ရှမ်းတောင်နှင့် ကယားပြည်နယ်အချို့တွင် ဘိန်းစိုက်ပျိုးမှု ရှိနေဆဲ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
သြဂုတ်လ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ အပစ်ရပ်ဒေသတွင် ဘိန်းပင်များ ယခင်နှစ်များထက် အ ခွန်ကောက်ယူမှုလျော့ပြီး စိုက်ပျိုးခွင့်ပေးနေသည်။

ရှမ်းပြည်နယ်ဆီဆိုင်၊ မောက်မယ် မြို့နယ် နှင့် ကယားပြည်နယ် လွိုင်ကော် ဖရူဆို၊ ဒီမောဆို မြို့နယ်တွင် ဒေသခံ များ ဘိန်းစိုက်ပျိုးမှုများ ရှိနေပြီး အာဏာပိုင်များက အရေးယူခြင်း မပြုလုပ်ဟု သိရသည်။

ယခင်နှစ်များတွင် ဘိန်းစိုက်ပျိုးလျှင် ဒေသခံများက အာဏာပိုင်များကို ငွေသိန်းဆယ်နှင့်ချီ၍ အခွန်ငွေ ပေး ဆောင်ရပြီး ယခုနှစ်တွင် ကျပ်သောင်းဂဏန်းခန့်သာ ပေးဆောင်ရသည်ဟု ဒေသခံတဦးက ပြောသည်။

“အခု မူးယစ်ဆေးဝါးနဲ့ဘိန်းစိုက်တာတွေကို ထိထိရောက်ရောက်အရေးမယူတာက ရွေးကောက်ပွဲရက် နီးလာတာကြောင့်ဖြစ်ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘိန်းပင်တွေကို ဖျက်ဆီး လိုက်ရင် ရွာသားတွေက သူတို့ကို မဲထည့်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် အပေးအယူလုပ် ချင်တာ ကြောင့်ပဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဟိုးပွန်ချောင်းအရှေ့ဖက်မှာ သွားစိုက်တာတောင် ခိုးပြီး စိုက်ရတယ်။”

ကယားပြည်နယ်တွင်လည်း ယခုနှစ် ဘိန်းစိုက်ရာတွင် တားဆီးပိတ်ပင်မှု နည်းသည်ဟု ဒေသခံတဦးက ပြော သည်။

“ဒီမှာတော့ စိုက်တယ်။ သူတို့(အာဏာပိုင်) ပြောတာက စိုက်ချင်ရင် တအိမ်ကိုငွေငါးသောင်း အဆင် သင့်ပြင်ထားပါတဲ့။ ကျန်တာတော့ဘာမှမပြောဘူး။ ကျနော်ထင်တာ သူဟိုကိစ္စမပြီးသေးတော့ ဖွင့်ပေး ထားတာ ဖြစ်မယ်။ ဖွင့်ပေးထားတော့လည်း လုပ်တာပေါ့ဗျာ။ အရင်တုန်းက ပိုက်ဆန်လည်း သိန်းချီ ကုန်တယ်။ အပင်လည်း အဖျက်ခံရသေးတယ်။” ဟု လွိုင်ကော်မြို့နယ် ဒေသခံတဦးက ပြောသည်။

အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ယခင်လက ဆီဆိုင်နှင့် မောက်မယ် ဒေသတွင် လှုပ်ရှား နေကြသော်လည်း ယခု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားမှုဖြင့် တောင်ကြီး မြို့နယ်တောင်ပိုင်းရှိ နောင် ကားရွာသို့ ပြန်သွားကြသည်ဟု ဒေသခံများက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ရှိစဉ်က ဘိန်းနှင့် မူးယစ်ဆေးဝါးများ စိုက်ပျိုးထုတ်လုပ်မှုကို ပိတ်ပင်ထားသည်ဟု သိရ သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။