ့။ အမျိုးသမီးရေးရာလို့
ထင်ရတယ်။ ၀တ်စုံ အ၀ါရောင်တွေ
ဝတ်ပြီးလာတယ်လေ။ သူတို့က
ဒေသခံတွေ ခေါ်ပြီးတော့ ဆေးတွေပေးတယ်။
အပြင် ကိုရောက်မှ ကြည့်လိုက်တော့
Date Expired တွေ
ဖြစ်နေတယ်။
အရပ်သားတွေက ဘယ်သိမလဲ။ အရပ်သားတွေက စိုးရိမ်နေတယ်လေ။
ဘာအစီစဉ်နဲ့ လုပ်သလဲမသိ။ ဒါကြောင့်
ကြောက်နေတာ။”
မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ်ဖြစ်သည့် ဗိုလ်မှူးချုပ်စိုးဝင်းသည် ယခင်က
ဗထူး တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ဖြစ်ပြီး
၂၀၀၈ ခုနှစ်၊ ဇွန်လတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူးအဖြစ် ပြောင်းရွေ့လာခဲ့ပြီး
နောက်ပိုင်း လိုင်ဇာမြို့ကို
ပထမဆုံး အကြိမ်
ရောက်ရှိလာခြင်းဖြစ်သည်။
မပခတိုင်းမှူး လာရောက်သည့်ကိစ္စနှင့်ပတ်သက်၍
ကေအိုင်အိုအဖွဲ့ကို ဆက်သွယ်ခဲ့ သော်လည်း မရရှိပါ။
|