|
သိန်းနှင့် ချီသော သံဃာနှင့် လူထု ရန်ကုန်တွင် ဆက်လက်ဆန္ဒပြ
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
ရန်ကုန်မြို့တွင်
သောင်းနှင့်ချီသော သံဃာတော်များနှင့်အတူ လူထုတသိန်းကျော် ပူးပေါင်းပါဝင်ကာ
သာသနာ့ အလံနှင့် ခွပ်ဒေါင်းအလံ ကိုင်ဆောင်ချီတက်ကာ အာဏာပိုင်များ၏
ခြိမ်းခြောက်တားမြစ်ထားမှုကို အံတုတုံ့ပြန် လိုက်သည်။
ယနေ့ နေ့ခင်းဆန္ဒပြပွဲ
အခြေအနေကို ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းဆုံဖက်မှ မျက်မြင်တစ်ဦးက
ယခုလိုပြောသည်။
“ဆန္ဒပြတာ
လူများတယ်ခင်ဗျာ။ ဆူးလေဘုရားလမ်းပေါ့။ သံဃာကတော့ အပါး သုံးသောင်းလောက် ရှိမယ်။
မြင်တဲ့လူတွေကတော့ ခွပ်ဒေါင်းအလံတွေ ကိုင်ထားတာတွေ့တယ်။”
သံဃာတော်များနှင့်အတူ
လူထု တသိန်းကျော် လိုက်ပါကြသည်ဟု မျက်မြင်သက်သေ နောက်တဦးက ပြော သည်။
“လူရော
ဘုန်းကြီးများတယ်ဗျ၊ သာသနာအလံတွေလည်း ကိုင်ကြတယ်။ အားလုံးတသိန်း ကျော် တယ်။
ကျနော်တို့ကလည်း အဝေးကပဲ လှမ်းကြည့်ကြတယ်။ သာသနာ့အလံတွေတော့ တွေ့ရတာပဲ။
လှမ်းတော့ကြည့်လိုက်တယ် ခွပ်ဒေါင်းအလံတော့တွေ့လိုက်တာပဲ။ ကျနော်တို့ ကလည်း
အဝေးကြီး ဆိုတော့ လူအုပ်တွေက ပိတ်နေတာ။ ဆူးလေနားက နေပြီးတော့ ထွက်သွားတယ်။
ဘယ်ဘက်ဆင်း သွားလည်းတော့ ကျနော်လည်း မသိဘူး။ ဆူးလေ ရောက်တော့ အောက်ဘက်တော့
ဆင်းသွားတယ် ခင်ဗျား။”
ယနေ့မနက်ပိုင်းတွင်
ရန်ကုန်အာဏာပိုင်များက ရဟန်းသံဃာတော်နှင့် ပြည်သူလူထုက ဆန္ဒမပြကြရန်နှင့် ယင်း
ကို မလိုက်နာပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု မြို့တွင်း၌ လှည့်လည်၍
လော်စပီကာဖြင့် လိုက်လံ သတိပေးခဲ့သလို ရေဒီယိုနှင့် သတင်းစာများမှလည်း
ကြေညာအသိပေး ခဲ့သည်။
ထို့အတူ
မန္တလေးမြို့တွင်လည်း ယမန်နေ့ညတွင် ဆူပူမှုဖြစ်ပွားနိုင်ပြီး လူထု စားဝတ်နေရေး
အကြပ်အတည်း ဖြစ်ပေါ်လာနိုင်သဖြင့် ဆန္ဒမပြကြရန် သံဃာတော်များအား
သတိပေးထားသည့်စာရွက်များကို ဒေသခံ အာဏာ ပိုင်များက ဖြန့်ဝေခဲ့သည်။
သာသနာရေးဝန်ကြီးသူရမြင့်မောင်က လက်ရှိနိုင်ငံရေးအခြေအနေသည် ၁၉၈၈ခုနှစ်
လူထုအုံကြွမှုကဲ့သို့ ဖြစ်လာ နေ၍ သံဃာတော်များဆန္ဒပြမှုကို တားဆီးရန် သံဃမဟာနာယက
ဆရာတော်ကြီးများအား ယမန်နေ့က လျှောက်ထားခဲ့သည်။
ယနေ့သည် သံဃာတော်များ
ဦးဆောင်ဆန္ဒပြမှုမှာ ၈ ရက်မြောက်နေ့ဖြစ်ပြီး လူထု၏ ပူးပေါင်းပါဝင်မှုမှာ
ပိုမိုများ ပြားလာသည်။
သြဂုတ်လ လယ်ပိုင်းက
လောင်စာဆီဈေးနှုန်းများ မြင့်တက်လာပြီးနောက်တွင် မြန်မာပြည်အနှံတွင် အနည်းဆုံး
မြို့ကြီး ၅၀ကျော် ဆန္ဒပြခဲ့သည်။
|