|
မိုးညှင်းသံဃာတော်များ
ပထမဆုံးအကြိမ်
ဆန္ဒပြ
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၅ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာအစိုးရက ဆန္ဒပြသူများအား
သတိပေးချက် ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တတိယ
မြောက်အဖြစ် မိုးညှင်းမြို့တွင်
သံဃာတော်များက ပထမဆုံးအကြိမ်
မေတ္တာသုတ်ရွတ်ကာ
မြို့တွင်း
စီတန်းလှည့် လည်
ဆန္ဒပြခဲ့ပြီး
ဒေသခံလူထုကလည်း နောက်မှ ပါဝင် ပူးပေါင်းခဲ့သည်။
မျက်မြင်သက်သေ မိုးညှင်းမြို့သားတဦးက
အခုလို ပြောသည်။
“ဟုတ်ပါတယ်၊
တနာရီလောက် ဖြစ်တာပါ။
သံဃာအင်အား ခြောက်ဆယ်ကျော်၊
ခုနှစ်ဆယ်လောက် ရှိမယ်ထင်ပါတယ်။
မိုးညှင်းမြို့အနောက်ဘက်မှာရှိတဲ့
ပညာရောင်ခြည်စာသင်တိုင်က စလုပ်တာပါ။
သံဃာ့ အလံတော်လည်းပါတယ်။
မေတ္တာပို့တဲ့ဥစ္စာရွတ်ဆိုပြီးတော့
သွားကြတာပါ။
အခုပညာရောင်
ခြည်စာသင်တိုက်ဆိုတာက မိုးညှင်းမြို့ရဲ့
(နန့်ရင်းချောင်း)
ချောင်းအနောက်ဘက်ခြမ်းမှာရှိတဲ့
ပညာ
ရောင်ခြည် စာသင်တိုက်က
သံဃာတွေဟာ နေ့တနာရီမှာ
မေတ္တာပို့တဲ့ဟာတွေရွတ်ဆိုပြီး
မီးရထား
ဘူတာရုံဘက်က ဖြတ်လာ
၊
နားခါတောင်ရပ်ကွက်ကို ဖြတ်၊
အမှတ်(၁)ဈေး တောင်ဘက်ခြမ်းကနေ ချီတက်လာပါတယ်။
”
ဟု မိုးညှင်းမြို့သားက
ပြောသည်။
လမ်းတလျောက်တွင် ဒေသခံလူထုက လက်အုပ်ချီ ရှိခိုးခြင်း၊
လက်ခုတ်တီး အားပေးခြင်း၊
ဖျော်ရည်၊
ရေသန့်ဗူး
ကပ်လှူခြင်းများ လုပ်ကာ အားပေးခဲ့သည်ဟု ၄င်းကပြောသည်။
“လိုက်ပါကြတဲ့ပရိတ်သတ်က
ရာထောင်ချီပြီး
လိုက်ပါတဲ့အကြောင်း
သိရတယ်။
ကျနော်တို့
ဒီဘက်က လိုက်သွား တဲ့ သူတွေတောင် အခုထိ ပြန်မရောက်သေးဘူး။
ပထမဆုံးအကြိမ်ပါဘဲ။
ကျနော်တို့
တော့ဖြင့်
ကချင်ပြည်နယ်မှာ ဗုဒ္ဓဘာသာအထွန်းကားဆုံး
မိုးညှင်းမြို့မှာ
ဖြစ်မှ ဖြစ်ပါ့မလားလို့
စိတ်
ထဲမှာ အောင်းမေ့မိတယ်။
သို့သော်လည်း
အခုလို ဖြစ်လာတဲ့ခါကျတော့ ကျနော်တို့
မြို့သူမြို့သား၊
ရပ်ကွက်သူရပ်ကွက်သားတွေ ကြည်နူးမဆုံးပေါ့ဗျာ၊
လှိုက်လှိုက်လှဲလှဲ
ကြည်နူးမဆုံး
ဖြစ်ရပါတယ်။
”
ဟု မိုးညှင်းသားက
ပြောသည်။
ကချင်ပြည်နယ်အတွင်း အခုလ(၂၃)ရက်နေ့က
ဗန်းမော်နှင့် မြစ်ကြီးနားမြို့တွင်
သံဃာတော်များ စီတန်းလမ်း
လျောက်မှုများ
လုပ်ခဲ့ပြီးနောက်ပိုင်း
တတိယမြောက်မြို့အဖြစ်
သံဃာတော်စီတန်းလမ်းလျောက်မှု
ပေါ်ပေါက်
လာခြင်း ဖြစ်သည်။
|