|
ကော့သောင်းတွင် ဒုတိယနေ့ဆက်လက်ဆန္ဒပြ
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၅ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံတောင်ဖက်စွန်းရှိ ကော့သောင်းမြို့တွင်
သံဃာနှင့်ပြည်သူများပူးပေါင်း၍
ဒုတိယနေ့အဖြစ်ဆက်လက်
ဆန္ဒပြလမ်းလျှောက်ခဲ့ကြသည်။
ယနေ့
နေ့လည်
၁ နာရီခန့်က
ကော့သောင်းမြို့
ပြည်တော်အေးဘုရားတွင် ရဟန်းသံဃာ အပါး ၄၀ ကျော်က ပရိတ်ရွတ်ဆုတောင်းမှုများ
ပြုလုပ်ပြီး
မြို့တွင်းသို့
စတင်လမ်းလျှောက်ခဲ့ခြင်းဖြစ်ကြောင်း
ကော့သောင်းမြို့ခံ
တစ်ဦးမှ ပြောသည်။
ဘုရားပေါ်ကနေဆင်းရော ဆင်းပြီးလို့ရှိရင်
ရွှေမင်းဝံရပ်ကွက်ကိုသွားတယ်။
သွားပြီးတော့
အဲ့ဒီဖက်က
နေလှည့်ပြီး
တော့ တစ်မိုင်ဖက်ကိုသွားတယ်၊ တစ်မိုင်က အောင်သုခ၀င်း အောင်သုခရပ်ကွက်
ဖက်ကိုသွားတယ်၊
အောင်သုခ ဖက်ကနေပြန်ပြီးတော့
လမ်းမကြီးအတိုင်း
ပြန်လာတယ်အဲ့လို။ အခု
တစ်ခါ ရွှေဟင်္သာ
ဖက်ကို လာတယ်။ ဆိုင်းဘုတ်တော့မကိုင်ထားဘူး။ ဘုန်ကြီးက
ဘုရားပုံတော်တော့ ကိုင်ထားတယ်၊ ဘုန်းကြီးတွေက
ပရိတ်ရွတ်ပြီးသွားတယ်။
မေတ္တာသုတ်ရွတ်ပြီးတော့
သွားတယ်၊ ပြီး
တော့
သာသနာ့အလံကိုင်ထားတယ် ဒါပဲ။
လမ်းလျှောက်ဆန္ဒပြမှုတွင်
ပြည်သူ ၁၅၀ ခန့်က
သံဃာများနှင့်အတူ လမ်းလျှောက်ခဲ့သူများရှိသလို
ဆိုင်ကယ် များနှင့်လည်း လိုက်ခဲ့ကြပြီး
လမ်ဘေးတစ်လျှောက်ရှိ
ပြည်သူများက ရေသန့်ဘူးများ
ကပ်လှူခဲ့ကြသည်။
ကော့သောင်းမြို့ရှိ
စစ်အစိုးရ အာဏာပိုင်များက
တစုံတရာ တားဆီးနှောက်ယှက်ခြင်း မရှိဘဲ လမ်းလျှောက်ခြင်း
ကို ၃ နာရီခွဲတွင်
ရပ်နားခဲ့သည်ဟုလည်း သိရသည်။
ငြိမ်းချမ်းစွာ
မေတ္တာသုတ်ရွတ်ဆိုပြီး
ကြွချီဆန္ဒပြခဲ့သည့်
ပခုက္ကူ
သံဃာတော်များအပေါ် အာဏာပိုင်များက
အကြမ်းဖက်
ဖမ်းဆီးရိုက်နှက်ခဲ့သည်ကို ၀န်ချတောင်းပန်ရန် သံဃာတော်များ၏
တောင်းဆိုချက်ကို
အစိုးရက မလိုက်နာသဖြင့် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန
ကံဆောင် သပိတ်မှောက်ခဲ့သည်မှာ ရှစ်ရက်မြောက် ခဲ့ပြီဖြစ်
သည်။
မြန်မာအစိုးရက သံဃာတော်များနှင့်ပြည်သူများကို ဆန္ဒပြပွဲများဆက်လက်မပြုလုပ်ရန်
နှင့် မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ရေဒီယို၊
ရုပ်မြင်သံကြားနှင့်
သတင်းစာများမှ ကြေညာခဲ့သော်လည်း
မြန်မာ
ပြည်အနှံတွင် ဆန္ဒပြမှုများ
ဆက်လက် ဖြစ်ပွားနေသည်။
|