|
တာချီလိတ်တွင်
ကျပ်သန်း၂ သောင်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ
နွယ်လေး။
သြဂုတ်လ ၂၅ ရက် ၊၂၀၀၉ ခုနှစ်။
ရှမ်းပြည် အရှေ့ပိုင်း
တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး ကာလပေါက်ဈေး ကျပ်သန်း နှစ်သောင်းကျော်ကို
ယမန် နေ့တွင် ဖမ်းဆီးရမိသည်။
ယမန်နေ့ နေ့လည်
တစ်နာရီခန့်တွင် ဟောင်လိပ်အုပ်စု ၀မ်လိကျေးရွာရှိ အိမ်အမှတ်( ၂၁၂) အား
တာချီလိတ် မှုးယစ်အဖွဲ့နှင့်အတူ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့မှ
ဝင်ရောက်စစ်ဆေးခဲ့သည် ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မြွေအရေခွံအိတ် ထဲမှာ ဘိန်းဖြူ ဘလောဂ်တုံး ၁၀၄တုံး ၊ ဘိန်းဖြူမှုန့် ၁ကီလို ၊
yw စာတမ်းပါ ပန်း ရောင် စိတ်ကြွဆေးပြားနဲ့ လက်နက်နှစ်လက် ဖမ်းမိတယ်။
ခုစစ်ဆေးတုံးပဲပစ္စည်းတော့ကျိုင်းတုံပို့လိုက် ပြီ”
ဘိန်းဖြူ ဘလောဂ်တုံး
တစ်တုံးလျှင် အလေးချိန် ၃၅၀ ဂရမ်ရှိပြီး ၃၅.၇ ကီလိုဂရမ် ဖမ်းဆီးရမိသည်ဟု ၎င်းက
ဆက်ပြောသည်။
တာချီလိတ်
မှုးယစ်အဖွဲ့နှင့်အတူ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှဝင်ရောက်ရှာဖွေရာ တရားခံ
သုံးဦးနှင့်အတူ မူးယစ် ဆေးဝါး ကာလတန်းဖိုးကျပ်သန်းချီ ဖမ်းဆီးမိပြီးနောက်
ကွင်းဆက် ဖော်ထုတ်စစ်ဆေးရာ ညနေ ၄နာရီခန့်တွင် မူးယစ်ဆေးဝါး (၂၄) ဂရမ်
ကာလပေါက်ဈေး ကျပ်နှစ်သိန်းကျော်ကို အမှတ်(၁၃၆)မှ အိုက်ရွက် နေအိမ်ရှိ ခရီး
ဆောင်အိတ်တွင်ထပ်မံ ဖမ်းဆီးရမိသည်ဟု ၎င်းကပြောသည်။
“ဘယ်က
ယူလာတယ်။ ဘယ်ကို သယ်မယ်ဆိုတာ ခုစစ်ဆေးတုန်းပဲ။ ဘယ်ကယူလာမှန်းလဲ ဘယ်ကို ပို့မယ်
ဆိုတာလဲ မသိသေးဘူး”
တရားခံ ၄ ဦးမှာ
စန်းဝင်းလှိုင် (ခေါ် ) အားခင်း အသက် ( ၃၀ )နှစ် မိုးနှဲမြို့၊ အားယောင် (၂၉)
နှစ် တာမိုးညင်းမြို့၊ အားခေါင် (၁၈)နှစ်လားရှိုးမြို့ နှင့် အိုက်ရွက်
တို့ဖြစ်ပြီး ၎င်းတို့ အားလုံးသည်တရုတ်လူမျိုးများဖြစ်သည်။
တဖွဲ့တည်းဖြစ်သည့်
အိုက်ခွက်နှင့် မအားရှင် တို့နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
တာချီလိတ်မြို့တွင်
ပြီးခဲ့သည့် ဇူလိုင်လ၌ ကျပ်သန်းငါးထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူ
ဘလောဂ်တုံးနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိပြီး ယခု
သြဂုတ်လဆန်းပိုင်းတွင်လည်း စိတ်ကြွဆေးပြား နှစ်သန်းကျော်ကို ဖမ်းဆီးမိခဲ့ သည်။
|